မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးအျဖစ္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို ေရြးခ်ယ္

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးအျဖစ္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို ေရြးခ်ယ္
ဇူလိုင် 5, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးအျဖစ္ ကံမၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္အား ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ(၄)ရက္ေန႔က ျပဳလုပ္သည့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္(၁၃)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး စတုတၳေန႔က ေရြးခ်ယ္လုိက္သည္။

အသစ္ဖြဲ႕စည္းလုိက္သည့္ ဝန္ႀကီးဌာနသစ္အတြက္ ဝန္ႀကီးကို ျပင္ပမွေရြးခ်ယ္ခန္႔အပ္ျခင္းမျပဳေတာ့ဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ထဲမွ ေရြးခ်ယ္ျခင္းျဖစ္ေၾကာင္းသိရသည္။

“ျပည္သူေတြရဲ႕အခက္အခဲကို ကၽြန္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ သိတယ္။ သူတို႔ရဲ႕အခက္အခဲ ေတြကို အတတ္ႏိုင္ဆံုးေဆာင္ရြက္ေပးမယ္။ ဥပမာအားျဖင့္  မွတ္ပံုတင္ကိစၥေတြ၊ အိမ္ေထာင္စုဇယားကိစၥ ေတြေပါ့။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ လ်င္လ်င္ျမန္ျမန္ျဖစ္ဖို႔  အဓိကဦးစားေပးေဆာင္ရြက္သြားမွာပါ။ လူ႔စြမ္းအားအရင္းအျမစ္အေနနဲ႔ကေတာ့ က်ယ္လည္း က်ယ္ျပန္႔ပါတယ္။ ခုခ်ိန္မွာ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြရိွတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္းေတြ၊ သူတို႔ရဲ႕ ဘဝလံုလံုၿခံဳၿခံဳေနႏိုင္ဖို႔အတြက္ေတြကို ေဆာင္ရြက္သြားဖို႔ရိွပါတယ္” ဟု ဝန္ႀကီးအျဖစ္ေရြးခ်ယ္ခံရသူ ဦးျမင့္ေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လံုျခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရး၊ ပို႔ေဆာင္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ သယံဇာတ၊သဘာဝပတ္ဝန္း က်င္၊လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ စီမံကိန္း၊ဘ႑ာေရးႏွင့္စည္ပင္သာယာေရးဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ လူမႈေရးဝန္ႀကီးဌာနတို႔ျဖင့္ ဖဲြ႔စည္းထားရာမွ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ ႀကီးဌာနကို အလုပ္သမားေရးရာဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္ဖဲြ႔စည္း၍ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာနကို (၈)ခုေျမာက္ဝန္ႀကီးဌာနအျဖစ္  တိုးခဲ်႕ဖဲြ႔စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး ၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ကံမမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့က ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့က ရွေးချယ်လိုက်သည်။

အသစ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနသစ်အတွက် ဝန်ကြီးကို ပြင်ပမှရွေးချယ်ခန့်အပ်ခြင်းမပြုတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်ထဲမှ ရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။

“ပြည်သူတွေရဲ့အခက်အခဲကို ကျွန်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သိတယ်။ သူတို့ရဲ့အခက်အခဲ တွေကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်။ ဥပမာအားဖြင့် မှတ်ပုံတင်ကိစ္စတွေ၊ အိမ်ထောင်စုဇယားကိစ္စ တွေပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ လျင်လျင်မြန်မြန်ဖြစ်ဖို့ အဓိကဦးစားပေးဆောင်ရွက်သွားမှာပါ။ လူ့စွမ်းအားအရင်းအမြစ်အနေနဲ့ကတော့ ကျယ်လည်း ကျယ်ပြန့်ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ သူတို့ရဲ့ ဘဝလုံလုံခြုံခြုံနေနိုင်ဖို့အတွက်တွေကို ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဝန်ကြီးအဖြစ်ရွေးချယ်ခံရသူ ဦးမြင့်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ၊သဘာဝပတ်ဝန်း ကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းထားရာမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနကို အလုပ်သမားရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနကို (၈)ခုမြောက်ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net