ေက်ာက္မဲၿမိဳ႕တြင္ လက္ဖက္ေျခာက္မ်ား သိုေလွာင္ထားသည့္ ေနအိမ္ လွ်ပ္စစ္၀ါယာႀကိဳးေရွာ့ျဖစ္ရာက မီးေလာင္ဆံုးရႈံး

ေက်ာက္မဲၿမိဳ႕တြင္ လက္ဖက္ေျခာက္မ်ား သိုေလွာင္ထားသည့္ ေနအိမ္ လွ်ပ္စစ္၀ါယာႀကိဳးေရွာ့ျဖစ္ရာက မီးေလာင္ဆံုးရႈံး
ဇူလိုင် 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ လွ်ပ္စစ္၀ါယာႀကိဳးမ်ားပူးကပ္၍ ေရွာ့ျဖစ္သြားရာမွ လက္ဖက္ေျခာက္မ်ား သို႔ေလွာင္ထားသည့္ ေနအိမ္ မီးေလာင္မႈ ျဖစ္ပြားရာ လက္ဖက္ေျခာက္အိတ္ အလံုး(၃၀) မီးေလာင္ကြ်မ္းကာ ဆံုးရႈံးမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇူလိုင္လ (၉)ရက္  ည (၈)နာရီ (၅၀)၀န္းက်င္က ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၃)ရပ္ကြက္၊ နယ္ေျမ (၄)ရွိ ႏွစ္ထပ္ေနအိမ္တစ္လံုး၏ အေပၚထပ္ မ်က္ႏွာက်က္တြင္ လွ်ပ္စစ္ဝါယာႀကိဳးမ်ား ေပါက္ျပဲ၍ ပူးကပ္ေရွာ့ျဖစ္ရာမွ စကၠဴဂ်ပ္ဖာမ်ား၊ လက္ဖက္ ေျခာက္အိတ္မ်ားသို႔ မီးကူးကာစတင္ေလာင္က်ြမ္းခဲ့ျခင္းျဖစ္သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔  ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွ မီးၿငိမ္းသတ္ယာဥ္ (၆)စီး၊ ေရသယ္ယာဥ္(၁)စီး၊ သေႏၶႏွင့္ အရံမီးသတ္ စုစုေပါင္း မီးသတ္အင္အား (၄၃)ဦးပါဝင္ကာ အနီးေန ျပည္သူမ်ားႏွင့္အတူ ၀ိုင္း၀န္း ၿငႇိမ္းသတ္ရာ  ည (၉)နာရီခြဲ၀န္းက်င္တြင္  လံုးဝမီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေပ ( ၄၀× ၃၆× ၉ ) အက်ယ္အဝန္းရွိ ေနအိမ္အေပၚထပ္တစ္ခုလံုးႏွင့္ အေပၚထပ္တြင္ သိုေလွာင္ထားေသာ လက္ဖက္ေျခာက္အိတ္ ( ၃၀) အပါအဝင္ ပ်က္ဆီးဆံုးရံႈးခဲ့ရၿပီး မီးေလာင္မႈျဖစ္ပြားသည့္ ေနအိမ္ပိုင္ရွင္ျဖစ္သူ ဦးလွေဖ အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ( ပ ) ၁၁၉/ ၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေက်ာက္မဲတြင္ ဇူလိုင္လ (၈)ရက္ေန႔ကလည္း KTV တစ္ခု၌ အမ်ိဳးသားတစ္ဦးက ဓါတ္ဆီေလာင္း၍ မီးရိႈ႕ခဲသျဖင့္ ႏွစ္ထပ္ေနအိမ္တစ္လံုးႏွင့္ အတြင္းပရိေဘာကပစၥည္းမ်ား မီးေလာင္ဆံုးရံႈးခဲ့ရၿပီး မီးရႈိ႕သူဟု ယူဆရသူ အမ်ိဳးသားမွာ ထြက္ေျပးတိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - FBG


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် လျှပ်စစ်ဝါယာကြိုးများပူးကပ်၍ ရှော့ဖြစ်သွားရာမှ လက်ဖက်ခြောက်များ သို့လှောင်ထားသည့် နေအိမ် မီးလောင်မှု ဖြစ်ပွားရာ လက်ဖက်ခြောက်အိတ် အလုံး(၃၀) မီးလောင်ကျွမ်းကာ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇူလိုင်လ (၉)ရက် ည (၈)နာရီ (၅၀)ဝန်းကျင်က ကျောက်မဲမြို့၊ အမှတ် (၃)ရပ်ကွက်၊ နယ်မြေ (၄)ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ် မျက်နှာကျက်တွင် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲ၍ ပူးကပ်ရှော့ဖြစ်ရာမှ စက္ကူဂျပ်ဖာများ၊ လက်ဖက် ခြောက်အိတ်များသို့ မီးကူးကာစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓနှေင့် အရံမီးသတ် စုစုပေါင်း မီးသတ်အင်အား (၄၃)ဦးပါဝင်ကာ အနီးနေ ပြည်သူများနှင့်အတူ ဝိုင်းဝန်း ငြှိမ်းသတ်ရာ ည (၉)နာရီခွဲဝန်းကျင်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပေ ( ၄၀× ၃၆× ၉ ) အကျယ်အဝန်းရှိ နေအိမ်အပေါ်ထပ်တစ်ခုလုံးနှင့် အပေါ်ထပ်တွင် သိုလှောင်ထားသော လက်ဖက်ခြောက်အိတ် ( ၃၀) အပါအဝင် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးလှဖေ အား ကျောက်မဲမြို့မရဲစခန်းတွင် ( ပ ) ၁၁၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောက်မဲတွင် ဇူလိုင်လ (၈)ရက်နေ့ကလည်း KTV တစ်ခု၌ အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း၍ မီးရှို့ခဲသဖြင့် နှစ်ထပ်နေအိမ်တစ်လုံးနှင့် အတွင်းပရိဘောကပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးရှို့သူဟု ယူဆရသူ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - FBG

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net