သဘာဝေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ေရးေဟာေျပာပြဲႏွင့္ ဇာတ္တိုက္ေလ့က်င့္ျခင္းအျဖစ္ လားရိႈးတကၠသိုလ္တြင္ ျပဳလုပ္

သဘာဝေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ေရးေဟာေျပာပြဲႏွင့္ ဇာတ္တိုက္ေလ့က်င့္ျခင္းအျဖစ္ လားရိႈးတကၠသိုလ္တြင္ ျပဳလုပ္
ဇူလိုင် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ လားရိႈးတကၠသိုလ္တြင္ သဘာဝေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ေရးေဟာေျပာပြဲႏွင့္ ဇာတ္တိုက္ေလ့က်င့္ျခင္းကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၂)ရက္ေန႔ နံနက္က ျပဳလုပ္ခဲ့သည္။

အဆိုပါ အစီအစဥ္အား Unicef  ႏွင့္ Unocha တို႔၏ ပံ့ပိုးမႈျဖင့္ ရွမ္းျပည္နယ္ ေဘးအႏၱရာယ္ ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနတို႔ႏွင့္  က်န္းမာေရး၊ ၾကက္ေျခနီ၊ မီးသတ္တပ္ဖြဲ႔မ်ား ပူးေပါင္းပါဝင္၍  က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး  တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားမ်ားအား အသိပညာေပး ေဟာေျပာမႈကို   Unicef မွ ရွမ္းျပည္နယ္ ေျမာက္ပိုင္း တာဝန္ခံ၊ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာန(လားရိႈး)မွ ဒုတိယညႊန္ၾကားေရးမွဴး တို႔က အသိပညာေပးေဟာေျပာခဲ့ျခင္းျဖစ္သည္။

သဘာဝေဘးအႏၱရာယ္မ်ားျဖစ္သည့္ ေရေဘး၊ မိုးေခါင္ေရရွားမႈ၊ ငလ်င္ေဘး၊ မီးေဘး၊ ဆူနာမီ၊ ေျမၿပိဳျခင္း၊ လွ်ပ္စီး လ်ပ္ျခင္းႏွင့္ မိုးႀကိဳးပစ္ျခင္း၊ ေလေဘးႏွင့္ စစ္ေဘး စသည္တို႔ႏွင့္ပတ္သက္သည့္ ႀကိဳတင္ကာကြယ္ျခင္း နည္းလမ္းမ်ား၊ မထင္မွတ္ဘဲ ျဖစ္ပြားလာသည့္ သဘာဝေဘးအႏၱရာယ္မ်ားႏွင့္ႀကံဳေတြ႔ရပါက လိုက္နာေဆာင္ရြက္ ရမည့္ ႏိုင္ငံတကာနည္းစနစ္မ်ား၊ ျမန္မာႏိုင္ငံတြင္ အသံုးျပဳေနသည့္ နည္းစနစ္မ်ားကို ပညာေပးေဟာေျပာခဲ့ျခင္း ျဖစ္သည္။

"သဘာဝေဘးအႏၱရာယ္ဆိုင္ရာ ႀကိဳတင္ကာကြယ္ျခင္းန႔ဲ တံု႔ျပန္ေဆာင္ရြက္ျခင္းဆိုင္ရာလက္ေတြ႔ ေဆာင္ရြက္ရမယ့္ လုပ္ငန္းစဥ္ေတြကိုသိရွိေစဖို႔၊ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ သတင္းအခ်က္အလက္ေတြကို သိရွိနားလည္ၿပီး မိမိနဲ႔နီးစပ္ရာေတြကို ျပန္လည္မွ်ေဝႏိုင္ဖို႔နဲ႔ သဘာဝေဘးအႏၱရာယ္က်ေရာက္လာရင္ မိမိ ကိုယ္ မိမိကာကြယ္ႏိုင္ဖို႔နဲ႔ လက္လွမ္းမီရာေတြကို ကူညီေဆာင္ရြက္ေပးႏိုင္ေရး စတဲ့ ရည္ရြယ္ခ်က္ ၃ ခုနဲ႔ သဘာဝေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး ဇာတ္တိုက္ေလ့က်င္မႈကို စီစဥ္ေဆာင္ရြက္တာ ျဖစ္ပါတယ္" ဟု   Unicef မွ ရွမ္းျပည္နယ္ေျမာက္ပိုင္း တာဝန္ခံ ဦးတင္ေလးႏိုင္က ေျပာသည္။

လက္ေတြ႔သရုပ္ျပဇာတ္တိုက္ျခင္းအျဖစ္ ငလ်င္ေဘးႀကံဳေတြ႔လာပံုကို တကၠသိုလ္ေက်ာင္းသူ/သားမ်ားက ပါဝင္ သရုပ္ေဆာင္ ဇာတ္တိုက္ျပသခဲ့ၿပီး ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔(လားရိႈး)က ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ကာ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း(လားရိႈး)က အေရးေပၚျပဳစုျခင္းႏွင့္ လူနာသယ္ေဆာင္ျခင္း၊ လားရႈိးျပည္သူ႔ေဆးရံုႀကီးမွ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားပါဝင္၍ အေရးေပၚေဆးကုသျခင္း တို႔ကို နံနက္ (၁၀)နာရီခန္႔တြင္ ဇာတ္တိုက္လုပ္ေဆာင္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားတြင္ သဘာဝ ေဘးအႏၱရာယ္ျဖစ္ပြားပါက အေရးေပၚ ေထာက္ပံ့ေရးပစၥည္းမ်ားကိုလဲ ျပသခဲ့ၿပီး သဘာဝေဘးအႏၱရာယ္ဆိုင္ရာ အသိပညာေပး စာေစာင္မ်ားျဖန္႔ေဝခဲ့ကာ ဇာတ္တိုက္ေလ့က်င့္ေရးသို့ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္ က်န္းမာေရး၀န္ထမ္းမ်ား အပါအ၀င္ နည္းပညာတကၠသိုလ္မွေက်ာင္းသူ/သားမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အစီအစဉ်အား Unicef နှင့် Unocha တို့၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအား အသိပညာပေး ဟောပြောမှုကို Unicef မှ ရှမ်းပြည်နယ် မြောက်ပိုင်း တာဝန်ခံ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး တို့က အသိပညာပေးဟောပြောခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးခေါင်ရေရှားမှု၊ ငလျင်ဘေး၊ မီးဘေး၊ ဆူနာမီ၊ မြပြေိုခြင်း၊ လျှပ်စီး လျပ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ လေဘေးနှင့် စစ်ဘေး စသည်တို့နှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ၊ မထင်မှတ်ဘဲ ဖြစ်ပွားလာသည့် သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့ရပါက လိုက်နာဆောင်ရွက် ရမည့် နိုင်ငံတကာနည်းစနစ်များ၊ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် နည်းစနစ်များကို ပညာပေးဟောပြောခဲ့ခြင်း ဖြစ်သည်။

"သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာလက်တွေ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုသိရှိစေဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို သိရှိနားလည်ပြီး မိမိနဲ့နီးစပ်ရာတွေကို ပြန်လည်မျှဝေနိုင်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် မိမိ ကိုယ် မိမိကာကွယ်နိုင်ဖို့နဲ့ လက်လှမ်းမီရာတွေကို ကူညီဆောင်ရွက်ပေးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင်မှုကို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု Unicef မှ ရှမ်းပြည်နယ်မြောက်ပိုင်း တာဝန်ခံ ဦးတင်လေးနိုင်က ပြောသည်။

လက်တွေ့သရုပ်ပြဇာတ်တိုက်ခြင်းအဖြစ် ငလျင်ဘေးကြုံတွေ့လာပုံကို တက္ကသိုလ်ကျောင်းသူ/သားများက ပါဝင် သရုပ်ဆောင် ဇာတ်တိုက်ပြသခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(လားရှိုး)က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း(လားရှိုး)က အရေးပေါ်ပြုစုခြင်းနှင့် လူနာသယ်ဆောင်ခြင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် သူနာပြုများပါဝင်၍ အရေးပေါ်ဆေးကုသခြင်း တို့ကို နံနက် (၁၀)နာရီခန့်တွင် ဇာတ်တိုက်လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကိုလဲ ပြသခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး စာစောင်များဖြန့်ဝေခဲ့ကာ ဇာတ်တိုက်လေ့ကျင့်ရေးသို့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် နည်းပညာတက္ကသိုလ်မှကျောင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net