တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ အမ်ဳိးသားတစ္ဦးအား က်ည္ဆံႏွင့္မူးယစ္ေဆး၀ါးတို႔ျဖင့္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ အမ်ဳိးသားတစ္ဦးအား က်ည္ဆံႏွင့္မူးယစ္ေဆး၀ါးတို႔ျဖင့္ ဖမ္းဆီးရမိ
ဇူလိုင် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ ေဟြလန္းေက်းရြာတြင္ အမ်ဳိးသားတစ္ဦးအား က်ည္ဆံ အပါအ၀င္ မူးယစ္ေဆး၀ါးျဖင့္ ဖမ္းဆီးရမိ၍ မူးယစ္တပ္ဖြဲ႔ထံ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

တပ္မေတာ္ ႏွင့္ မိုင္းကိုးျပည္သူ႔စစ္အဖြဲ႔တို႔ အပါအ၀င္ စုေပါင္းအဖြဲ႔တို႔သည္၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္အခ်ိန္က  နယ္ေျမရွင္းလင္းေရးလုပ္ငန္း ေဆာင္ရြက္စဥ္ အမာခံသတင္းေပးခ်က္အရ အဆိုပါ ေက်းရြာအတြင္းရွိ ယအီ ဆိုသူ၏ ေနအိမ္အတြင္း ၀င္ေရာက္ စစ္ေဆးရွာေဖြရာက  ပြိဳင့္-၂၂ က်ည္(၇)ေတာင့္၊ ပြိဳင့္ - ၂၂ ဘလိုင္းက်ည္ (၂၇)ေတာင့္ အျပင္ စိတ္ၾကြေဆးျပား (၂၈)ျပားတို႔ကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

က်ည္ဆံမ်ားႏွင့္မူးယစ္ေဆး၀ါးတို႔ျဖင့္ ဖမ္းဆီးရမိသည့္ ယအီဆိုသူအား တပ္မေတာ္မွ မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးထားရွိၿပီး အမႈဖြင့္အေရးယူရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဟွေလန်းကျေးရွာတွင် အမျိုးသားတစ်ဦးအား ကျည်ဆံ အပါအဝင် မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိ၍ မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

တပ်မတော် နှင့် မိုင်းကိုးပြည်သူ့စစ်အဖွဲ့တို့ အပါအဝင် စုပေါင်းအဖွဲ့တို့သည်၂၀၁၉ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်စဉ် အမာခံသတင်းပေးချက်အရ အဆိုပါ ကျေးရွာအတွင်းရှိ ယအီ ဆိုသူ၏ နေအိမ်အတွင်း ဝင်ရောက် စစ်ဆေးရှာဖွေရာက ပွိုင့်-၂၂ ကျည်(၇)တောင့်၊ ပွိုင့် - ၂၂ ဘလိုင်းကျည် (၂၇)တောင့် အပြင် စိတ်ကြွဆေးပြား (၂၈)ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ကျည်ဆံများနှင့်မူးယစ်ဆေးဝါးတို့ဖြင့် ဖမ်းဆီးရမိသည့် ယအီဆိုသူအား တပ်မတော်မှ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်သို့ လွှဲပြောင်းပေးထားရှိပြီး အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net