ကျောက်မဲမြို့နယ်အတွင်း လျှပ်စစ်မီတာအသုံးပြုခ ပြောင်းလဲကောက်ခံမှု စတင်မည်ဖြစ်၍ လက်ကျန်မီတာဖတ်ခြင်းအား အဖွဲ့ (၁၆)ဖွဲ့ခွဲ၍ ဆောင်ရွက်

ကျောက်မဲမြို့နယ်အတွင်း လျှပ်စစ်မီတာအသုံးပြုခ ပြောင်းလဲကောက်ခံမှု စတင်မည်ဖြစ်၍ လက်ကျန်မီတာဖတ်ခြင်းအား အဖွဲ့ (၁၆)ဖွဲ့ခွဲ၍ ဆောင်ရွက်
ဇူလိုငျ 1, 2019
By Tachileik News Agency


၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အသုံးပြုထားသော မီတာပြဂဏန်းများနှင့် နှုန်းထားအသစ်ဖြင့်ကောက်ခံမည့် ယူနစ်များရောထွေးမှု မရှိစေရန်အတွက် နှုန်းထား အဟောင်းများဖြင့် အသုံးပြုထားသည့် သုံးစွဲယူနစ်များကို လိုက်လံဖတ်ရှုမှတ်သားမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 "ပြည်နယ်ရုံးချုပ်နဲ့ ခရိုင်ရုံးချုပ်ကနေပြီးတော့ တိုက်ရိုက်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ဝန်ထမ်းတွေက အဖွဲ့ (၁၆)ဖွဲ့ ခွဲပြီး ကျောက်မဲတစ်မြို့နယ်လုံးမှာရှိတဲ့ မီတာအားလုံးကို မီတာပြဂဏန်းလိုက်လံဖတ်ရှုနေတာဖြစ်ပါတယ်၊ တစ်ခြား တိုင်းနဲ့ပြည်နယ်တွေမှာလဲ နှုန်းထားအဟောင်းနဲ့ အသစ် မရောထွေးစေဖို့ အခုလိုပဲလုပ်မှာဖြစ်ပါတယ်၊ နှုန်းထားအဟောင်းနဲ့ကောက်ခံခဲ့တုန်းက လက်ကျန်ယူနစ်တွေနဲ့ ၂၀၁၉ ၊ ဇွန်လ ၃၀ ရက်နေ့အထိ အသုံးပြုထားတဲ့ ယူနစ်တွေကိုပေါင်းပြီး မှတ်တမ်းတင်ထားဖို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ် "ဟု ကျောက်မဲမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးကျော်နိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင် (၁)ရက်တွင် ပြောသည်။



Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း လက်ရှိအသုံးပြုနေသည့်မီတာများအားလုံးကို ဓာတ်အားခ ပြောင်းလဲကောက်ခံမှုစတင်မည့် ဇူလိုင်လ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ လက်ကျန်မီတာပြဂဏန်းဖတ်ခြင်း လုပ်ငန်းအား အဖွဲ့ (၁၆)ဖွဲ့ခွဲ၍ လိုက်လံကောက်ခံနေကြောင်း ကျောက်မဲမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အသုံးပြုထားသော မီတာပြဂဏန်းများနှင့် နှုန်းထားအသစ်ဖြင့်ကောက်ခံမည့် ယူနစ်များရောထွေးမှု မရှိစေရန်အတွက် နှုန်းထား အဟောင်းများဖြင့် အသုံးပြုထားသည့် သုံးစွဲယူနစ်များကို လိုက်လံဖတ်ရှုမှတ်သားမှု လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

 "ပြည်နယ်ရုံးချုပ်နဲ့ ခရိုင်ရုံးချုပ်ကနပြေီးတော့ တိုက်ရိုက်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ဝန်ထမ်းတွေက အဖွဲ့ (၁၆)ဖွဲ့ ခွဲပြီး ကျောက်မဲတစ်မြို့နယ်လုံးမှာရှိတဲ့ မီတာအားလုံးကို မီတာပြဂဏန်းလိုက်လံဖတ်ရှုနေတာဖြစ်ပါတယ်၊ တစ်ခြား တိုင်းနဲ့ပြည်နယ်တွေမှာလဲ နှုန်းထားအဟောင်းနဲ့ အသစ် မရောထွေးစေဖို့ အခုလိုပဲလုပ်မှာဖြစ်ပါတယ်၊ နှုန်းထားအဟောင်းနဲ့ကောက်ခံခဲ့တုန်းက လက်ကျန်ယူနစ်တွေနဲ့ ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့အထိ အသုံးပြုထားတဲ့ ယူနစ်တွေကိုပေါင်းပြီး မှတ်တမ်းတင်ထားဖို့ လုပ်ဆောင်နခြေင်းဖြစ်ပါတယ် "ဟု ကျောက်မဲမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးကျော်နိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင် (၁)ရက်တွင် ပြောသည်။

ဇူလိုင် (၁)ရက်နေ့မှ (၅)ရက်နေ့အထိ မီတာယူနစ်များ မှန်ကန်စွာ ဖတ်ရှုနိုင်ရန်အတွက် မီတာတပ်ဆင် အသုံးပြုနေသူများက နေအိမ်တွင် အသိသက်သေအဖြစ် အနည်းဆုံး လူတစ်ဦး ရှိနေပေးရန်၊ ဇူလိုင်လ (၅)ရက်နေ့အထိ မိမိတို့နေအိမ်ရှိ မီတာအား လာရောက်ဖတ်ရှု မှတ်တမ်းတင်ခြင်းမရှိခဲ့ပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားခြင်းပြုလုပ်ရန်၊ လက်ကျန်ယူနစ်/ မီတာပြဂဏန်းအား ဖတ်ရှုရာတွင် မှန်ကန်မှုရှိမရှိ ကိုယ်တိုင် စစ်ဆေးနိုင်ပြီး အတည်ပြုလက်မှတ်ရေးထိုးပေးရန် စသည်တို့ကိုလည်း ကျောက်မဲမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက လူမှုကွန်ယက်တွင် ကြေညာပေးထားသည်။

ကျောက်မဲမြို့နယ်တစ်ခုလုံးတွင် လက်ရှိအချိန်ထိ တပ်ဆင်အသုံးပြုနေသည့် မီတာအလုံးပေါင်း ( ၁၄,၆၅၄ ) ရှိပြီး လိုက်လံဖတ်ရှုမှတ်တမ်းတင်မည့် အဖွဲ့ (၁၆)ဖွဲ့ရှိကာ တစ်ဖွဲ့လျှင် (၃)ဦးစီပါဝင်၍ အချိန် (၅)ရက်တာ ကာလအတွင်း တစ်ဖွဲ့လျှင်မီတာအလုံးရေ (၉၁၅)လုံးခန့်ကို လိုက်လံ ဖတ်ရှုနိုင်ရန်လုပ်ဆောင်နေကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net