ငေျမွာင္ေတာင္ပိုး က်ေရာက္သည့္ေဒသမွ စိုက္ခင္းမ်ား သီးညႇပ္စိုက္ျခင္းနွင့္ သီးႏွံေျပာင္းလဲစိုက္ျခင္းစနစ္မ်ားကို အသံုးျပဳၾကရန္ စိုက္ပ်ိဳးေရးဦးစီးဌာန တုိက္တြန္း

ငေျမွာင္ေတာင္ပိုး က်ေရာက္သည့္ေဒသမွ စိုက္ခင္းမ်ား သီးညႇပ္စိုက္ျခင္းနွင့္ သီးႏွံေျပာင္းလဲစိုက္ျခင္းစနစ္မ်ားကို အသံုးျပဳၾကရန္ စိုက္ပ်ိဳးေရးဦးစီးဌာန တုိက္တြန္း
ဇူလိုင် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ မိုးရာသီအေစ့ထုတ္ေျပာင္းစိုက္ခင္းမ်ား အပါအဝင္ ျမန္မာႏုိင္ငံတြင္း ေဒသအခ်ိဳ႕တြင္ က်ေရာက္ေနသည့္ ဖ်က္အားျပင္းငေျမႇာင္ေတာင္ပိုး(Fall Army Warm) ကာကြယ္ႏိုင္ရန္ ေတာင္သူမ်ားအေနျဖင့္ သီးညႇပ္စိုက္ပ်ိဳးျခင္းနွင့္ သီးလွည့္စိုက္ပ်ိဳးျခင္း နည္းစနစ္မ်ားကို အသံုးျပဳသင့္ေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနက သတိေပးတုိက္တြန္းလုိက္သည္။

"ေျပာင္းကို ဆက္စိုက္မယ္ဆိုရင္ ငေျမႇာင္ေတာင္က မ်ိဳးဆက္ပြားေနဦးမယ္။ ေျပာင္းအစား ပဲပုပ္တို႔ ယာစပါးတို႔ ဒီျ့ပင္သီးႏွံေတြကို သီးလွည့္စိုက္ေပးရင္လည္း ငေျမႇာင္ေတာင္ပိုးကို ကာကြယ္ရာေရာက္ပါတယ္။ ေနာက္ တစ္မ်ိဳးက ေျပာင္းအျပင္ ပဲပုပ္တို႔၊ ေျမပဲတို႔ သီးညႇပ္ေပါ့။ ေျပာင္း (၂) တန္း၊ ပဲပုပ္ (၄) တန္းစသည္ျဖင့္ေပါ့။ အဲဒီလိုသီးႏွံစံုစိုက္ရင္လည္း ငေျမႇာင္ေတာင္က်ေရာက္မႈက သက္သာပါတယ္"ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း စိုက္ပ်ိဳးေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးတင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁)ရက္ေန႔က ေျပာသည္။

ေဒသတစ္ခုရိွ ေတာင္သူမ်ားအေနျဖင့္ စိုက္ပ်ိဳးရာသီတစ္ခုအတြင္း သီးႏွံမ်ားကို စိုက္ပ်ိဳးခ်ိန္တူညီစြာ စိုက္ပ်ိဳးျခင္းကလည္း ငေျမႇာင္ေတာင္ပိုး က်ေရာက္လာပါက ႏွိမ္ႏွင္းရပိုမိုလြယ္ကူမည္ျဖစ္ၿပီး စိုက္ပ်ိဳးခ်ိန္မတူပါက ငေျမႇာင္ေတာင္ပိုးမ်ား အတြက္ အစာကြင္းဆက္ၾကာရွည္သျဖင့္ ႏွိမ္နင္းရန္ခက္ခဲေၾကာင္း သိရသည္။

 ငေျမႇာင္ေတာင္ပိုးသည္ ပ်ံ႕ပြားလြယ္သျဖင့္ ပိုးက်ေရာက္ပါက အနီးဝန္းက်င္ေတာင္သူမ်ားအေနျဖင့္ စုေပါင္းပိုးေကာက္ျခင္း၊ စုေပါင္းေဆးျဖန္းျခင္းလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္ရြက္မွ ထိေရာက္စြာႏွိမ္ႏွင္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

" ငေျမႇာင္ေတာင္က မိုးသီးႏွံမွာ စက်တာေပါ့။ မႏွစ္က ေဆာင္းရာသီဖူးစားေျပာင္းေတြမွာ စေတြ႕တာေပါ့။ ေတြ႕ေတာ့ မိုးက်ရင္ ငေျမႇာင္ေတာင္ႀကိဳတင္ကာကြယ္ၾကမယ္ဆိုၿပီးေတာ့ ၿမိဳ႕နယ္၀န္ထမ္းေတြက မိုးေျပာင္းမစိုက္ခင္ ေက်းရြာေတြအလိုက္ ႀကိဳတင္ပညာေပးေတြလုပ္ရပါတယ္။ ေျပာင္းစိုက္တဲ့ေတာင္သူေတြအဓိကထားၿပီးေတာ့ စိုက္ၿပီး (၅) ရက္ေလာက္အတြင္း ငေျမႇာင္ေတာင္ပိုးအပင္ထဲကိုေရာက္၊ မေရာက္ကြင္းဆင္းစစ္ရပါတယ္။ ေတြ႕ၿပီဆိုရင္ ငေျမႇာင္ေတာင္ကို ႏွိမ္ႏွင္းတဲ့ေဆးတစ္မ်ိဳးေသခ်ာျဖန္းရပါတယ္။ တစ္ႀကိမ္ထဲဆို ဒီပိုးက ခ်က္ခ်င္း မေပ်ာက္သြားပါဘူး။ ေနာက္ထပ္ (၁) ပတ္ေလာက္၊ (၁၀) ရက္ေလာက္ျခားၿပီး ကြင္းဆင္းၾကည့္ၿပီးရိွေသးတယ္ဆိုရင္ ထပ္ၿပီးျဖန္းရပါတယ္"ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း စိုက္ပ်ိဳးေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးတင္ဦးက ေျပာသည္။

ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ၿပီး ဖလံအမတစ္ေကာင္သည္ (၁) ႀကိမ္လွ်င္ ဥေပါင္း (၁၅၀)မွ (၂၀၀)ေက်ာ္အထိ ဥခ်ႏုိင္ျခင္းျဖစ္ရာ (၂၁) ရက္အတြင္း တစ္ေကာင္လွ်င္ဥေပါင္း (၂၀၀၀) ခန္႔ဥခ်ႏိုင္ၿပီး အဆိုပါ ဖလံပိုးဥမ်ားသည္ ႏွစ္ရက္မွ သံုးရက္အတြင္း ေလာက္ေကာင္မ်ားအျဖစ္ ေပါက္ပြားကာ အပင္ငယ္ခ်ိန္မွ ဖူးပြင့္ခ်ိန္အထိ စိုက္ခင္းမ်ားတြင္ ၀င္ေရာက္စားေသာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ငေျမႇာင္ေတာင္ပိုးမ်ားသည္ ကိုက္ျဖတ္စားသည့္ အေကာင္အရြယ္ေရာက္လာပါက ႏွိမ္ႏွင္းရခက္ခဲေလ့ရိွသျဖင့္ ေတာင္သူမ်ားအေနျဖင့္ မိမိတို႔စိုက္ခင္းတြင္ ငေျမႇာင္ေတာင္ပိုး က်ေရာက္သည့္လကၡဏာမ်ားေတြ႔ရပါက နီးစပ္ရာစိုက္ပ်ိဳးေရးဦးစီးဌာနမ်ားထံ ဆက္သြယ္အေၾကာင္းၾကား အကူအညီရယူႏုိင္ေၾကာင္း သိရသည္။             
၂၀၁၉ ခုႏွစ္တြင္ ျမန္မာႏွင့္ အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္သည့္ တရုတ္ႏွင့္ အိႏၵိယႏုိင္ငံ မီဇိုရမ္တို႔ရိွ ေျပာင္းစိုက္ခင္းမ်ားတြင္ ဖ်က္အားျပင္းငေျမႇာင္ေတာင္ပိုးမ်ား က်ေရာက္မႈႏွင့္ႀကံဳေတြ႔ေနရၿပီး တုိင္ေပတြင္လည္း တရုတ္မွ ငေျမႇာင္ေတာင္ ကူးစက္ပ်ံ႕ပြားမႈကို ႀကံဳေနရေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ခင်းများ အပါအဝင် မြန်မာနိုင်ငံတွင်း ဒေသအချို့တွင် ကျရောက်နေသည့် ဖျက်အားပြင်းငမြှောင်တောင်ပိုး(Fall Army Warm) ကာကွယ်နိုင်ရန် တောင်သူများအနဖြေင့် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးလှည့်စိုက်ပျိုးခြင်း နည်းစနစ်များကို အသုံးပြုသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သတိပေးတိုက်တွန်းလိုက်သည်။

"ပြောင်းကို ဆက်စိုက်မယ်ဆိုရင် ငမြှောင်တောင်က မျိုးဆက်ပွားနေဦးမယ်။ ပြောင်းအစား ပဲပုပ်တို့ ယာစပါးတို့ ဒြီ့ပင်သီးနှံတွေကို သီးလှည့်စိုက်ပေးရင်လည်း ငမြှောင်တောင်ပိုးကို ကာကွယ်ရာရောက်ပါတယ်။ နောက် တစ်မျိုးက ပြောင်းအပြင် ပဲပုပ်တို့၊ မြေပဲတို့ သီးညှပ်ပေါ့။ ပြောင်း (၂) တန်း၊ ပဲပုပ် (၄) တန်းစသည်ဖြင့်ပေါ့။ အဲဒီလိုသီးနှံစုံစိုက်ရင်လည်း ငမြှောင်တောင်ကျရောက်မှုက သက်သာပါတယ်"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က ပြောသည်။

ဒေသတစ်ခုရှိ တောင်သူများအနဖြေင့် စိုက်ပျိုးရာသီတစ်ခုအတွင်း သီးနှံများကို စိုက်ပျိုးချိန်တူညီစွာ စိုက်ပျိုးခြင်းကလည်း ငမြှောင်တောင်ပိုး ကျရောက်လာပါက နှိမ်နှင်းရပိုမိုလွယ်ကူမည်ဖြစ်ပြီး စိုက်ပျိုးချိန်မတူပါက ငမြှောင်တောင်ပိုးများ အတွက် အစာကွင်းဆက်ကြာရှည်သဖြင့် နှိမ်နင်းရန်ခက်ခဲကြောင်း သိရသည်။

 ငမြှောင်တောင်ပိုးသည် ပျံ့ပွားလွယ်သဖြင့် ပိုးကျရောက်ပါက အနီးဝန်းကျင်တောင်သူများအနဖြေင့် စုပေါင်းပိုးကောက်ခြင်း၊ စုပေါင်းဆေးဖြန်းခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှ ထိရောက်စွာနှိမ်နှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

" ငမြှောင်တောင်က မိုးသီးနှံမှာ စကျတာပေါ့။ မနှစ်က ဆောင်းရာသီဖူးစားပြောင်းတွေမှာ စတွေ့တာပေါ့။ တွေ့တော့ မိုးကျရင် ငမြှောင်တောင်ကြိုတင်ကာကွယ်ကြမယ်ဆိုပြီးတော့ မြို့နယ်ဝန်ထမ်းတွေက မိုးပြောင်းမစိုက်ခင် ကျေးရွာတွေအလိုက် ကြိုတင်ပညာပေးတွေလုပ်ရပါတယ်။ ပြောင်းစိုက်တဲ့တောင်သူတွေအဓိကထားပြီးတော့ စိုက်ပြီး (၅) ရက်လောက်အတွင်း ငမြှောင်တောင်ပိုးအပင်ထဲကိုရောက်၊ မရောက်ကွင်းဆင်းစစ်ရပါတယ်။ တွေ့ပြီဆိုရင် ငမြှောင်တောင်ကို နှိမ်နှင်းတဲ့ဆေးတစ်မျိုးသေချာဖြန်းရပါတယ်။ တစ်ကြိမ်ထဲဆို ဒီပိုးက ချက်ချင်း မပျောက်သွားပါဘူး။ နောက်ထပ် (၁) ပတ်လောက်၊ (၁၀) ရက်လောက်ခြားပြီး ကွင်းဆင်းကြည့်ပြီးရှိသေးတယ်ဆိုရင် ထပ်ပြီးဖြန်းရပါတယ်"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦးက ပြောသည်။

ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်သည် (၁) ကြိမ်လျှင် ဥပေါင်း (၁၅၀)မှ (၂၀၀)ကျော်အထိ ဥချနိုင်ခြင်းဖြစ်ရာ (၂၁) ရက်အတွင်း တစ်ကောင်လျှင်ဥပေါင်း (၂၀၀၀) ခန့်ဥချနိုင်ပြီး အဆိုပါ ဖလံပိုးဥများသည် နှစ်ရက်မှ သုံးရက်အတွင်း လောက်ကောင်များအဖြစ် ပေါက်ပွားကာ အပင်ငယ်ချိန်မှ ဖူးပွင့်ချိန်အထိ စိုက်ခင်းများတွင် ဝင်ရောက်စားသောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ငမြှောင်တောင်ပိုးများသည် ကိုက်ဖြတ်စားသည့် အကောင်အရွယ်ရောက်လာပါက နှိမ်နှင်းရခက်ခဲလေ့ရှိသဖြင့် တောင်သူများအနဖြေင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများတွေ့ရပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများထံ ဆက်သွယ်အကြောင်းကြား အကူအညီရယူနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်တို့ရှိ ပြောင်းစိုက်ခင်းများတွင် ဖျက်အားပြင်းငမြှောင်တောင်ပိုးများ ကျရောက်မှုနှင့်ကြုံတွေ့နေရပြီး တိုင်ပေတွင်လည်း တရုတ်မှ ငမြှောင်တောင် ကူးစက်ပျံ့ပွားမှုကို ကြုံနေရကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net