လားရိႈးၿမိဳ႕တြင္ လုပ္အားခမရသည့္ အလုပ္သမားမ်ား၏ သတင္းရယူသူ အလြတ္တန္းသတင္းေထာက္အား လုိင္စင္မဲ့ကားစီးနင္းမႈျဖင့္ လုပ္ငန္းရွင္ကတုိင္ၾကား၍ ဖမ္းဆီးခံရ

လားရိႈးၿမိဳ႕တြင္ လုပ္အားခမရသည့္ အလုပ္သမားမ်ား၏ သတင္းရယူသူ အလြတ္တန္းသတင္းေထာက္အား လုိင္စင္မဲ့ကားစီးနင္းမႈျဖင့္ လုပ္ငန္းရွင္ကတုိင္ၾကား၍ ဖမ္းဆီးခံရ
ဇူလိုင် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕တြင္ လုပ္အားခမရသည့္ အလုပ္သမားမ်ား သတင္းရယူသည့္ အလြတ္တန္းသတင္းေထာက္အား လိုင္စင္မဲ့ကားစီးနင္းမႈျဖင့္ တုိင္တန္းခံရ၍ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ လားရိႈးၿမိဳ႕မရဲစခန္း၌ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခံထားရေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ရွိ Gold Luck Water Park အားကစားကြင္းမွ အလုပ္သမားအခ်ိဳ႕က ၎တို႔၏လုပ္အားခမ်ား အျပည့္အဝ မရရွိေသးေၾကာင္း လားရိႈးၿမိဳ႕ရိွ အလုပ္ရံုႏွင့္ အလုပ္သမားဥပေဒ စစ္ေဆးေရးဦးစီးဌာန (ခရိုင္ရံုး) သို႔ ဇူလိုင္လ (၂၂) ရက္ေန႔က သြားေရာက္တိုင္ၾကားခဲ့မႈႏွင့္ပတ္သက္၍ DVB သတင္းဌာနမွ အလြတ္တန္းသတင္းေထာက္ ကိုခြန္ေဇာ္ဦးႏွင့္ အျခားသတင္းေထာက္တစ္ဦးတုိ႔က အလုပ္ရွင္ျဖစ္သူ ဦးရဲႏိုင္ထံ သြားေရာက္ေမးျမန္းခဲ့စဥ္ သတင္းကိစၥႏွင့္ပတ္သက္၍ မေက်နပ္သည့္ ဦးရဲႏုိင္က လုိင္စင္မဲ့ကား စီးနင္းေနသည့္ သတင္းေထာက္ ဦးခြန္ေဇာ္ဦးအား ယာဥ္ထိန္းရဲထံ ဖုန္းဆက္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္တစ္ခုလံုးမွာ လိုင္စင္မဲ့ကားေတြက သိန္းနဲ႔ခ်ီၿပီးရွိပါတယ္။ က်ြန္ေတာ္က အဲဒီကားကို တင္သြင္းလာတာ မဟုတ္ပါဘူး။ ပြဲစားတန္းမွာ ေရာင္းေနတာကို ကိုယ္လက္လွမ္းမီတဲ့ေစ်းႏႈန္းသင့္တာကို ဝယ္စီးတာ ျဖစ္ပါတယ္။ က်ြန္ေတာ့္တစ္ေယာက္တည္းကို သူေဌးတစ္ေယာက္က တိုင္ၾကားလို႔ အေရးယူတယ္ဆိုရင္ တရားမွ်တတယ္လို႔ မခံစားရပါဘူး။ အဲဒါပဲေျပာခ်င္ပါတယ္"ဟု သတင္းေထာက္ ကိုခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမွတ္(၂၀)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႔ခြဲက ၎တို႔ထံ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ျဖစ္သူ ဦးရဲႏုိင္က၎၏ ၿခံဝန္းအတြင္း လိုင္စင္မဲ့ယာဥ္တစ္စင္းေရာက္ရွိေနေၾကာင္း ဇူလုိင္လ (၂၂)ရက္ေန႔က အေၾကာင္းၾကားသျဖင့္ သြားေရာက္စစ္ေဆးရာ ယာဥ္ပိုင္ရွင္က ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သက္သည့္ စာရြက္စာတမ္းမ်ား ျပသႏုိင္ျခင္း မရိွသည့္အတြက္  ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တြဲဘက္ ျပည္နယ္ရံုး( လားရိႈး )သို႔ ပို႔ေဆာင္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္းေထာက္ ကိုခြန္ေဇာ္ဦး၏ ေမာ္ေတာ္ယာဥ္မွာ မွတ္တမ္းဝင္ယာဥ္မဟုတ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက အေၾကာင္းျပန္ၾကားလာသျဖင့္ ယာဥ္ပိုင္ရွင္ျဖစ္သူ ေကာင္းျမတ္ေဇာ္(ခ) ခြန္ေဇာ္ဦးအား ဇူလိုင္လ (၂၈) ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈးၿမိဳ႕မရဲစခန္း၌ (ပ)၂၈၀/ ၂၀၁၉ ၊ ပို႔/သြင္း - ၈ ျဖင့္ အမႈဖြင့္အေရးယူ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် လုပ်အားခမရသည့် အလုပ်သမားများ သတင်းရယူသည့် အလွတ်တန်းသတင်းထောက်အား လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် တိုင်တန်းခံရ၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် လားရှိုးမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားခံထားရကြောင်း သိရသည်။

လားရှိုးမြို့ရှိ Gold Luck Water Park အားကစားကွင်းမှ အလုပ်သမားအချို့က၎င်းတို့၏လုပ်အားခများ အပြည့်အဝ မရရှိသေးကြောင်း လားရှိုးမြို့ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (ခရိုင်ရုံး) သို့ ဇူလိုင်လ (၂၂) ရက်နေ့က သွားရောက်တိုင်ကြားခဲ့မှုနှင့်ပတ်သက်၍ DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးနှင့် အခြားသတင်းထောက်တစ်ဦးတို့က အလုပ်ရှင်ဖြစ်သူ ဦးရဲနိုင်ထံ သွားရောက်မေးမြန်းခဲ့စဉ် သတင်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်သည့် ဦးရဲနိုင်က လိုင်စင်မဲ့ကား စီးနင်းနေသည့် သတင်းထောက် ဦးခွန်ဇော်ဦးအား ယာဉ်ထိန်းရဲထံ ဖုန်းဆက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်တစ်ခုလုံးမှာ လိုင်စင်မဲ့ကားတွေက သိန်းနဲ့ချီပြီးရှိပါတယ်။ ကျွန်တော်က အဲဒီကားကို တင်သွင်းလာတာ မဟုတ်ပါဘူး။ ပွဲစားတန်းမှာ ရောင်းနေတာကို ကိုယ်လက်လှမ်းမီတဲ့ဈေးနှုန်းသင့်တာကို ဝယ်စီးတာ ဖြစ်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းကို သူဌေးတစ်ယောက်က တိုင်ကြားလို့ အရေးယူတယ်ဆိုရင် တရားမျှတတယ်လို့ မခံစားရပါဘူး။ အဲဒါပဲပြောချင်ပါတယ်"ဟု သတင်းထောက် ကိုခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲက၎င်းတို့ထံ Gold Luck Water Park အားကစားကွင်းပိုင်ရှင်ဖြစ်သူ ဦးရဲနိုင်က၎င်း၏ ခြံဝန်းအတွင်း လိုင်စင်မဲ့ယာဉ်တစ်စင်းရောက်ရှိနေကြောင်း ဇူလိုင်လ (၂၂)ရက်နေ့က အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်ပိုင်ရှင်က မော်တော်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသည့်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဘက် ပြည်နယ်ရုံး( လားရှိုး )သို့ ပို့ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထောက် ကိုခွန်ဇော်ဦး၏ မော်တော်ယာဉ်မှာ မှတ်တမ်းဝင်ယာဉ်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အကြောင်းပြန်ကြားလာသဖြင့် ယာဉ်ပိုင်ရှင်ဖြစ်သူ ကောင်းမြတ်ဇော်(ခ) ခွန်ဇော်ဦးအား ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့မရဲစခန်း၌ (ပ)၂၈၀/ ၂၀၁၉၊ ပို့/သွင်း - ၈ ဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net