သတင္းေမးျမန္းသည့္ သတင္းေထာက္မ်ားအား ၿခိမ္းေျခာက္သည္ဟုဆိုကာ လားရိႈးမွ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ အမႈဖြင့္ခံရသတင္းေမးျမန္းသည့္ သတင္းေထာက္မ်ားအား ၿခိမ္းေျခာက္သည္ဟုဆိုကာ လားရိႈးမွ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ အမႈဖြင့္ခံရ

သတင္းေမးျမန္းသည့္ သတင္းေထာက္မ်ားအား ၿခိမ္းေျခာက္သည္ဟုဆိုကာ လားရိႈးမွ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ အမႈဖြင့္ခံရသတင္းေမးျမန္းသည့္ သတင္းေထာက္မ်ားအား ၿခိမ္းေျခာက္သည္ဟုဆိုကာ လားရိႈးမွ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ အမႈဖြင့္ခံရ
ဇူလိုင် 28, 2019
By Tachileik News Agency

သတင္းေထာက္မ်ားအား သတင္းေမးျမန္းခြင့္ေပးမည္ဟုဆိုကာ ရံုးခန္းသို႔ေခၚယူ ၿခိမ္းေျခာက္မႈျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ Gold Luck Water Park အားကစားကြင္းပိုင္ရွင္ ဦးရဲႏုိင္ကို DVB သတင္းဌာန၏ အလြတ္တန္းသတင္းေထာက္ ကိုခြန္ေဇာ္ဦးက ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားလိုက္သည္။

Gold Luck Water Park အားကစားကြင္းမွ အလုပ္သမားမ်ား လုပ္အားခအျပည့္မရသည့္ကိစၥအား သတင္းလုိက္ေနသည့္ DVB သတင္းဌာနမွ အလြတ္တန္းသတင္းေထာက္ ကိုခြန္ေဇာ္ဦးႏွင့္ ျမန္မာတုိင္းမ္သတင္းဌာနမွ အလြတ္တန္းသတင္းေထာက္ မျမတ္မိုးသူတုိ႔အား ဦးရဲႏိုင္က သတင္းေမးျမန္းခြင့္ေပးမည္ဟုဆိုကာ ဇူလုိင္လ (၂၂)ရက္ေန႔က ရံုးခန္းသို႔ေခၚခဲ့ၿပီးေနာက္ ၿခံဝန္းတံခါးပိတ္ကာ ၿခိမ္းေျခာက္ခဲ့သည့္အျပင္ လုိင္စင္မဲ့ကားစီးနင္းသည့္ ကိုခြန္ေဇာ္ဦးအား ယာဥ္ထိန္းတပ္ဖြဲ႕ထံ ဆက္သြယ္တုိင္ၾကားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ရံုးခန္းအတြင္းရိွ သတင္းေထာက္(၂)ဦးအား ၿခိမ္းေျခာက္ေျပာဆိုေနစဥ္ သတင္းရယူရန္ ထပ္မံေရာက္လာသည့္ RFA သတင္းဌာနမွ သတင္းေထာက္ ကိုကံသာကိုလည္း ၿခံဝန္းအတြင္း ဝင္ခြင့္မေပးဘဲ ၿခံတံခါးပိတ္ထားခဲ့ေၾကာင္း ကိုခြန္ေဇာ္ဦးက ရဲတပ္ဖြဲ႕ထံ တုိင္ၾကားစာတြင္ ေဖၚျပထားသည္။

သတင္းေထာက္မ်ား လာေရာက္ေမးျမန္းသည့္ေန႔က ရံုးပိတ္ရက္ျဖစ္သျဖင့္ ၿခံဝန္းတံခါးမ်ားကို ပံုမွန္အတိုင္း ပိတ္ထားျခင္းသာျဖစ္ၿပီး ကိုခြန္ေဇာ္ဦးက ၎အားေမးျမန္းျခင္းမရိွဘဲ ေရးသားထားသည့္ပို႔စ္အား ဖ်က္ေပးရန္ေျပာျခင္းျဖစ္သည္ဟု လုပ္ငန္းရွင္ဦးရဲႏုိင္က ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီသို႔ ေပးပို႔သည့္ တုိင္ၾကားစာတြင္ ေဖၚျပထားသည္။

ၿခိမ္းေျခာက္ခံရသည္ဟုဆိုကာ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ ကိုခြန္ေဇာ္ဦးက အမႈဖြင့္တုိင္ၾကားလာသျဖင့္ ဦးရဲႏုိင္အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၈၁/၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၄၂/၅၀၆ ျဖင့္အမႈဖြင့္ထားၿပီး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လုပ္ငန္းရွင္ ဦးရဲႏိုင္မွ အမႈဖြင့္တုိင္ၾကားထားသည့္အတြက္ ကိုခြန္ေဇာ္ဦးမွာ လားရိႈးၿမိဳ႕မရဲစခန္းတြင္ ဇူလုိင္လ (၂၈)ရက္ေန႔ နံနက္ပိုင္းက ပို႔/သြင္း - ၈ ျဖင့္ ဖမ္းဆီးခံထားရျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သတင်းထောက်များအား သတင်းမေးမြန်းခွင့်ပေးမည်ဟုဆိုကာ ရုံးခန်းသို့ခေါ်ယူ ခြိမ်းခြောက်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ Gold Luck Water Park အားကစားကွင်းပိုင်ရှင် ဦးရဲနိုင်ကို DVB သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်သည်။

Gold Luck Water Park အားကစားကွင်းမှ အလုပ်သမားများ လုပ်အားခအပြည့်မရသည့်ကိစ္စအား သတင်းလိုက်နေသည့် DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးနှင့် မြန်မာတိုင်းမ်သတင်းဌာနမှ အလွတ်တန်းသတင်းထောက် မမြတ်မိုးသူတို့အား ဦးရဲနိုင်က သတင်းမေးမြန်းခွင့်ပေးမည်ဟုဆိုကာ ဇူလိုင်လ (၂၂)ရက်နေ့က ရုံးခန်းသို့ခေါ်ခဲ့ပြီးနောက် ခြံဝန်းတံခါးပိတ်ကာ ခြိမ်းခြောက်ခဲ့သည့်အပြင် လိုင်စင်မဲ့ကားစီးနင်းသည့် ကိုခွန်ဇော်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရုံးခန်းအတွင်းရှိ သတင်းထောက်(၂)ဦးအား ခြိမ်းခြောက်ပြောဆိုနေစဉ် သတင်းရယူရန် ထပ်မံရောက်လာသည့် RFA သတင်းဌာနမှ သတင်းထောက် ကိုကံသာကိုလည်း ခြံဝန်းအတွင်း ဝင်ခွင့်မပေးဘဲ ခြံတံခါးပိတ်ထားခဲ့ကြောင်း ကိုခွန်ဇော်ဦးက ရဲတပ်ဖွဲ့ထံ တိုင်ကြားစာတွင် ဖော်ပြထားသည်။

သတင်းထောက်များ လာရောက်မေးမြန်းသည့်နေ့က ရုံးပိတ်ရက်ဖြစ်သဖြင့် ခြံဝန်းတံခါးများကို ပုံမှန်အတိုင်း ပိတ်ထားခြင်းသာဖြစ်ပြီး ကိုခွန်ဇော်ဦးက၎င်းအားမေးမြန်းခြင်းမရှိဘဲ ရေးသားထားသည့်ပို့စ်အား ဖျက်ပေးရန်ပြောခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်ဦးရဲနိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ခြိမ်းခြောက်ခံရသည်ဟုဆိုကာ ဇူလိုင်လ (၂၈)ရက်နေ့တွင် ကိုခွန်ဇော်ဦးက အမှုဖွင့်တိုင်ကြားလာသဖြင့် ဦးရဲနိုင်အား လားရှိုးမြို့မရဲစခန်းတွင် (ပ)၂၈၁/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၄၂/၅၀၆ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

လုပ်ငန်းရှင် ဦးရဲနိုင်မှ အမှုဖွင့်တိုင်ကြားထားသည့်အတွက် ကိုခွန်ဇော်ဦးမှာ လားရှိုးမြို့မရဲစခန်းတွင် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းက ပို့/သွင်း - ၈ ဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net