တာခ်ီလိတ္ၿမိဳ႕ ေဖလား၀ါးကြင္းအတြင္းရွိ စားေသာက္ဆိုင္တြင္ အဲယားကြန္းအပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္

တာခ်ီလိတ္ၿမိဳ႕ ေဖလား၀ါးကြင္းအတြင္းရွိ စားေသာက္ဆိုင္တြင္ အဲယားကြန္းအပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္
ဇူလိုင် 13, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္း အတြင္းရွိ ရန္ႀကီးေအာင္လမ္း ႏွင့္ ကံ့ေကာ္လမ္းေထာင့္ရွိ စားေသာက္ဆိုင္တြင္ အဲယားကြန္းအပူလြန္ကဲရာမွ မီးေလာင္မႈတစ္ခု ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၃) ရက္ေန႔ ညေန (၅) နာရီေက်ာ္အခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

J My King ဟိုတယ္အနီးရိွ စားေသာက္ဆိုင္တြင္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၃) ရက္ေန႔ ညေန (၅) နာရီ (၁၀) မိနစ္၀န္းက်င္က မီးေလာင္ေနေၾကာင္း မီးသတ္တပ္ဖြဲ႔သို႔ အေၾကာင္းၾကားလာသျဖင့္   မီးသတ္ဦးစီးဌာနမွ မီးသတ္တပ္ဖြဲ႕၀င္ (၁၇) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၆) ဦး၊ မီးၿငိႇမ္းသတ္ယာဥ္ (၁) စီး၊ မီးသတ္စက္ယာဥ္ (၁) စီး၊ မီးသတ္ေရသယ္ယာဥ္ (၁) စီး၊ အုပ္ခ်ဳပ္မႈယာဥ္ (၁) စီးတို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရာ ညေန (၅) နာရီ (၂၀) မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ အဲယားကြန္းသို႔ သြယ္တန္းထားသည္မီးႀကိဳးမ်ားႏွင့္ မိန္းခံုမီးေလာင္ပ်က္စီးသြားၿပီး ဆံုးရံႈးမႈျဖစ္ေပၚခဲ့ေၾကာင္းႏွင့္ မီးေလာင္မႈေၾကာင့္ ဆိုင္တာ၀န္ခံကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၃၈၄/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္  အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း အတွင်းရှိ ရန်ကြီးအောင်လမ်း နှင့် ကံ့ကော်လမ်းထောင့်ရှိ စားသောက်ဆိုင်တွင် အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်မှုတစ်ခု ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅) နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

J My King ဟိုတယ်အနီးရှိ စားသောက်ဆိုင်တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ဝန်းကျင်က မီးလောင်နေကြောင်း မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားလာသဖြင့် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၁၇) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်စက်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ (၅) နာရီ (၂၀) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဲယားကွန်းသို့ သွယ်တန်းထားသည်မီးကြိုးများနှင့် မိန်းခုံမီးလောင်ပျက်စီးသွားပြီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆိုင်တာဝန်ခံကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)၃၈၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net