ထုိင္းနိုင္ငံရိွ နာမည္ႀကီးေက်ာင္းတစ္ခုမွ ေက်ာင္းသားမ်ားအား လိင္ပိုင္းဆုိင္ရာေႏွာင့္ယွက္သည့္ ေက်ာင္းဆရာကို ေျပာင္းေရႊ႕ေပးရန္ မိဘမ်ားေတာင္းဆို

ထုိင္းနိုင္ငံရိွ နာမည္ႀကီးေက်ာင္းတစ္ခုမွ ေက်ာင္းသားမ်ားအား လိင္ပိုင္းဆုိင္ရာေႏွာင့္ယွက္သည့္ ေက်ာင္းဆရာကို ေျပာင္းေရႊ႕ေပးရန္ မိဘမ်ားေတာင္းဆို
ဇူလိုင် 1, 2019
By 🌸
ထုိင္းနိုင္ငံ အေရွ႕ေျမာက္ပိိုင္းေဒသျဖစ္သည့္ လိြဳင္မွ နာမည္ႀကီးေက်ာင္းတစ္ခုတြင္  ေက်ာင္းဆရာတစ္ဦးက ေက်ာင္းသားမ်ားကို လိင္ပိုင္းဆိုင္ရာေနာင့္ယွက္သျဖင့္ ေက်ာင္းသားမိဘမ်ားက တာဝန္ရိွသူမ်ားထံ တုိင္ၾကားထားေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းဆရာက ေက်ာင္းသားမ်ားအား ႀကိမ္ဖန္မ်ားစြာ လိင္ပိုင္းဆုိင္ရာေႏွာင့္ယွက္ေစာ္ကားမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ေက်ာင္းသားမိဘမ်ားက စြပ္စြဲထားျခင္းကို အဆုိပါေက်ာင္းဆရာက တုန္႔ျပန္ျခင္းမရိွေသးဘဲ အတည္ျပဳႏုိင္ျခင္းမရိွေသးသျဖင့္ ေက်ာင္းဆရာ၏အမည္ကို တာဝန္ရိွသူမ်ားက ထုတ္ေဖၚေျပာၾကားျခင္းမျပဳေသးေၾကာင္း သိရသည္။

အဆိုပါေက်ာင္းဆရာက ၎အားလိင္ပိုင္းဆိုင္ရာျမဴဆြယ္မႈလုပ္ေဆာင္ခဲ့သည့္အျပင္ အျခားေက်ာင္းသားမ်ားကိုလည္း ယင္းကဲ့သို႔လုပ္ေဆာင္သည္ဟု သိရိွရေၾကာင္း (၁၅)ႏွစ္အရြယ္ေက်ာင္းသားတစ္ဦးက ေျပာၾကားထားသည္။

ေက်ာင္းသားမိဘမ်ားက လိြဳင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ပညာေရးဌာန တာဝန္ရိွသူမ်ားအေနျဖင့္ အဆိုပါ ေက်ာင္းဆရာအား ေက်ာင္းေျပာင္းေရႊ႕ေပးရန္၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔က ေတာင္းဆိုထားၾကၿပီး အဆုိပါ ေက်ာင္းဆရာအား ေျပာင္းေရႊ႕ေပးျခင္းမရိွပါက ရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားသြားရန္ ျပင္ဆင္ေနၾကေၾကာင္း သိရသည္။

Tachileik News Agency

Ref: The Nation



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံရှိ နာမည်ကြီးကျောင်းတစ်ခုမှ ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်သည့် ကျောင်းဆရာအား ပြောင်းရွှေ့ပေးရန် မိဘများတောင်းဆို
******************
ထိုင်းနိုင်ငံ အရှေ့မြောက်ပိိုင်းဒေသဖြစ်သည့် လွိုင်မှ နာမည်ကြီးကျောင်းတစ်ခုတွင်  ကျောင်းဆရာတစ်ဦးက ကျောင်းသားများကို လိင်ပိုင်းဆိုင်ရာနောင့်ယှက်သဖြင့် ကျောင်းသားမိဘများက တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါ ကျောင်းဆရာက ကျောင်းသားများအား ကြိမ်ဖန်များစွာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းသားမိဘများက စွပ်စွဲထားခြင်းကို အဆိုပါကျောင်းဆရာက တုန့်ပြန်ခြင်းမရှိသေးဘဲ အတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် ကျောင်းဆရာ၏အမည်ကို တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားခြင်းမပြုသေးကြောင်း သိရသည်။

အဆိုပါကျောင်းဆရာက ၎င်းအားလိင်ပိုင်းဆိုင်ရာမြူဆွယ်မှုလုပ်ဆောင်ခဲ့သည့်အပြင် အခြားကျောင်းသားများကိုလည်း ယင်းကဲ့သို့လုပ်ဆောင်သည်ဟု သိရှိရကြောင်း (၁၅)နှစ်အရွယ်ကျောင်းသားတစ်ဦးက ပြောကြားထားသည်။

ကျောင်းသားမိဘများက လွိုင်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် အဆိုပါ ကျောင်းဆရာအား ကျောင်းပြောင်းရွှေ့ပေးရန်၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က တောင်းဆိုထားကြပြီး အဆိုပါ ကျောင်းဆရာအား ပြောင်းရွှေ့ပေးခြင်းမရှိပါက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသွားရန် ပြင်ဆင်နေကြကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net