က်ဳိင္းတံုၿမိဳ႕ရွိ အေ၀းေျပးယာဥ္ရပ္နားစခန္းတြင္ မည္သူမဆို အခမဲ့ ရယူသံုးေဆာင္ႏိုင္မည့္ Food Box ထားရွိ

က်ဳိင္းတံုၿမိဳ႕ရွိ အေ၀းေျပးယာဥ္ရပ္နားစခန္းတြင္ မည္သူမဆို အခမဲ့ ရယူသံုးေဆာင္ႏိုင္မည့္ Food Box ထားရွိ
ဇူလိုင် 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ အေ၀းေျပးယာဥ္ရပ္နားစခန္းရွိ ေရႊထီး အဆင့္ျမင့္အျမန္ယာဥ္ငယ္အသင္း ေရွ႕တြင္ လိုအပ္သူမ်ားအခမဲ့ရယူသံုးေဆာင္ႏိုင္သည့္ Food Box ကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၃) ရက္ေန႔တြင္ စတင္ထားရိွခဲ့ေၾကာင္း သိရသည္။

"ကေလးေတြ၊ ခရီးသြားလာတဲ့သူေတြ၊ ေက်ာင္းသားေလးေတြအတြက္ ရည္ရြယ္ၿပီး ထားျဖစ္တာပါ။ မုန္႔ေပါင္းစံုေပါ့။ အခ်ိဳရည္တို႔ ေရသန္႔လည္း ထည့္ထားေပးပါတယ္။ တစ္ရက္ကို ကၽြန္မတို႔က (၁) ႀကိမ္ျဖည့္တာေပါ့။  အလွဴရွင္ေတြလည္း   လာလွဴၾကတယ္။ အလွဴရွင္ေတြက (၁) ရက္ကို (၃၊ ၄) ေယာက္ေလာက္လာတာေပါ့။ ေရရွည္ျဖစ္ဖို႔အတြက္ တတ္ႏိုင္သေလာက္ ထည့္သြင္းေပးသြားမွာေပါ့။  က်ိဳင္းတံုမွာရိွတဲ့ တကၠသိုလ္ ေက်ာင္းက ဆရာမေတြ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြလည္း လာလွဴတယ္။ ေရရွည္အဆင္ေျပေအာင္ ဆက္လွဴသြားမွာေပါ့။ အခုေတာ့ဒီေနရာေလးကို အရင္လုပ္တာပါ။ ေနာက္ေနရာေတြမွာ ဆက္လုပ္ဖို႔တိုင္ပင္ထားတာေတြရိွတယ္။ ခရီးသြားျပည္သူေတြမ်ားတဲ့ေနရာေတြမွာ ဆက္လုပ္ဖို႔ေပါ့။ "ဟု Food Box ထားရိွေရးအတြက္စီစဥ္သူ ေရႊထီးအျမန္ယာဥ္ငယ္လိုင္း မိသားစုမွ ေဒၚေစာသိဂႌျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၆)ရက္ေန႔တြင္ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ယခုလို လိုအပ္သူမ်ား အခမဲ့ရယူ သံုးေဆာင္ႏိုင္သည့္ Food Box မ်ားကို ပထမဆံုးအျဖစ္ လူငယ္တစ္စုက  တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္  ၂၀၁၉ ခုနွစ္ ဇြန္လ (၂၆) ရက္က ထားရိွခဲ့ၿပီး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၏ ဒုတိယေျမာက္အျဖစ္ က်ိဳင္းတံုၿမို႕တြင္ ေရႊထီးအျမန္​ယာဥ္​ငယ္​လိုင္​း မိသားစုက ဇူလိုင္လ (၃) ရက္ေန႔တြင္ ထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓာတ္ပံု - Kyaw Thi Ha


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အေဝးပြေးယာဉ်ရပ်နားစခန်းရှိ ရွှေထီး အဆင့်မြင့်အမြန်ယာဉ်ငယ်အသင်း ရှေ့တွင် လိုအပ်သူများအခမဲ့ရယူသုံးဆောင်နိုင်သည့် Food Box ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် စတင်ထားရှိခဲ့ကြောင်း သိရသည်။

"ကလေးတွေ၊ ခရီးသွားလာတဲ့သူတွေ၊ ကျောင်းသားလေးတွေအတွက် ရည်ရွယ်ပြီး ထားဖြစ်တာပါ။ မုန့်ပေါင်းစုံပေါ့။ အချိုရည်တို့ ရေသန့်လည်း ထည့်ထားပေးပါတယ်။ တစ်ရက်ကို ကျွန်မတို့က (၁) ကြိမ်ဖြည့်တာပေါ့။ အလှူရှင်တွေလည်း လာလှူကြတယ်။ အလှူရှင်တွေက (၁) ရက်ကို (၃၊ ၄) ယောက်လောက်လာတာပေါ့။ ရေရှည်ဖြစ်ဖို့အတွက် တတ်နိုင်သလောက် ထည့်သွင်းပေးသွားမှာပေါ့။ ကျိုင်းတုံမှာရှိတဲ့ တက္ကသိုလ် ကျောင်းက ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်း လာလှူတယ်။ ရေရှည်အဆင်ပြေအောင် ဆက်လှူသွားမှာပေါ့။ အခုတော့ဒီနေရာလေးကို အရင်လုပ်တာပါ။ နောက်နေရာတွေမှာ ဆက်လုပ်ဖို့တိုင်ပင်ထားတာတွေရှိတယ်။ ခရီးသွားပြည်သူတွေများတဲ့နေရာတွေမှာ ဆက်လုပ်ဖို့ပေါ့။ "ဟု Food Box ထားရှိရေးအတွက်စီစဉ်သူ ရွှေထီးအမြန်ယာဉ်ငယ်လိုင်း မိသားစုမှ ဒေါ်စောသိင်္ဂီမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၆)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ယခုလို လိုအပ်သူများ အခမဲ့ရယူ သုံးဆောင်နိုင်သည့် Food Box များကို ပထမဆုံးအဖြစ် လူငယ်တစ်စုက တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၆) ရက်က ထားရှိခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဒုတိယမြောက်အဖြစ် ကျိုင်းတုံမြို့တွင် ရွှေထီးအမြန်​ယာဉ်​ငယ်​လိုင်​း မိသားစုက ဇူလိုင်လ (၃) ရက်နေ့တွင် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Kyaw Thi Ha

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net