လာအိုႏုိင္ငံဘက္မွ အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းတြင္ ဖမ္းဆီးရမိ

လာအိုႏုိင္ငံဘက္မွ အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းတြင္ ဖမ္းဆီးရမိ
ဇူလိုင် 20, 2019
By Tachileik News Agency

ျမန္မာ - လာအိုနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းသို႔  လာအိုႏုိင္ငံနယ္စပ္မွေန၍  အေထာက္အထားမဲ့ ခိုးဝင္လာသည့္  တရုတ္ႏုိင္ငံသားတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၀)ရက္ေန႔ ေန႔လယ္ပိုင္းက ေဝွေလလွန္ေက်းရြာ အတြင္းရိွ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေဝွေလလွန္ေက်းရြာရိွ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနရာ ေန႔လယ္(၂)နာရီဝန္းက်င္က အသက္(၃၈)ႏွစ္အရြယ္ တရုတ္ႏုိင္ငံသား ေလာ္ေလာင္က်ံဳးကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္းသို႔ ျပည္ဝင္ခြင့္ အေထာက္အထားမ်ား မပါဘဲ ဝင္လာသည့္ ေလာ္ေလာင္က်ံဳးကို ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး( လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၃(၁)အရ အမႈဖြင့္ အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္သို႔  တရား၀င္မဟုတ္ဘဲ အေထာက္အထားမဲ့ တရုတ္ႏိုင္ငံသားမ်ားအေနျဖင့္ လာအိုနယ္စပ္မွ တဆင့္ ၀င္ေရာက္လာတတ္သည့္ နည္းတူ အေထာက္အထားမဲ့ျဖင့္ ထိုင္းႏိုင္ငံသားမ်ားသည္လည္း တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းမွ တဆင့္ ခိုး၀င္လာတတ္ေလ့ရွိေၾကာင္းႏွင့္ ရဲတပ္ဖြဲ႔မွ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္သည့္ အခ်ိန္မ်ားတြင္ တစ္ခါတစ္ရံ၌ ၎တို႔အား ဖမ္းဆီးရမိမႈမ်ား ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်းသို့ လာအိုနိုင်ငံနယ်စပ်မှနေ၍ အထောက်အထားမဲ့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ဝှေလေလှန်ကျေးရွာ အတွင်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလှန်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေရာ နေ့လယ်(၂)နာရီဝန်းကျင်က အသက်(၃၈)နှစ်အရွယ် တရုတ်နိုင်ငံသား လော်လောင်ကျုံးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းသို့ ပြည်ဝင်ခွင့် အထောက်အထားများ မပါဘဲ ဝင်လာသည့် လော်လောင်ကျုံးကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး( လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)အရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်သို့ တရားဝင်မဟုတ်ဘဲ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများအနဖြေင့် လာအိုနယ်စပ်မှ တဆင့် ဝင်ရောက်လာတတ်သည့် နည်းတူ အထောက်အထားမဲ့ဖြင့် ထိုင်းနိုင်ငံသားများသည်လည်း တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် ခိုးဝင်လာတတ်လေ့ရှိကြောင်းနှင့် ရဲတပ်ဖွဲ့မှ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်သည့် အချိန်များတွင် တစ်ခါတစ်ရံ၌၎င်းတို့အား ဖမ်းဆီးရမိမှုများ ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net