စက္စက္ယိုေက်းရြာအနီး ေက်ာက္မီးေသြးတူးရန္ ေျမဧက (၇၀၀)ေက်ာ္ ေလွ်ာက္ထားျခင္းကို ေဒသခံမ်ားက တုိင္းအစိုးရထံ ကန္႔ကြက္

စက္စက္ယိုေက်းရြာအနီး ေက်ာက္မီးေသြးတူးရန္ ေျမဧက (၇၀၀)ေက်ာ္ ေလွ်ာက္ထားျခင္းကို ေဒသခံမ်ားက တုိင္းအစိုးရထံ ကန္႔ကြက္
ဇူလိုင် 28, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ေရငံေက်းရြာအုပ္စု စက္စက္ယိုေက်းရြာအနီးရိွ ေျမဧက (၇၀၀) ေက်ာ္တြင္ ေက်ာက္မီးေသြးတူးေဖၚရန္ ေလွ်ာက္ထားျခင္းအား ကန္႔ကြက္ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရး အပါအဝင္ ေဒသခံမ်ားက လက္မွတ္ထိုး၍ တုိင္းေဒသႀကီးအစိုးရထံ ေပးပို႔ထားေၾကာင္း သိရသည္။

သရက္ခရိုင္၊ မင္းလွၿမိဳ႕နယ္၊ ေရငံေက်းရြာအုပ္စု စက္စက္ယိုေက်းရြာအနီးရိွ ေျမဧက (၇၀၀)တြင္ ေက်ာက္မီးေသြးတူးေဖၚခြင့္ကို ကုမၸဏီ(၄)ခုက ေလွ်ာက္ထားျခင္းအား ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ ရပ္ေက်းလယ္ယာစီမံခန္႔ခြဲေရးေကာ္မတီႏွင့္ ေဒသခံစုစုေပါင္း (၁၀၂)ဦးက လက္မွတ္ေရးထိုး ကန္႔ကြက္ထားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္႔ဆီ ကန္႔ကြက္စာေရာက္တယ္။ ၀န္ႀကီးခ်ဳပ္ နဲ႔ သယံဇာတဝန္ႀကီးဆီလည္း စာတင္ထားတယ္ ထင္တယ္။ အစိုးရအဖြဲ႔အစည္းအေဝးထုိင္ၿပီးမွ ဘယ္လိုေဆာင္ရြက္မယ္ဆိုတာ ေျပာလို႔ရပါမယ္”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင္႔ ဆည္ေျမာင္းဝန္ႀကီး ဦးဝင္းေမာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေဒသတြင္ ၂၀၁၄ ခုႏွစ္ကတည္းက စတင္ေနသည့္ ေက်ာက္မီးေသြးတူးေဖၚေရး လုပ္ငန္းမ်ားေၾကာင့္ ေႏြရာသီတြင္ အလိုေလ်ာက္မီးေလာင္သည့္ ေညႇာ္နံ႔မ်ားေၾကာင့္ ေလထုညစ္ညမ္းျခင္း၊ ေက်းရြာေသာက္သံုးေရကန္မ်ားတြင္ ေရဆိုးမ်ားစီးဝင္ျခင္း၊ သစ္ဝါးမ်ားစည္း ကမ္းမဲ့ခုတ္ယူအသံုးျပဳျခင္းေၾကာင့္ သစ္ဝါးရွားပါးလာျခင္း၊ က်င္းေဟာင္းမ်ားအတြင္း ကၽြဲႏြားမ်ား ျပဳတ္က် ေသဆံုးျခင္း၊ စြန္႔ပစ္ေျမမ်ား စနစ္တက်မစြန္႔၍ လယ္ေျမမ်ား တိမ္ေကာလာျခင္းတို႔ေၾကာင့္ လုပ္ကြက္သစ္မ်ား ခြင့္ျပဳေပးျခင္းမျပဳပါရန္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ေဒသခံမ်ားက ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၄)ရက္ေန႔က တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

 “ျပည္သူေတြမွာ နစ္နာမႈေတြ ႐ွိေနပါတယ္။ ေလထု၊ ေရထုနဲ႔ပတ္သက္ၿပီး ဘယ္ေလာက္ထိ အႏၱရာယ္႐ွိေနသလဲဆိုတာ က်န္းမာေရး၀န္ႀကီးဌာနက ဆင္းစစ္ေစခ်င္ပါတယ္။ ေဒသခံေတြက ေျမလြတ္ေျမ႐ိုင္းေလးေတြ ေလွ်ာက္ခ်င္တယ္။ ကုမၸဏီေတြက ေျမဧကေတြ အမ်ားႀကီး ေလွ်ာက္ထားၾကတာျဖစ္ေတာ့ ေဒသခံေတြမွာ ရဖို႔မလြယ္ေတာ့ဘူး။ အင္အားႀကီးတဲ႔သူေတြပဲ ရသြားမွာကို စိုးရိမ္ေနၾကတယ္” ဟု  Magway EITI Watch Group မင္းလွတာဝန္ခံ မေအးႏြဲ႕က ေျပာသည္။

ေက်ာက္မီးေသြးတူးေဖာ္ခြင့္ကို ဝင္းအားမာန္ကုမၸဏီ၊ ဇက္စ္တ္ကုမၸဏီ၊ လင္းကုမၸဏီႏွင့္ ကာဗြန္စြမ္းအင္ကုမၸဏီတုိ႔က ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု  - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေငံကျေးရွာအုပ်စု စက်စက်ယိုကျေးရွာအနီးရှိ မြေဧက (၇၀၀) ကျော်တွင် ကျောက်မီးသွေးတူးဖော်ရန် လျှောက်ထားခြင်းအား ကန့်ကွက်ကြောင်း ကျေးရွာအုပ်ချုပ်ရေး အပါအဝင် ဒေသခံများက လက်မှတ်ထိုး၍ တိုင်းဒေသကြီးအစိုးရထံ ပေးပို့ထားကြောင်း သိရသည်။

သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေငံကျေးရွာအုပ်စု စက်စက်ယိုကျေးရွာအနီးရှိ မြေဧက (၇၀၀)တွင် ကျောက်မီးသွေးတူးဖော်ခွင့်ကို ကုမ္ပဏီ(၄)ခုက လျှောက်ထားခြင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးလယ်ယာစီမံခန့်ခွဲရေးကော်မတီနှင့် ဒေသခံစုစုပေါင်း (၁၀၂)ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော့်ဆီ ကန့်ကွက်စာရောက်တယ်။ ဝန်ကြီးချုပ် နဲ့ သယံဇာတဝန်ကြီးဆီလည်း စာတင်ထားတယ် ထင်တယ်။ အစိုးရအဖွဲ့အစည်းအဝေးထိုင်ပြီးမှ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ပြောလို့ရပါမယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဒေသတွင် ၂၀၁၄ ခုနှစ်ကတည်းက စတင်နေသည့် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းများကြောင့် နွေရာသီတွင် အလိုလျောက်မီးလောင်သည့် ညှော်နံ့များကြောင့် လေထုညစ်ညမ်းခြင်း၊ ကျေးရွာသောက်သုံးရေကန်များတွင် ရေဆိုးများစီးဝင်ခြင်း၊ သစ်ဝါးများစည်း ကမ်းမဲ့ခုတ်ယူအသုံးပြုခြင်းကြောင့် သစ်ဝါးရှားပါးလာခြင်း၊ ကျင်းဟောင်းများအတွင်း ကျွဲနွားများ ပြုတ်ကျ သေဆုံးခြင်း၊ စွန့်ပစ်မြေများ စနစ်တကျမစွန့်၍ လယ်မြေများ တိမ်ကောလာခြင်းတို့ကြောင့် လုပ်ကွက်သစ်များ ခွင့်ပြုပေးခြင်းမပြုပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဒေသခံများက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

 “ပြည်သူတွေမှာ နစ်နာမှုတွေ ရှိနေပါတယ်။ လေထု၊ ရေထုနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက ဆင်းစစ်စေချင်ပါတယ်။ ဒေသခံတွေက မြေလွတ်မြေရိုင်းလေးတွေ လျှောက်ချင်တယ်။ ကုမ္ပဏီတွေက မြေဧကတွေ အများကြီး လျှောက်ထားကြတာဖြစ်တော့ ဒေသခံတွေမှာ ရဖို့မလွယ်တော့ဘူး။ အင်အားကြီးတဲ့သူတွေပဲ ရသွားမှာကို စိုးရိမ်နကြေတယ်” ဟု Magway EITI Watch Group မင်းလှတာဝန်ခံ မအေးနွဲ့က ပြောသည်။

ကျောက်မီးသွေးတူးဖော်ခွင့်ကို ဝင်းအားမာန်ကုမ္ပဏီ၊ ဇက်စ်တ်ကုမ္ပဏီ၊ လင်းကုမ္ပဏီနှင့် ကာဗွန်စွမ်းအင်ကုမ္ပဏီတို့က လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net