ကျိုင်းတုံမြို့တွင် ယာဉ်/လမ်းစည်းကမ်း လိုက်နာရေး ကျေးရွာများအလိုက် အပတ်စဉ် လိုက်လံပညာပေး

ကျိုင်းတုံမြို့တွင် ယာဉ်/လမ်းစည်းကမ်း လိုက်နာရေး ကျေးရွာများအလိုက် အပတ်စဉ် လိုက်လံပညာပေး
ဇူလိုငျ 12, 2019
By Tachileik News Agency



အခြေခံပညာကျောင်းများတွင် ဟောပြောရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် အသက်မပြည့်သေးသဖြင့် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် ကိုယ်တိုင်မောင်းနှင်ခွင့်မရှိသေးသဖြင့် မောင်းနှင်ခြင်းမပြုကြရန်၊ ကောင်းမွန်ခိုင်ခံ့သည့် ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးတပ်၍ စနစ်တကျအသုံးပြုရန်ကို အဓိကထား ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။


ကျိုင်းတုံမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်ပညာရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ကညန၊ ကညန(ကလ)၊ မထသ၊ ဥပဒေစသည့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းကို အဝေးပြေးကားဝင်းတွင် တစ်လလျှင်နှစ်ကြိမ်၊ စာသင်ကျောင်းများနှင့် OSS တွင် သောကြာနေ့တိုင်းနှင့် အဖွဲ့ပေါင်းစုံဖြင့် မိုဘိုင်းပညာပေးခြင်းကို တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအပြင် အဝေးပြေးယာဉ်များတွင် ယာဉ်မတော်တဆမှုများ ကြိုတင်ကာကွယ်ရေး၊ ခရီးသည်တင်ယာဉ်များတွင် အရေးပေါ် ထွက်ပေါက်၊ မီးသတ်ဆေးဘူးနှင့် မှန်ခွဲရန်တူ၊ပုဆိန်များ အသုံးပြုစေရေး၊ သတ်မှတ်လမ်းညွှန်အမှတ်အသားများနှင့် အချက်ပြများသိရှိရန် အသိပညာပေးလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KZA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပတ်စဉ် သောကြာနေ့တိုင်း ကျေးရွာများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်လံဟောပြောခြင်းအစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ယန်းခကျေးရွာအုပ်စု၊ နောင်ဆာ(ကချင်ရွာ) တွင် ဒေသခံ (၄၀၀)ကို ဟောပြောကြောင်း သိရသည်။

“သောကြာနေ့တိုင်း OSS အဖွဲ့နဲ့ ရွာတွေမှာ ပညာပေး ဟောပြောပါတယ်။ အမေးအဖြေ စနစ်နဲ့ ဟောပြောတာပါ။ ဦးစားပေးရမယ့် ယာဉ်တွေအကြောင်းတော့ မေးကြတယ်”ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လမ်းစည်းကမ်းများအကြောင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)က ယာဉ်စည်းကမ်းများအကြောင်း ဟောပြာကြခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် အခြေခံပညာကျောင်းများ၌ ဆက်လက်ဟောပြောကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် ဟောပြောရာ၌ ကျောင်းသားကျောင်းသူများအနဖြေင့် အသက်မပြည့်သေးသဖြင့် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် ကိုယ်တိုင်မောင်းနှင်ခွင့်မရှိသေးသဖြင့် မောင်းနှင်ခြင်းမပြုကြရန်၊ ကောင်းမွန်ခိုင်ခံ့သည့် ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးတပ်၍ စနစ်တကျအသုံးပြုရန်ကို အဓိကထား ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ကျေးရွာများအလိုက် လိုက်လံဟောပြောရာတွင် ဒေသသုံး ဘာသာစကား ပြောဆိုနိုင်သည့် တပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိပါက ဒေသမှ ဘာသာပြန်အကူအညီဖြင့် ဟောပြောခြင်းဖြစ်ပြီး လက်ကမ်းစာစောင်များကိုလည်း ဒေသသုံး ဘာသာစကားများဖြင့်ပါ ဖြန့်ဝေနိုင်ရန် ကြိုးစားနေသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူးထံမှ သိရသည်။

ကျိုင်းတုံမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ကညန၊ ကညန(ကလ)၊ မထသ၊ ဥပဒေစသည့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းကို အဝေးပြေးကားဝင်းတွင် တစ်လလျှင်နှစ်ကြိမ်၊ စာသင်ကျောင်းများနှင့် OSS တွင် သောကြာနေ့တိုင်းနှင့် အဖွဲ့ပေါင်းစုံဖြင့် မိုဘိုင်းပညာပေးခြင်းကို တနင်္ဂေနွနေ့တိုင်း လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအပြင် အဝေးပြေးယာဉ်များတွင် ယာဉ်မတော်တဆမှုများ ကြိုတင်ကာကွယ်ရေး၊ ခရီးသည်တင်ယာဉ်များတွင် အရေးပေါ် ထွက်ပေါက်၊ မီးသတ်ဆေးဘူးနှင့် မှန်ခွဲရန်တူ၊ပုဆိန်များ အသုံးပြုစေရေး၊ သတ်မှတ်လမ်းညွှန်အမှတ်အသားများနှင့် အချက်ပြများသိရှိရန် အသိပညာပေးလုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net