တာခ်ီလိတ္ၿမိဳ႕ ရွမ္း႐ိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးေန

တာခ်ီလိတ္ၿမိဳ႕ ရွမ္း႐ိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးေန
ဇူလိုင် 11, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၁) ရက္ေန႔၊ နံနက္ (၉) နာရီမွ ေန႔လယ္ (၂) နာရီအထိ ရွမ္းရိုးမကြင္းတြင္ ေဆာင္ရြက္ေပးေနသည္။

ယေန႔လာေရာက္ လုပ္ေဆာင္သည့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားကို ဇူလိုင္ (၂၉) ရက္ေန႔တြင္ လိုင္စင္ထုတ္ေပးမည္ျဖစ္ၿပီး ဇူလိုင္လ (၁၂) ရက္ေန႔တြင္ လာေရာက္လုပ္ေဆာင္သည့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားကို ဩဂုတ္လ (၂) ရက္ေန႔ နံနက္ (၉) နာရီအခ်ိန္တြင္ ယာဥ္ထိန္းရဲ႐ံုး ေနာက္ဖက္ရိွ ေအာင္ေဇယ်ဓမၼာ႐ံု၌ ယာဥ္စည္းကမ္း လမ္းစည္းကမ္းမ်ားပို႔ခ်ၿပီး လိုင္စင္မ်ားထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ရွမ္းရိုးမကြင္းထဲေဆာင္ရြက္ေပးတာက ယာဥ္ေမာင္းလိုင္စင္အသစ္ေတြပဲ။ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးဖို႔က အာမခံေဆာင္ၿပီးေတာ့ မွတ္ပံုတင္မိတၱဴရယ္၊ ဓာတ္ပံုရယ္၊ လိုင္စင္ကတ္အေဟာင္းရယ္ ရံုးလာလုပ္လို႔ရပါတယ္"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစီအစဥ္ကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု (တာခ်ီလိတ္)ႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတို႔ ပူးေပါင္းေဆာင္ရြက္ေပးျခင္းျဖစ္ၿပီး နံနက္ (၉)နာရီမွ ေန႔လယ္ (၂)နာရီအထိ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်သတ္မွတ္ေပးထားသျဖင့္ ပံုမွန္အတုိင္းယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သည္ထက္ ေငြက်ပ္ (၄၀၀၀) ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လယ် (၂) နာရီအထိ ရှမ်းရိုးမကွင်းတွင် ဆောင်ရွက်ပေးနေသည်။

ယနေ့လာရောက် လုပ်ဆောင်သည့် ဆိုင်ကယ်မောင်းလိုင်စင်များကို ဇူလိုင် (၂၉) ရက်နေ့တွင် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး ဇူလိုင်လ (၁၂) ရက်နေ့တွင် လာရောက်လုပ်ဆောင်သည့် ဆိုင်ကယ်မောင်းလိုင်စင်များကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ယာဉ်ထိန်းရဲရုံး နောက်ဖက်ရှိ အောင်ဇေယျဓမ္မာရုံ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများပို့ချပြီး လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ရှမ်းရိုးမကွင်းထဲဆောင်ရွက်ပေးတာက ယာဉ်မောင်းလိုင်စင်အသစ်တွေပဲ။ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့က အာမခံဆောင်ပြီးတော့ မှတ်ပုံတင်မိတ္တူရယ်၊ ဓာတ်ပုံရယ်၊ လိုင်စင်ကတ်အဟောင်းရယ် ရုံးလာလုပ်လို့ရပါတယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်)နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net