လားရႈိးၿမိဳ႕အ၀င္တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၁၆)ကီလိုေက်ာ္အား အမ်ဳိးသား(၃)ဦးႏွင့္အတူ ဖမ္းဆီးရမိ

လားရႈိးၿမိဳ႕အ၀င္တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၁၆)ကီလိုေက်ာ္အား အမ်ဳိးသား(၃)ဦးႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕အ၀င္ တိုးဂိတ္အနီးတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စုစုေပါင္း အေလးခ်ိန္ (၁၆)ကီလိုေက်ာ္ရွိ ဘိန္းျဖဴမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕အ၀င္ တိုးဂိတ္အနီးတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ေန႔ ည(၈)နာရီ၀န္းက်င္အခ်ိန္က လားရႈိးဘက္မွ မႏၱေလးဘက္သို႔ ေတဇာထြန္း ေမာင္းလာၿပီး ရဲထြဋ္ႏွင့္ ေထြးကိုကိုတို႔လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၄)လားရႈိး ႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ေမာ္ေတာ္ယာဥ္အတြင္း ရွာေဖြ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားၿပီး အေလးခ်ိန္ စုစုေပါင္း (၁၆.၉၄)ကီလိုရွိ ဘိန္းျဖဴမ်ားကို ေတြ႔ရွိ သိမ္းဆည္းရမိသည့္အျပင္ ျမန္မာက်ပ္ေငြ (၂၈၀,၀၀၀)၊ လက္ကိုင္ဖုန္း (၃)လံုးတို႔ကိုလည္း ေတြ႔ရွိသိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသည့္ အသက္(၃၉)ႏွစ္ရွိ ေတဇာထြန္း၊ အသက္(၂၈)ႏွစ္ရွိ ရဲထြဋ္ ႏွင့္ အသက္(၂၃)ႏွစ္ရွိ ေထြးကိုကို တို႔အား  ေနာင္မြန္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူေနၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္ရမိေရးအတြက္ ဇူလိုင္လ(၁၀)ရက္ေန႔အထိ စစ္္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အဝင် တိုးဂိတ်အနီးတွင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် စုစုပေါင်း အလေးချိန် (၁၆)ကီလိုကျော်ရှိ ဘိန်းဖြူများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုးမြို့အဝင် တိုးဂိတ်အနီးတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က လားရှိုးဘက်မှ မန္တလေးဘက်သို့ တေဇာထွန်း မောင်းလာပြီး ရဲထွဋ်နှင့် ထွေးကိုကိုတို့လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အတွင်း ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဆပ်ပြာခွက်များဖြင့် ထည့်ထားပြီး အလေးချိန် စုစုပေါင်း (၁၆.၉၄)ကီလိုရှိ ဘိန်းဖြူများကို တွေ့ရှိ သိမ်းဆည်းရမိသည့်အပြင် မြန်မာကျပ်ငွေ (၂၈၀,ဝဝဝ)၊ လက်ကိုင်ဖုန်း (၃)လုံးတို့ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် အသက်(၃၉)နှစ်ရှိ တေဇာထွန်း၊ အသက်(၂၈)နှစ်ရှိ ရဲထွဋ် နှင့် အသက်(၂၃)နှစ်ရှိ ထွေးကိုကို တို့အား နောင်မွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒဖြေင့် အမှုဖွင့်အရေးယူနပြေီး ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် ဇူလိုင်လ(၁၀)ရက်နေ့အထိ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net