တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားအား ဇူလိုင္လ(၁၁ ၊ ၁၂)ရက္မ်ားတြင္ ေဆာင္ရြက္ေပးသြားမည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားအား ဇူလိုင္လ(၁၁ ၊ ၁၂)ရက္မ်ားတြင္ ေဆာင္ရြက္ေပးသြားမည္
ဇူလိုင် 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၁)ရက္ႏွင့္ (၁၂)ရက္ေန႔မ်ားတြင္ ရွမ္းရိုးမကြင္း၌ ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး ပံုမွန္ေဆာင္ရြက္ျခင္းထက္ ေငြက်ပ္(၄၀၀၀)သက္သာမည္ျဖစ္ေၾကာင္း သိရသည္။

"အဲဒီေန႔ေတြမွာလုပ္မယ့္ ယာဥ္ေမာင္းလိုင္စင္ေတြကို ဇူလိုင္လ (၂၉) ရက္ေန႔နဲ႔ ၾသဂုတ္လ (၂) ရက္ေန႔ေတြမွာ ထုတ္ေပးမွာပါ။ ယာဥ္ထိန္းရဲရံုးေနာက္က ေအာင္ေဇယ်ဓမၼာရံုမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးၿပီးေတာ့မွ ထုတ္ေပးမွာပါ"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစီအစဥ္ကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု (တာခ်ီလိတ္)ႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတို႔ ပူးေပါင္းေဆာင္ရြက္ေပးျခင္းျဖစ္ၿပီး နံနက္ (၉)နာရီမွ ေန႔လယ္ (၂)နာရီအထိ ေဆာင္ရြက္ေပးမည္ျဖစ္သည္။

ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်သတ္မွတ္ေပးထားသျဖင့္ ပံုမွန္အတုိင္းယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သည္ထက္ စစ္ေဆးခ(၂)ႀကိမ္သက္သာမည္ျဖစ္ရာ ေငြက်ပ္ (၄၀၀၀) ေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် ရှမ်းရိုးမကွင်း၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပုံမှန်ဆောင်ရွက်ခြင်းထက် ငွေကျပ်(၄၀၀၀)သက်သာမည်ဖြစ်ကြောင်း သိရသည်။

"အဲဒီနေ့တွေမှာလုပ်မယ့် ယာဉ်မောင်းလိုင်စင်တွေကို ဇူလိုင်လ (၂၉) ရက်နေ့နဲ့ သြဂုတ်လ (၂) ရက်နေ့တွေမှာ ထုတ်ပေးမှာပါ။ ယာဉ်ထိန်းရဲရုံးနောက်က အောင်ဇေယျဓမ္မာရုံမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြီးတော့မှ ထုတ်ပေးမှာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်)နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် စစ်ဆေးခ(၂)ကြိမ်သက်သာမည်ဖြစ်ရာ ငွေကျပ် (၄၀၀၀) လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net