Copy this code and paste it between the and tags of your site: ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕မွ H1N1 ရာသီတုပ္ေကြးေရာဂါ အတည္ျပဳကေလးလူနာႏွစ္ဦး အေျခအေနေကာင္းမြန္ | ❃ Tachileik News Agency ❃ www.tachileik.net
Update News

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕မွ H1N1 ရာသီတုပ္ေကြးေရာဂါ အတည္ျပဳကေလးလူနာႏွစ္ဦး အေျခအေနေကာင္းမြန္

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ H1N1 ရာသီတုပ္ေကြးေရာဂါ အတည္ျပဳ ကေလးလူနာ (၂)ဦးမွာ အေျခအေန တိုးတက္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း လိြဳင္ေကာ္ျပည္သူ႔ေဆးရံုအုပ္ႀကီးက ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၄)ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

ေဆးရံုသို႔ ဇူလိုင္လ (၉) ရက္ေန႕တြင္ နာနတ္ေတာရပ္ကြက္မွ အသက္(၁၂)နွစ္အရြယ္ ေမာင္ဖ်က္ႏွင့္ ပန္ကန္းေက်းရြာ စိုက္ကြင္း-၃ မွ အသက္ (၈)လသားအရြယ္ ေမာင္လင္းသစ္ေအာင္တို႔ အဖ်ားေရာဂါျဖင့္ေရာက္ရိွလာရာ ရာသီတုပ္ေကြးေရာဂါ လကၡဏာမ်ားေတြ႕ရေသာေၾကာင့္ ဓါတ္ခြဲစမ္းသပ္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုကာလအတြင္းမွာ ကေလးေတြကို သီျခားအေဆာင္မွာ ေသခ်ာသင္ၾကားေလ့က်င့္ထားတဲ့ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ၾကပ္မတ္ကုသေနပါတယ္။ လူနာေစာင့္ေတြကိုလည္း ႏွာေခါင္းစည္းေတြ ျဖန္႔ေဝၿပီး အသိပညာ ေပးထားပါတယ္။ သူတို႔ကလြဲၿပီး ဘယ္သူမွ အဝင္မခံပါဘူး။ ကေလးေတြရဲ႕ အေျခအေနကေတာ့ ကေလးအထူးကုႀကီး ကုလိုက္တဲ့သုံးရက္ေလာက္အေနထားမွာ ေတာ္ေတာ္တိုးတက္ေကာင္းမြန္လာပါတယ္။ လက္ရွိအေနထားအရ စိုးရိမ္စရာမရွိပါဘူး “ဟု လိြဳင္ေကာ္ျပည္သူ႔ေဆးရုံအုပ္ႀကီး ေဒါက္တာစိန္စိန္က ေျပာသည္။

ရာသီတုပ္ေကြး H1N1 ျဖစ္ပြားသည့္လကၡဏာမ်ားျဖစ္သည့္ အပူခ်ိန္  (၃၈) ဒီကရီစင္တီဂရိတ္ ႏွင့္အထက္ အဖ်ားရွိျခင္း၊ ႏွာရည္ယိုျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္းႏွင့္ ႏုံးေခြျခင္းမ်ား ျဖစ္ပြားပါက နီးစပ္ရာေဆးဆိုင္ေဆးခန္းမ်ားတြင္ ကုသျခင္းမျပဳဘဲ ေဆးရုံႀကီးသို႕ အျမန္ဆုံးလာေရာက္ စစ္ေဆးကုသရန္ ဆရာဝန္မ်ားက တိုက္တြန္းထားၿပီး အျခားေရာဂါအခံရိွသူမ်ားအေနျဖင့္ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားပါက အသက္အႏၱရာယ္ဆံုးရံႈးႏုိင္သည္အထိ ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

"တကယ့္ျဖစ္ပြားေနတဲ့ေနရာေတြမွာ ေသဆုံးမႈမ်ားေနတာ ကိုယ္ဝန္ေဆာင္ေတြမ်ားပါတယ္။ ခုျဖစ္တဲ့ကေလးေတြေနတဲ့ ရပ္ကြက္အနီးမွာရွိတဲ့ ကိုယ္ဝန္ေဆာင္ေတြကို အဓိက ထိုးႏွံေပးမယ္။ ႀကိဳတင္ကာကြယ္တာ ပိုေကာင္းပါတယ္။ တကယ္လို႕ ရာသီတုပ္ေကြးလကၡဏာရွိလာရင္ နီးစပ္တဲ့ ေဆးခန္းေတြမွာမကုပါနဲ႔။ စပ္ေဆးေတြ မေသာက္ပါနဲ႔။ ေဆးရုံႀကီးကိုသာ တန္းလာပါ။ ကုသႏိုင္တဲ့ ေဆးေတြရွိပါတယ္။ ကုသႏိုင္ပါတယ္"ဟု ကယားျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဌးလြင္က ေျပာသည္။

ကယားျပည္နယ္အတြက္ ကာကြယ္ေဆးခြဲတမ္းရထားသည့္ ရာသီတုပ္ေကြးေရာဂါ ကာကြယ္ေဆး လူ(၁၈၀၀)ေက်ာ္စာကို ေဆးရုံႀကီးမ်ားရွိ က်န္းမာေရးဝန္ထမ္းမ်ား၊ ေက်းလက္မ်ားသို႔ သြားေရာက္ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရးဝန္ထမ္းမ်ားအားအျပင္ လက္ရိွ H1N1 ရာသီတုပ္ေကြးေရာဂါ အတည္ျပဳလူနာ ကေလးမ်ားေနထိုင္ရာ ရပ္ကြက္၊ ေက်းရြာမ်ားရွိ ကိုယ္ဝန္ေဆာင္မ်ား ကိုလည္း ထိုးႏွံေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် H1N1 ရာသီတုပ်ကွေးရောဂါ အတည်ပြု ကလေးလူနာ (၂)ဦးမှာ အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီးက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

ဆေးရုံသို့ ဇူလိုင်လ (၉) ရက်နေ့တွင် နာနတ်တောရပ်ကွက်မှ အသက်(၁၂)နှစ်အရွယ် မောင်ဖျက်နှင့် ပန်ကန်းကျေးရွာ စိုက်ကွင်း-၃ မှ အသက် (၈)လသားအရွယ် မောင်လင်းသစ်အောင်တို့ အဖျားရောဂါဖြင့်ရောက်ရှိလာရာ ရာသီတုပ်ကွေးရောဂါ လက္ခဏာများတွေ့ရသောကြောင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုကာလအတွင်းမှာ ကလေးတွေကို သီခြားအဆောင်မှာ သေချာသင်ကြားလေ့ကျင့်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကြပ်မတ်ကုသနေပါတယ်။ လူနာစောင့်တွေကိုလည်း နှာခေါင်းစည်းတွေ ဖြန့်ဝပြေီး အသိပညာ ပေးထားပါတယ်။ သူတို့ကလွဲပြီး ဘယ်သူမှ အဝင်မခံပါဘူး။ ကလေးတွေရဲ့ အခြေအနေကတော့ ကလေးအထူးကုကြီး ကုလိုက်တဲ့သုံးရက်လောက်အနေထားမှာ တော်တော်တိုးတက်ကောင်းမွန်လာပါတယ်။ လက်ရှိအနေထားအရ စိုးရိမ်စရာမရှိပါဘူး “ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိန်စိန်က ပြောသည်။

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသည့်လက္ခဏာများဖြစ်သည့် အပူချိန် (၃၈) ဒီကရီစင်တီဂရိတ် နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချခြေင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွခြေင်းများ ဖြစ်ပွားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းများတွင် ကုသခြင်းမပြုဘဲ ဆေးရုံကြီးသို့ အမြန်ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန်များက တိုက်တွန်းထားပြီး အခြားရောဂါအခံရှိသူများအနဖြေင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

"တကယ့်ဖြစ်ပွားနေတဲ့နေရာတွေမှာ သေဆုံးမှုများနေတာ ကိုယ်ဝန်ဆောင်တွေများပါတယ်။ ခုဖြစ်တဲ့ကလေးတွေနေတဲ့ ရပ်ကွက်အနီးမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို အဓိက ထိုးနှံပေးမယ်။ ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ်။ တကယ်လို့ ရာသီတုပ်ကွေးလက္ခဏာရှိလာရင် နီးစပ်တဲ့ ဆေးခန်းတွေမှာမကုပါနဲ့။ စပ်ဆေးတွေ မသောက်ပါနဲ့။ ဆေးရုံကြီးကိုသာ တန်းလာပါ။ ကုသနိုင်တဲ့ ဆေးတွေရှိပါတယ်။ ကုသနိုင်ပါတယ်"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။

ကယားပြည်နယ်အတွက် ကာကွယ်ဆေးခွဲတမ်းရထားသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး လူ(၁၈၀၀)ကျော်စာကို ဆေးရုံကြီးများရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက်များသို့ သွားရောက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအားအပြင် လက်ရှိ H1N1 ရာသီတုပ်ကွေးရောဂါ အတည်ပြုလူနာ ကလေးများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ကိုယ်ဝန်ဆောင်များ ကိုလည်း ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.