တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းတွင် စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်လှစ်မည်

တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းတွင် စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်လှစ်မည်
ဇူလိုငျ 5, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်၍ တက်ရောက်လိုသူများအနေဖြင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူတိုင်းလျှောက်ထားနိုင်ပြီး တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမြေသာယာဈေး(လားဟူဈေး) ဂိတ်အမှတ် (၃) အနီးရှိ တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း၊ ဖုန်း-၀၈၄ ၅၁၉၁၁၊ ၀၉ ၄၀၃၇၃၈၀၇၂ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်၍ တက်ရောက်လိုသူများအနဖြေင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

"တာချီလိတ်မြို့နယ်ထဲမှာရှိတဲ့ မူးယစ်ဆေးဖြတ်ချင်တဲ့သူတွေ၊ ပြည်လည်ထူထောင်ရေးလုပ်ချင်တဲ့သူတွေ၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့သူတွေ၊ မူးယစ်ဆေးဝါးအန္တရာယ်နဲ့နည်းပါးတဲ့သူတွေကို ကျွန်တော်တို့ သင်တန်းပေးထားတဲ့ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးတွေက ဒီလိုလုပ်လို့ရတယ်ဆိုတာ လမ်းညွှန်ပေးမယ့် သူတွေပေါ့။ ရပ်ရွာတွေမှာ ဌာနဆိုင်ရာတွေထက် သူတို့ကပိုပြီးနီးစပ်တဲ့အတွက် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နဲ့ ပတ်သက်ပြီးအသိပညာပေးဖို့ပါ။"ဟု တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာဦးနိုင်စိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ သင်တန်းကို တာချီလိတ်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား (၃၀) ဦးကိုသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သက်မှတ်ထားပြီး လဘက်ရည်ချိန် (၂) ချိန်နှင့် နေ့လည်စာကို သင်တန်းမှ စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းတက်ရောက်လိုသူများအနဖြေင့် အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူတိုင်းလျှောက်ထားနိုင်ပြီး တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ရွှေမြေသာယာဈေး(လားဟူဈေး) ဂိတ်အမှတ် (၃) အနီးရှိ တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း၊ ဖုန်း-ဝ၈၄ ၅၁၉၁၁၊ ဝ၉ ၄၀၃၇၃၈၀၇၂ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net