ေနာင္ခ်ဳိ ႏွင့္ ေက်ာက္မဲ အၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ အေၾကာင့္အမ်ဳိးမ်ဳိးေၾကာင့္ ေသဆံုးသြားသူမ်ားအတြက္ အလွူအဒါန္းျပဳလုပ္ကာ အမွ်ေပးေ၀မည္

ေနာင္ခ်ဳိ ႏွင့္ ေက်ာက္မဲ အၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ အေၾကာင့္အမ်ဳိးမ်ဳိးေၾကာင့္ ေသဆံုးသြားသူမ်ားအတြက္ အလွူအဒါန္းျပဳလုပ္ကာ အမွ်ေပးေ၀မည္
ဇူလိုင် 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္းတြင္ မေတာ္တဆမႈ အမ်ိဳးမ်ိဳးေၾကာင့္ ေသဆံုးသြားၾကသူမ်ားအတြက္ရည္စူး၍ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၆) ရက္ေန႔ ၌ ဝါဆိုသကၤန္းကပ္လွဴျခင္းႏွင့္ အမ်ွအတန္းေပးေဝမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္တင္ကားသမားမ်ားအဖြဲ႔က ဦးေဆာင္ၿပီး ဂုတ္တြင္းကားလမ္းတံတား  ယာဥ္ထိန္းနားေနေဆာင္အနီး သံဃာေတာ္(၁၀)ပါးကို ကပ္လွဴၾကမည္ျဖစ္ေၾကာင္း သိရသည္။

 "ဝါဆိုလျပည့္ေန႔ မနက္ (၁၀) နာရီေလာက္မွာ ဆရာေတာ္သံဃာေတာ္ေတြကို ဝါဆိုသကၤန္းကပ္လွဴျခင္းနဲ႔ ဆြမ္းကပ္ျခင္းေတြလုပ္မယ္။ ပရိတ္တရားနာယူတာေတြ ေမတၱာသုတ္စတဲ့တရားေတာ္ေတြနာယူၿပီး အႏၱရာယ္ ကင္းေစဖို႔အတြက္ အမွ်အတန္းေပးေဝတာေတြလုပ္မယ္။ ပရိတ္ေရဗူး ( ၃၀၀) ကို ကားသမားေတြဆီကို ျပန္ၿပီး မွ်ေဝေပးတာမ်ိဳးလုပ္မယ္" ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္တင္ကားသမားမ်ား အဖြဲ႔ ( ရန္ကုန္-မန္းေလး- မူဆယ္ ကုန္တင္ကားႀကီးမ်ား လူမႈကြန္ယက္ ) မွ ကိုသန္႔ေနလတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

မႏၱေလး - မူဆယ္လမ္းပိုင္းတစ္ေလွ်ာက္တြင္ မေတာ္တဆမႈမ်ားေၾကာင့္ ထိခိုက္ေသဆံုးသြားသူမ်ားအား က်ြတ္လြတ္ေစရန္အတြက္ ရည္ရြယ္ျပဳလုပ္ျခင္းျဖစ္ၿပီး ကုန္တင္ကားႀကီးသမားမ်ားက ကုသိုလ္ယူဦးေဆာင္ ျပဳလုပ္ျခင္းျဖစ္ကာ ပါဝင္ပူးေပါင္းလွဴဒါန္းလိုသူမ်ားကိုလည္း ဖိတ္ေခၚထားသည္။

မႏၱေလး-မူဆယ္ လမ္းပိုင္းတြင္ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ေသဆံုးရသူမ်ားကို ရည္စူးလွဴဒါန္းျခင္းကို ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ (၁၃) ရက္ေန႔က ပထမဦးဆံုးအႀကိမ္အျဖစ္ သီေပါၿမိဳ႕ရွိ စာေရးဆရာသီေပါကိုလတ္က ဦးေဆာင္ကာ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု -  ko Thant Nay Latt


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် မတော်တဆမှု အမျိုးမျိုးကြောင့် သေဆုံးသွားကြသူများအတွက်ရည်စူး၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်တင်ကားသမားများအဖွဲ့က ဦးဆောင်ပြီး ဂုတ်တွင်းကားလမ်းတံတား ယာဉ်ထိန်းနားနေဆောင်အနီး သံဃာတော်(၁၀)ပါးကို ကပ်လှူကြမည်ဖြစ်ကြောင်း သိရသည်။

 "ဝါဆိုလပြည့်နေ့ မနက် (၁၀) နာရီလောက်မှာ ဆရာတော်သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူခြင်းနဲ့ ဆွမ်းကပ်ခြင်းတွေလုပ်မယ်။ ပရိတ်တရားနာယူတာတွေ မေတ္တာသုတ်စတဲ့တရားတော်တွေနာယူပြီး အန္တရာယ် ကင်းစေဖို့အတွက် အမျှအတန်းပေးဝေတာတွေလုပ်မယ်။ ပရိတ်ရေဗူး ( ၃၀၀) ကို ကားသမားတွေဆီကို ပြန်ပြီး မျှဝေပေးတာမျိုးလုပ်မယ်" ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်တင်ကားသမားများ အဖွဲ့ ( ရန်ကုန်-မန်းလေး- မူဆယ် ကုန်တင်ကားကြီးများ လူမှုကွန်ယက် ) မှ ကိုသန့်နေလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး - မူဆယ်လမ်းပိုင်းတစ်လျှောက်တွင် မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးသွားသူများအား ကျွတ်လွတ်စေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ကုန်တင်ကားကြီးသမားများက ကုသိုလ်ယူဦးဆောင် ပြုလုပ်ခြင်းဖြစ်ကာ ပါဝင်ပူးပေါင်းလှူဒါန်းလိုသူများကိုလည်း ဖိတ်ခေါ်ထားသည်။

မန္တလေး-မူဆယ် လမ်းပိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရသူများကို ရည်စူးလှူဒါန်းခြင်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် သီပေါမြို့ရှိ စာရေးဆရာသီပေါကိုလတ်က ဦးဆောင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ko Thant Nay Latt

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net