ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳ အခမ္းအနား က်င္းပ

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳ အခမ္းအနား က်င္းပ
ဇူလိုင် 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ (၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ခဲ့ၿပီး ၿမိဳ႕တြင္း သတ္မွတ္ေနရာမ်ားတြင္ မီးသတ္ယာဥ္မ်ားျဖင့္ နံနက္(၁၀)နာရီ (၃၇)မိနစ္တြင္ တစ္ၿပိဳင္နက္တည္း ဥၾသဆြဲကာ ဂါရ၀ျပဳခဲ့ၾကသည္။

ရွမ္းရိုးမကြင္းအတြင္း က်င္းပျပဳလုပ္သည့္ အဆိုပါ အခမ္းအနားသို႔ စစ္ဗ်ဴဟာ(အေျခခ်)တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေသာ္ဇင္ဦး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ ႏွင့္ ခရိုင္အဆင့္ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသားကိုယ္စားျပဳ စာေပႏွင့္ယဥ္ေက်းမႈ အသင္းအဖြဲ႔မ်ား၊ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ပညာေရး၀န္ထမ္းမ်ား ႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္ အစုအဖြဲ႔မ်ား ႏွင့္ ႏိုင္ငံေရးပါတီမ်ား အပါအ၀င္ ေဒသခံျပည္သူမ်ား တက္ေရာက္ကာ လြမ္းသူ႔ပန္းေခြခ်ကာ စုေပါင္း ဂါရ၀ျပဳခဲ့ၾကသည္။

တာခ်ီလိတ္တြင္ (၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ဇူလိုင္လ(၁၈)ရက္ေန႔က ေအာင္ျမတ္ ခန္းမတြင္   အေျခခံပညာအဆင့္ စာစီစာကံုး၊ ကဗ်ာရြတ္ဆို၊ ဂုဏ္ျပဳေတးအဆိုၿပိဳင္ပြဲမွ ဆုရေက်ာင္းသားမ်ားကို ဆုခ်ီးျမႇင့္ျခင္းႏွင့္ ေတးသရုပ္ေဖာ္အပါအ၀င္ ျပဇာတ္ကျပမႈမ်ားျဖင့္ ထည့္သြင္းက်င္းပခဲ့သည္။

ဇူလိုင္လ(၁၉)ရက္ေန႔ နံနက္အေစာပိုင္းတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား  ရည္စူး၍ အရုဏ္ဆြမ္းဆက္ကပ္ျခင္း ႏွင့္ ေရစက္ခ်တရားနာျခင္းမ်ားျဖင့္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ ဂါရဝပြု အခမ်းအနားအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ပြီး မြို့တွင်း သတ်မှတ်နေရာများတွင် မီးသတ်ယာဉ်များဖြင့် နံနက်(၁၀)နာရီ (၃၇)မိနစ်တွင် တစ်ပြိုင်နက်တည်း ဥသြဆွဲကာ ဂါရဝပြုခဲ့ကြသည်။

ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားကိုယ်စားပြု စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့များ နှင့် နိုင်ငံရေးပါတီများ အပါအဝင် ဒေသခံပြည်သူများ တက်ရောက်ကာ လွမ်းသူ့ပန်းခွေချကာ စုပေါင်း ဂါရဝပြုခဲ့ကြသည်။

တာချီလိတ်တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ(၁၈)ရက်နေ့က အောင်မြတ် ခန်းမတွင် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ဂုဏ်ပြုတေးအဆိုပြိုင်ပွဲမှ ဆုရကျောင်းသားများကို ဆုချီးမြှင့်ခြင်းနှင့် တေးသရုပ်ဖော်အပါအဝင် ပြဇာတ်ကပြမှုများဖြင့် ထည့်သွင်းကျင်းပခဲ့သည်။

ဇူလိုင်လ(၁၉)ရက်နေ့ နံနက်အစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အရုဏ်ဆွမ်းဆက်ကပ်ခြင်း နှင့် ရေစက်ချတရားနာခြင်းများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net