ျမန္မာ - လာအို နယ္စပ္ က်ိဳင္းလပ္ၿမို႕ရိွ စာသင္ေက်ာင္း (၂) ေက်ာင္းတြင္ သတၱဳလုပ္ငန္းရွင္ တစ္ဦးမွ က်ပ္သိန္း (၃၄၀၀) ေက်ာ္အကုန္အက်ခံကာ ၀န္ထမ္းအိမ္ယာမ်ားေဆာက္လုပ္ေပး

ျမန္မာ - လာအို နယ္စပ္ က်ိဳင္းလပ္ၿမို႕ရိွ စာသင္ေက်ာင္း (၂) ေက်ာင္းတြင္ သတၱဳလုပ္ငန္းရွင္ တစ္ဦးမွ က်ပ္သိန္း (၃၄၀၀) ေက်ာ္အကုန္အက်ခံကာ ၀န္ထမ္းအိမ္ယာမ်ားေဆာက္လုပ္ေပး
ဇူလိုင် 8, 2019
By Tachileik News Agency
 ျမန္မာ - လာအို နယ္စပ္ေဒသ၊ က်ိဳင္းလပ္ၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း(၀မ္နက္)ႏွင့္ အေျခခံမႈလတန္းေက်ာင္း(၀မ္လံု)တို႔တြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ဆရာ၊ ဆရာမမ်ားေနထိုင္ႏိုင္ရန္အတြက္ ရွမ္းေရွ႕ေရႊႀတိဂံဇုန္ဖြံ႔ၿဖိဳးတုိးတက္ေရးကုမၸဏီက က်ပ္သိန္း (၃,၄၀၀)ေက်ာ္အကုန္အက်ခံကာ ၀န္ထမ္းအိမ္ရာ (၂) လံုးတည္ေဆာက္ေပးေနေၾကာင္း သိရသည္။

"လက္ရိွက ေက်ာင္းမွာ ဆရာ၊ ဆရာမအင္အားက (၁၇) ဦးရိွတယ္။ လက္ရိွမွာ ေက်ာင္း၀န္းထဲမွာ ေနသလို ေထြအုပ္ရဲ႕ ၀န္ထမ္းအိမ္ရာမွာလည္း ေနေနရတယ္။ အခု၀န္ထမ္းအိမ္ရာက ဧၿပီလထဲမွာ စေေဆာက္ၿပီးေတာ့ (၁၀) လပိုင္းထဲၿပီးမယ္လို႔ ေျပာတယ္"ဟု အေျခခံပညာအထက္တန္းေက်ာင္း(၀မ္နက္)မွ က်ာင္းအုပ္ဆရာမႀကီး ေဒၚၾကဴၾကဴခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းလပ္ၿမို႕  အေျခခံမႈလတန္းေက်ာင္း(၀မ္လံု)တြင္ (၃) ခန္းတြဲ (၂) ထပ္အေဆာက္အဦးကို က်ပ္သိန္း (၁၀၄၀) အကုန္အက်ခံ တည္ေဆာက္ခဲ့ၿပီး၊ ၂၀၁၉ ခုနွစ္ဧၿပီလမွစတင္ကာ တာ၀န္က်ဆရာ၊ ဆရာမမ်ာအား ေနထိုင္ခြင့္ ေပးခဲ့ေၾကာင္း ႏွင့္  အထက(၀မ္နက္)တြင္ အလ်ား (၁၂၈) ေပ၊ အနံ (၃၀) ေပရိွ (၈) ခန္းတြဲ (၂) ထပ္အေဆာက္အဦးကို က်ပ္သိန္း (၂၄,၄၆) သိန္း အကုန္အက်ခံတည္ေဆာက္ေနေၾကာင္း သိရသည္။

က်ိဳင္းလပ္ၿမို႕ရိွ အထက(၀မ္နက္)အား (၂) ထပ္အေဆာက္အဦးေဆာက္လုပ္လွဴဒါန္းရန္ သတၱဳလုပ္ငန္းရွင္ (၂) ဦးနွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္တို႔က သြားေရာက္ေလ့လာရာတြင္ ဆရာ၊ ဆရာမမ်ားေနထိုင္ေနရသည့္ အေဆာင္မ်ားကိုေတြ႕ရိွခဲ့ရသျဖင့္ (၂) ထပ္ေက်ာင္းေဆာင္အျပင္ ၀န္ထမ္းအိမ္ရာပါ ေဆာက္လုပ္လွဴဒါန္းရန္စီစဥ္ခဲ့ၿပီး ေက်ာင္းေဆာက္လုပ္ေရးအတြက္ ဌာနဆိုင္ရာအဆင့္ဆင့္သို႔ စာတင္ျပခဲ့ေသာ္လည္း (၆) လေက်ာ္ၾကာသည္အထိ အေၾကာင္းျပန္ၾကားခဲ့ျခင္းမရိွေၾကာင္း သိရသည္။

အထက(၀မ္နက္)အား အစိုးရခြင့္ျပဳဘ႑ာေငြ ရရိွသျဖင့္ ဆရာ၊ ဆရာမမ်ားအတြက္ လိုအပ္ေနသည့္ ၀န္ထမ္းအိမ္ရာမ်ား ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ၿပီး ယခင္က သတၱဳလုပ္ငန္းရွင္ (၂) ဦးကလွဴဒါန္းရန္ စီစဥ္ခဲ့ေသာ္လည္း လက္ရိွတြင္ ရွမ္းေရွ႕ေရႊႀတိဂံဇုန္ဖြံ႔ၿဖိဳးတုိးတက္ေရးကုမၸဏီမွ ဦးေအာင္ခင္ တစ္ဦးတည္းက အကုန္က်ခံ ေဆာက္လုပ္ေပးေနေၾကာင္း သိရသည္။ 

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

 မြန်မာ - လာအို နယ်စပ်ဒေသ၊ ကျိုင်းလပ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နက်)နှင့် အခြေခံမှုလတန်းကျောင်း(ဝမ်လုံ)တို့တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနေထိုင်နိုင်ရန်အတွက် ရှမ်းရှေ့ရွှတြေိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ကျပ်သိန်း (၃,၄၀၀)ကျော်အကုန်အကျခံကာ ဝန်ထမ်းအိမ်ရာ (၂) လုံးတည်ဆောက်ပေးနေကြောင်း သိရသည်။

"လက်ရှိက ကျောင်းမှာ ဆရာ၊ ဆရာမအင်အားက (၁၇) ဦးရှိတယ်။ လက်ရှိမှာ ကျောင်းဝန်းထဲမှာ နေသလို ထွေအုပ်ရဲ့ ဝန်ထမ်းအိမ်ရာမှာလည်း နေနေရတယ်။ အခုဝန်ထမ်းအိမ်ရာက ဧပြီလထဲမှာ စဆောက်ပြီးတော့ (၁၀) လပိုင်းထဲပြီးမယ်လို့ ပြောတယ်"ဟု အခြေခံပညာအထက်တန်းကျောင်း(ဝမ်နက်)မှ ကျာင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းလပ်မြို့ အခြေခံမှုလတန်းကျောင်း(ဝမ်လုံ)တွင် (၃) ခန်းတွဲ (၂) ထပ်အဆောက်အဦးကို ကျပ်သိန်း (၁၀၄၀) အကုန်အကျခံ တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်ဧပြီလမှစတင်ကာ တာဝန်ကျဆရာ၊ ဆရာမမျာအား နေထိုင်ခွင့် ပေးခဲ့ကြောင်း နှင့် အထက(ဝမ်နက်)တွင် အလျား (၁၂၈) ပေ၊ အနံ (၃၀) ပေရှိ (၈) ခန်းတွဲ (၂) ထပ်အဆောက်အဦးကို ကျပ်သိန်း (၂၄,၄၆) သိန်း အကုန်အကျခံတည်ဆောက်နေကြောင်း သိရသည်။

ကျိုင်းလပ်မြို့ရှိ အထက(ဝမ်နက်)အား (၂) ထပ်အဆောက်အဦးဆောက်လုပ်လှူဒါန်းရန် သတ္တုလုပ်ငန်းရှင် (၂) ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်တို့က သွားရောက်လေ့လာရာတွင် ဆရာ၊ ဆရာမများနေထိုင်နေရသည့် အဆောင်များကိုတွေ့ရှိခဲ့ရသဖြင့် (၂) ထပ်ကျောင်းဆောင်အပြင် ဝန်ထမ်းအိမ်ရာပါ ဆောက်လုပ်လှူဒါန်းရန်စီစဉ်ခဲ့ပြီး ကျောင်းဆောက်လုပ်ရေးအတွက် ဌာနဆိုင်ရာအဆင့်ဆင့်သို့ စာတင်ပြခဲ့သော်လည်း (၆) လကျော်ကြာသည်အထိ အကြောင်းပြန်ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

အထက(ဝမ်နက်)အား အစိုးရခွင့်ပြုဘဏ္ဍာငွေ ရရှိသဖြင့် ဆရာ၊ ဆရာမများအတွက် လိုအပ်နေသည့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်က သတ္တုလုပ်ငန်းရှင် (၂) ဦးကလှူဒါန်းရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ရှမ်းရှေ့ရွှတြေိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဦးအောင်ခင် တစ်ဦးတည်းက အကုန်ကျခံ ဆောက်လုပ်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net