ကယားျပည္နယ္အတြင္း ေတာင္သူမ်ား၏ ျပႆနာ ႏွင့္ ေျမယာျပႆနာမ်ားအား ေျဖရွင္ေပးရန္ ေတာင္​သူမ်ားက အသံတိတ္​ဆႏၵထုတ္​​ေဖာ္​

ကယားျပည္နယ္အတြင္း ေတာင္သူမ်ား၏ ျပႆနာ ႏွင့္ ေျမယာျပႆနာမ်ားအား ေျဖရွင္ေပးရန္ ေတာင္​သူမ်ားက အသံတိတ္​ဆႏၵထုတ္​​ေဖာ္​
ဇူလိုင် 8, 2019
By Tachileik News Agency

ကယားျပည္​နယ္​အတြင္​း႐ွိ ​ေတာင္​သူမ်ားၾကဳံ​ေတြ႕​ေနရ​ေသာ ​ေျမယာျပႆနာမ်ားအား ​ေျဖ႐ွင္​း​ေပးရန္​ ႏွင့္ ဖမ္​းဆီးထိန္​းသိမ္​းခံရ​ေသာ ​ေတာင္​သူမ်ားအားျပန္​လြတ္​​ေပးရန္​ ၂၀၁၉ခုႏွစ္ ဇူလိုင္​လ (၈)ရက္​​ေန႔တြင္​ ဖ႐ူဆိုၿမိဳ႕၌ ​ေတာင္​သူမ်ား အသံတိတ္​ ဆႏၵ​ေဖာ္​ထုတ္​ခဲ့​ၾကၿပီး ေတာင္းဆိုခ်က္မ်ားအား အစိုးရမွ မေဆာင္ရြက္ေပးပါက အေထြေထြသပိတ္ျပုလုပ္သြားမည္ဖစ္ေၾကာင္း သိရသည္။

"ကြၽန္​​ေတာ္​တို႔ အဓိက က တပ္​က သိမ္​းထားတဲ့  ​သိမ္​းဆည္​း​ေျမ​ေတြကို အျမန္​ဆုံးျပန္​​ေပးဖို႔ ​ေနာက္​ ဖမ္​းဆီးတရားစြဲဆိုခံထားရတဲ့ ​ေတာင္​သူ​ေတြကို ျပန္​လႊတ္​​ေပးဖို႔ ​ေတာင္​းဆိုတာျဖစ္​တယ္​။ ဆႏၵ​ေဖာ္ထုတ္​ဖို႔ ​ေနရာ​ေတာင္​းထားတာ သုံး​ေနရာ​ေလာက္​႐ွိတယ္​ တစ္​​ေနရာပဲ​ေပးတယ္​ ​ေဒသႏၱရ အမိန္​႔ထုတ္​ျပန္​ထားတဲ့ ​ေနရာ​ေတြမို႔ ခြင္​့မျပဳဘူး ဒီ​ေနရာတစ္​ခုပဲ ခြင္​့ျပဳတယ္​။ ဒီ​ေတာင္​းဆိုခ်က္​​ေတြကို အစိုးရဘာမွ မလုပ္​​ေပးရင္​ အားလုံးပါဝင္​တဲ့ အ​ေထြ​ေထြသပိတ္​ႀကီး လုပ္သြားဖို႔႐ွိပါတယ္​"ဟု ဦး​ေဆာင္​သူ ခြန္​းဘြယ္​မွဴး က​ေျပာသည္​။

သိမ္​းဆည္​းခံ​ေျမယာမ်ား ျပန္​လည္​​ေပးအပ္​ရန္​၊ ဖမ္​းဆီး ထိန္​းသိမ္​းခံ​ေတာင္​သူမ်ားအား အျမန္​ဆုံးလႊတ္​​ေပးရန္​ ၊ ဌာ​ေနတိုင္​းရင္​းသားတို႔၏ အခြင္​့အ​ေရးကို ​ေလးစားလိုက္​နာရန္​၊ သိမ္​းယူထား​ေသာ ​ေတာင္​သူ​ေျမမ်ားကို ျပန္​လည္​​ေပးအပ္​ရန္​ စသည္​့ ​ေတာင္​းဆိုခ်က္​မ်ားပါဝင္​သည္​့ ဗီႏိူင္​းမ်ားကိုင္​​ေဆာင္​ကာ ဖ႐ူဆိုၿမိဳ႕နယ္​ ၊ ​ေညာင္​ဇင္​ရပ္​ကြက္​တြင္​ ေတာင္​သူ (၄၀)၀န္းက်င္က အသံတိတ္​ဆႏၵ​ေဖာ္​ထုတ္​ခဲ့ၾကျခင္​းျဖစ္​သည္​။

လိြဳင္​​ေကာ္​ၿမိဳ႕နယ္​ ႏွင္​့ ဒီး​ေမာ့ဆိုၿမိဳ႕နယ္​မ်ားတြင္​ ​ေတာင္​သူမ်ားအား တပ္​မ​ေတာ္​မွ တရားစြဲဆိုထားျခင္​းမ်ား ႐ွိသလို ​ေတာင္​သူအခ်ိဳ႕ကို ဖမ္​းဆီးထိန္​းသိမ္​းထားသည္​့အတြက္​ ​ေတာင္​သူမ်ားမွ တရားဝင္​ ၿငိမ္​းစုစီ ခြင့္ျပဳခ်က္ရရွိရန္ ဖရူဆို စခန္းတြင္ ဇူလိုင္လ(၅)ရက္ေန႔က တင္​ကာ ဒီး​ေမာ့ဆိုၿမိဳ႕ ႏွင္​့ ဖ႐ူဆိုၿမိဳ႕မ်ားတြင္​ အသံတိတ္​ဆႏၵ​ေဖာ္​ထုတ္​ပြဲမ်ား ျပဳလုပ္​ခဲ့ျခင္​းျဖစ္​ၿပီး လိြဳင္​​ေကာ္​ၿမိဳ႕တြင္​လည္​း ျပဳလုပ္​သြားရန္​ ၿငိမ္​းစုစီ တင္​ထား​ေၾကာင္​း သိရသည္​။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်​နယ်​အတွင်​းရှိ ​တောင်​သူများကြုံ​တွေ့​နေရ​သော ​မြေယာပြဿနာများအား ​ဖြေရှင်​း​ပေးရန်​ နှင့် ဖမ်​းဆီးထိန်​းသိမ်​းခံရ​သော ​တောင်​သူများအားပြန်​လွတ်​​ပေးရန်​ ၂၀၁၉ခုနှစ် ဇူလိုင်​လ (၈)ရက်​​နေ့တွင်​ ဖရူဆိုမြို့၌ ​တောင်​သူများ အသံတိတ်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့​ကြပြီး တောင်းဆိုချက်များအား အစိုးရမှ မဆောင်ရွက်ပေးပါက အထွေထွေသပိတ်ပြုလုပ်သွားမည်ဖစ်ကြောင်း သိရသည်။

"ကျွန်​​တော်​တို့ အဓိက က တပ်​က သိမ်​းထားတဲ့ ​သိမ်​းဆည်​း​မြေ​တွေကို အမြန်​ဆုံးပြန်​​ပေးဖို့ ​နောက်​ ဖမ်​းဆီးတရားစွဲဆိုခံထားရတဲ့ ​တောင်​သူ​တွေကို ပြန်​လွှတ်​​ပေးဖို့ ​တောင်​းဆိုတာဖြစ်​တယ်​။ ဆန္ဒ​ဖော်ထုတ်​ဖို့ ​နေရာ​တောင်​းထားတာ သုံး​နေရာ​လောက်​ရှိတယ်​ တစ်​​နေရာပဲ​ပေးတယ်​ ​ဒေသန္တရ အမိန်​့ထုတ်​ပြန်​ထားတဲ့ ​နေရာ​တွေမို့ ခွင်​့မပြုဘူး ဒီ​နေရာတစ်​ခုပဲ ခွင်​့ပြုတယ်​။ ဒီ​တောင်​းဆိုချက်​​တွေကို အစိုးရဘာမှ မလုပ်​​ပေးရင်​ အားလုံးပါဝင်​တဲ့ အ​ထွေ​ထွေသပိတ်​ကြီး လုပ်သွားဖို့ရှိပါတယ်​"ဟု ဦး​ဆောင်​သူ ခွန်​းဘွယ်​မှူး က​ပြောသည်​။

သိမ်​းဆည်​းခံ​မြေယာများ ပြန်​လည်​​ပေးအပ်​ရန်​၊ ဖမ်​းဆီး ထိန်​းသိမ်​းခံ​တောင်​သူများအား အမြန်​ဆုံးလွှတ်​​ပေးရန်​၊ ဌာ​နေတိုင်​းရင်​းသားတို့၏ အခွင်​့အ​ရေးကို ​လေးစားလိုက်​နာရန်​၊ သိမ်​းယူထား​သော ​တောင်​သူ​မြေများကို ပြန်​လည်​​ပေးအပ်​ရန်​ စသည်​့ ​တောင်​းဆိုချက်​များပါဝင်​သည်​့ ဗီနိူင်​းများကိုင်​​ဆောင်​ကာ ဖရူဆိုမြို့နယ်​၊ ​ညောင်​ဇင်​ရပ်​ကွက်​တွင်​ တောင်​သူ (၄၀)ဝန်းကျင်က အသံတိတ်​ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြခြင်​းဖြစ်​သည်​။

လွိုင်​​ကော်​မြို့နယ်​ နှင်​့ ဒီး​မော့ဆိုမြို့နယ်​များတွင်​ ​တောင်​သူများအား တပ်​မ​တော်​မှ တရားစွဲဆိုထားခြင်​းများ ရှိသလို ​တောင်​သူအချို့ကို ဖမ်​းဆီးထိန်​းသိမ်​းထားသည်​့အတွက်​ ​တောင်​သူများမှ တရားဝင်​ ငြိမ်​းစုစီ ခွင့်ပြုချက်ရရှိရန် ဖရူဆို စခန်းတွင် ဇူလိုင်လ(၅)ရက်နေ့က တင်​ကာ ဒီး​မော့ဆိုမြို့ နှင်​့ ဖရူဆိုမြို့များတွင်​ အသံတိတ်​ဆန္ဒ​ဖော်​ထုတ်​ပွဲများ ပြုလုပ်​ခဲ့ခြင်​းဖြစ်​ပြီး လွိုင်​​ကော်​မြို့တွင်​လည်​း ပြုလုပ်​သွားရန်​ ငြိမ်​းစုစီ တင်​ထား​ကြောင်​း သိရသည်​။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net