တရားမ၀င္ သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုး (၆၇၉)ကီလိုကို ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ

တရားမ၀င္ သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုး (၆၇၉)ကီလိုကို ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ
ဇူလိုင် 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) မူဆယ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေပၚရိွ သိန္းနီၿမိဳ႕၊ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ မူဆယ္ဘက္သို႔ သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုး (၆၇၉) ကီလိုဝန္းက်င္ကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၁)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရိႈးဘက္မွ မူဆယ္ဘက္သို႔ေမာင္းႏွင္လာေသာ Harrier အမ်ိဳးအစားေမာ္ေတာ္ယာဥ္တစ္စီးတြင္ အံဝွက္မ်ားျပဳလုပ္ကာ ထည့္သြင္း သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုးမ်ားကို ေန႔လယ္ (၁၁)နာရီခြဲဝန္းက်င္က စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္စိမ္းမ်ားကို တရားမဝင္သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ေမာင္း စိုင္းထြယ္ဖုန္းအား သိန္းနီၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ (ပ) ၈၄/ ၂၀၁၉ ၊ ေက်ာက္မ်က္ရတနာ ဥပေဒပုဒ္မ ၅၄(က)ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ယာဥ္ႏွင့္ ေက်ာက္စိမ္းတံုးမ်ားကိုလည္း သက္ဆိုင္ရာက ထိန္းသိမ္းထားေၾကာင္း သိရသည္။

ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးရိွ သိန္းနီၿမိဳ႕နယ္အတြင္းရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ တရုတ္ဘက္သို႔ တရားမဝင္ တင္ပို႔မည့္ ကုန္ပစၥည္းမ်ားႏွင့္ တရုတ္ဘက္မွ တရားမဝင္ တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႕ျဖင့္ပါ စစ္ေဆးေနျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေရပူစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သိန်းနီမြို့၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး (၆၇၉) ကီလိုဝန်းကျင်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးဘက်မှ မူဆယ်ဘက်သို့မောင်းနှင်လာသော Harrier အမျိုးအစားမော်တော်ယာဉ်တစ်စီးတွင် အံဝှက်များပြုလုပ်ကာ ထည့်သွင်း သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများကို နေ့လယ် (၁၁)နာရီခွဲဝန်းကျင်က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းများကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်မောင်း စိုင်းထွယ်ဖုန်းအား သိန်းနီမြို့ မြို့မရဲစခန်းတွင် (ပ) ၈၄/ ၂၀၁၉၊ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၄(က)ဖြင့် အမှုဖွင့်အရေးယူထားပြီး ယာဉ်နှင့် ကျောက်စိမ်းတုံးများကိုလည်း သက်ဆိုင်ရာက ထိန်းသိမ်းထားကြောင်း သိရသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးရှိ သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရုတ်ဘက်သို့ တရားမဝင် တင်ပို့မည့် ကုန်ပစ္စည်းများနှင့် တရုတ်ဘက်မှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့ဖြင့်ပါ စစ်ဆေးနခြေင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net