လားရႈိးၿမိဳ႕ အမွတ္ ( ၅ ) ရပ္ကြက္ရွိ ေတာင္ကုန္းတစ္ခုေပၚတြင္ အမ်ဳိးသားအေလာင္းေတြ႔ရွိ

လားရႈိးၿမိဳ႕ အမွတ္ ( ၅ ) ရပ္ကြက္ရွိ ေတာင္ကုန္းတစ္ခုေပၚတြင္ အမ်ဳိးသားအေလာင္းေတြ႔ရွိ
ဇူလိုင် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ ( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕ အမွတ္ ( ၅ ) ရပ္ကြက္ရွိ ေတာင္ကုန္းတစ္ခုေပၚတြင္ ေသဆံုးေနသည့္ အမည္မသိ အမ်ဳိးသားအေလာင္းတစ္ေလာင္းအား ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔ နံနက္ပိုင္းက  ေတြ႔ရွိရ၍  လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္း က ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အေလာင္းေတြ႔ရွိရာေနရာသို႔ လားရိႈးၿမိဳ႕မရဲတပ္ဖြဲ႔က လာေရာက္စစ္ေဆးေပးခဲ့ၿပီး အဆိုပါေနရာအနီးတြင္ ယခုလို ျဖစ္စဥ္ကဲ့သို႔ အမည္မသိ အေလာင္းမ်ားကို ေတြ႔ရွိရမႈမွာ (၈)ႀကိမ္၀န္းက်င္ရွိၿပီျဖစ္ေၾကာင္း  လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္းထံက သိရသည္။

"ျပည္သူတစ္ဦးက အေၾကာင္းၾကားလာလု႔ိ အေလာင္းသြားၾကည့္တဲ့အခါမွာ ေသဆံုးၿပီး ပုတ္ပြေနတာကို ေတြ႔ရ တယ္၊ အဲ့ဒီ ရပ္ကြက္ ( ၅ ) ထဲက ေတာင္ကုန္းေပၚမွာ မူးယစ္ေဆးဝါးလာေရာက္သံုးစြဲသူေတြက ပြဲေစ်းတန္း တစ္ခုလိုပဲ၊ အမည္၊ေနရပ္မသိရတဲ့ ေသဆံုးၿပီးသားအေလာင္းေတြလဲ မၾကာခဏသြားၿပီး ေကာက္ရတယ္၊ အေလာင္းသြားေကာက္တဲ့အခ်ိန္ ယူနီေဖါင္းနဲ႔ရဲတပ္ဖြဲ႔ဝင္ေတြကိုျမင္တာေတာင္မွ အဲ့ဒီနားက ေဆးသံုးစြဲေနသူ ေတြက ေၾကာက္လန္႔မႈမရွိဘူး" ဟု လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္း ဥကၠဌ ဦးထြန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အေလာင္းေတြ႔ရွိရသည့္ ေနရာ၀န္းက်င္တြင္ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား လာေရာက္ၾကသည့္ ေနရာျဖစ္ေနသည့္အတြက္ သက္ဆိုင္ရာမွ လာေရာက္ရွင္းလင္း ေပးရန္ လိုအပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့ အမှတ် ( ၅ ) ရပ်ကွက်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရ၍ လားရှိုးလူငယ်များလူမှုကူညီရေးအသင်း က ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလောင်းတွေ့ရှိရာနေရာသို့ လားရှိုးမြို့မရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပေးခဲ့ပြီး အဆိုပါနေရာအနီးတွင် ယခုလို ဖြစ်စဉ်ကဲ့သို့ အမည်မသိ အလောင်းများကို တွေ့ရှိရမှုမှာ (၈)ကြိမ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံက သိရသည်။

"ပြည်သူတစ်ဦးက အကြောင်းကြားလာလို့ အလောင်းသွားကြည့်တဲ့အခါမှာ သေဆုံးပြီး ပုတ်ပွနေတာကို တွေ့ရ တယ်၊ အဲ့ဒီ ရပ်ကွက် ( ၅ ) ထဲက တောင်ကုန်းပေါ်မှာ မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူတွေက ပွဲဈေးတန်း တစ်ခုလိုပဲ၊ အမည်၊နေရပ်မသိရတဲ့ သေဆုံးပြီးသားအလောင်းတွေလဲ မကြာခဏသွားပြီး ကောက်ရတယ်၊ အလောင်းသွားကောက်တဲ့အချိန် ယူနီဖောင်းနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုမြင်တာတောင်မှ အဲ့ဒီနားက ဆေးသုံးစွဲနေသူ တွေက ကြောက်လန့်မှုမရှိဘူး" ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်း ဥက္ကဌ ဦးထွန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလောင်းတွေ့ရှိရသည့် နေရာဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ လာရောက်ကြသည့် နေရာဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်း ပေးရန် လိုအပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးလူငယ်များလူမှုကူညီရေးအသင်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net