မိုင္းဆတ္ ျပန္/ဆက္မွ နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ ဌာနဆိုင္ရာရံုးမ်ားႏွင့္ ရပ္ကြက္ ေက်းရြာမ်ားအျပင္ စာသင္ေက်ာင္းမ်ားသို႔ လိုက္လံ ၀န္ေဆာင္မႈေပး

မိုင္းဆတ္ ျပန္/ဆက္မွ နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ ဌာနဆိုင္ရာရံုးမ်ားႏွင့္ ရပ္ကြက္ ေက်းရြာမ်ားအျပင္ စာသင္ေက်ာင္းမ်ားသို႔ လိုက္လံ ၀န္ေဆာင္မႈေပး
ဇူလိုင် 11, 2019
By Tachileik News Agency

နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ စာဖတ္သူ လက္၀ယ္အေရာက္ ျပည္သူ႔၀န္ေဆာင္မႈေပးျခင္းကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ဌာနဆိုင္ရာ ရံုးမ်ားႏွင့္ ရပ္ကြက္အပါအ၀င္ စာသင္ေက်ာင္းမ်ား၌ အပတ္စဥ္ ျပဳလုပ္ရာ အႀကိဳက္ေတြ႔သူမ်ားေၾကာင္း သိရသည္။

"နယ္လွည့္စာၾကည့္တိုက္စနစ္ အေနန႔ဲ အရင္ကတည္းက လုပ္ေနတာ၊ အႀကိဳက္ေတြ႔သူမ်ားပါတယ္၊ ဌာနရံုးေတြမွာေတာ့ စာအုပ္ေတြကို ငွားေပးခဲ့တယ္၊ ရပ္ကြက္ ေက်းရြာနဲ႔ စာသင္ေက်ာင္းေတြမွာေတာ့ တစ္ထိုင္တည္း ဖတ္တဲ့ စနစ္လုပ္ရတာေပါ့။  ရပ္ကြက္  နဲ႔ စာသင္ေက်ာင္းေတြၾကေတာ့ တစ္လကို ႏွစ္ႀကိမ္ သြားတယ္၊ ရံုးဌာနေတြကိုေတာ့ တစ္ပတ္ (၁)ႀကိမ္ ၾကာသပေတးေန႔တိုင္းသြားတယ္။"ဟု ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဌာနမွ မိုင္းဆတ္ခရိုင္ဦးစီးမွဴး ဦးသန္းေဇာ္ဦး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ စာဖတ္သူ လက္၀ယ္အေရာက္ ျပည္သူ႔၀န္ေဆာင္မႈေပးျခင္းကို အပတ္စဥ္ ေဆာင္ရြက္ေနလ်က္ရွိၿပီး ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၁)ရက္ေန႔တြင္ ၿမိဳ႕သစ္ရပ္ကြက္၊ ၿမိဳ႕နယ္တရား႐ုံး၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရး႐ုံး၊ ခ႐ိုင္စိုက္ပ်ိဳးေရး႐ုံး၊ ၿမိဳ႕နယ္ဆည္ေျမာင္း႐ုံး၊ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ဥပေဒ႐ုံး၊ ခ႐ိုင္စာရင္းစစ္႐ုံးႏွင့္ အမ်ိဳးသမီးသက္ေမြးပညာသင္တန္းေက်ာင္းမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

ဌာနဆိုင္ရာရံုးမ်ားတြင္ နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ ျပည္သူ႔၀န္ေဆာင္မႈေပးရာတြင္ ယခင္ငွားရမ္းထားေသာ စာအုပ္မ်ားအား ျပန္လည္သိမ္းဆည္း၍ စာအုပ္သစ္မ်ား ထပ္မံငွားရမ္းေပးခဲ့ၿပီး ထို႔သို႔ငွားရမ္းေပးရျခင္း ႏွင့္ နယ္လွည့္ရျခင္းမွာ စာၾကည့္တိုက္သို႔လာေရာက္ငွားရမ္းႏိုင္ျခင္းမရိွသည့္ စာဖတ္သူမ်ားအတြက္ အဆင္ေျပရန္ ရည္ရြယ္ေၾကာင္း သိရသည္။

မိုင္းဆတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ နယ္လွည့္စာၾကည့္တိုက္စနစ္ျဖင့္ စာဖတ္သူ လက္၀ယ္ စာအုပ္စာေပ ေရာက္ရွိဖတ္ရႈေရး အစီအစဥ္အား ယခင္ကတည္းက ျပဳလုပ္လာျခင္းျဖစ္ၿပီး လက္ရွိတြင္ ၎တို႔၏ စာၾကည့္တိုက္၌ ရသစံုစာအုပ္ေပါင္း တစ္ေသာင္းေက်ာ္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ယဥ္ယဥ္၀င္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်အပါအဝင် စာသင်ကျောင်းများ၌ အပတ်စဉ် ပြုလုပ်ရာ အကြိုက်တွေ့သူများကြောင်း သိရသည်။

"နယ်လှည့်စာကြည့်တိုက်စနစ် အနေနဲ့ အရင်ကတည်းက လုပ်နေတာ၊ အကြိုက်တွေ့သူများပါတယ်၊ ဌာနရုံးတွေမှာတော့ စာအုပ်တွေကို ငှါးပေးခဲ့တယ်၊ ရပ်ကွက် ကျေးရွာနဲ့ စာသင်ကျောင်းတွေမှာတော့ တစ်ထိုင်တည်း ဖတ်တဲ့ စနစ်လုပ်ရတာပေါ့။ ရပ်ကွက် နဲ့ စာသင်ကျောင်းတွကြေတော့ တစ်လကို နှစ်ကြိမ် သွားတယ်၊ ရုံးဌာနတွေကိုတော့ တစ်ပတ် (၁)ကြိမ် ကြာသပတေးနေ့တိုင်းသွားတယ်။"ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းကို အပတ်စဉ် ဆောင်ရွက်နေလျက်ရှိပြီး ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် မြို့သစ်ရပ်ကွက်၊ မြို့နယ်တရားရုံး၊ မြို့နယ်စိုက်ပျိုးရေးရုံး၊ ခရိုင်စိုက်ပျိုးရေးရုံး၊ မြို့နယ်ဆည်မြောင်းရုံး၊ ခရိုင်နှင့်မြို့နယ်ဥပဒေရုံး၊ ခရိုင်စာရင်းစစ်ရုံးနှင့် အမျိုးသမီးသက်မွေးပညာသင်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဌာနဆိုင်ရာရုံးများတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် ယခင်ငှါးရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်း၍ စာအုပ်သစ်များ ထပ်မံငှါးရမ်းပေးခဲ့ပြီး ထို့သို့ငှါးရမ်းပေးရခြင်း နှင့် နယ်လှည့်ရခြင်းမှာ စာကြည့်တိုက်သို့လာရောက်ငှါးရမ်းနိုင်ခြင်းမရှိသည့် စာဖတ်သူများအတွက် အဆင်ပြေရန် ရည်ရွယ်ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ် စာအုပ်စာပေ ရောက်ရှိဖတ်ရှုရေး အစီအစဉ်အား ယခင်ကတည်းက ပြုလုပ်လာခြင်းဖြစ်ပြီး လက်ရှိတွင်၎င်းတို့၏ စာကြည့်တိုက်၌ ရသစုံစာအုပ်ပေါင်း တစ်သောင်းကျော်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ယဉ်ယဉ်ဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net