တာခ်ီလိတ္တြင္ ညပိုင္း ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈ ျပဳလုပ္စဥ္ ယာဥ္စည္းကမ္းႏွင့္မညီညႊတ္သည့္ ဆိုင္ကယ္ႏွစ္စီးအား စစ္ေဆးေတြ႔ရွိရ၍ ဖမ္းဆီးအေရးယူ

တာခ်ီလိတ္တြင္ ညပိုင္း ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈ ျပဳလုပ္စဥ္ ယာဥ္စည္းကမ္းႏွင့္မညီညႊတ္သည့္ ဆိုင္ကယ္ႏွစ္စီးအား စစ္ေဆးေတြ႔ရွိရ၍ ဖမ္းဆီးအေရးယူ
ဇူလိုင် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆးမႈေဆာင္ရြက္စဥ္ ယာဥ္စည္းကမ္းႏွင့္မညီညႊတ္သည့္ ဆိုင္ကယ္ႏွစ္စီးအား စစ္ေဆးေတြ႔ရွိရ၍ ဖမ္းဆီးကာ အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"တစ္စီးက ပါဝါအိတ္ေဇာတပ္ထားတာ၊ တစ္စီးက ပံုစံေျပာင္းၿပီး အိတ္ေဇာျဖဳတ္ထားလို႔ ဖမ္းလိုက္တာ"အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ တပ္ဖြဲ႔၀င္ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္  ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၿမိဳ႕မစခန္းမွဴးဒုရဲမွဴးသန္းထြန္းေအာင္တို႔ အနီးကပ္ႀကီးၾကပ္ကာ ၿမိဳ႕တြင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာတြင္ တာခ်ီလိတ္တပ္နယ္မွ တာ၀န္ရွိသူမ်ား၊  ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ဦးစီးသည့္အဖြဲ႔၊  ခရိုင္(မႈ/ႏွိမ္)မွ တပ္ၾကပ္ႀကီးလွျမင့္ ႏွင့္အဖြဲ႔၊  ျပည္နယ္(မႈ/ကူ)မွ ရဲတပ္ၾကပ္ ထြန္း၀င္းေဇာ္ႏွင့္တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား  ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္  ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အပိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေပၚ၊ ပါဆတ္ကားေလးကြင္းအနီး တ၀ိုက္တြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ေဆာင္ရြက္စဥ္ စစ္ေဆးေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ေန႔ပိုင္း ႏွင့္ ညပိုင္းတို႔၌ ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္သည့္ အခ်ိန္မ်ားတြင္ မူးယစ္ေဆး၀ါး၊ လက္နက္ ၊ ထိုင္းႏုိင္ငံသားတရားခံေျပးမ်ား ႏွင့္ တာခ်ီလိတ္သို႔ တရားမ၀င္ ၀င္ေရာက္လာတတ္သည့္ ထိုင္း ႏွင့္ တရုတ္ႏုိင္ငံသားမ်ားအား ဖမ္းဆီးရရွိမႈမ်ားရွိသည့္ နည္းတူ ယခုလို ယာဥ္စည္းကမ္းႏွင့္ မညီညႊတ္သည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုလည္း စစ္ေဆးေတြ႔ရွိရသည့္ အခါမ်ားတြင္ အေရးယူမႈမ်ားေလ့ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု -  ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ညပိုင်း ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုဆောင်ရွက်စဉ် ယာဉ်စည်းကမ်းနှင့်မညီညွှတ်သည့် ဆိုင်ကယ်နှစ်စီးအား စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးကာ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

"တစ်စီးက ပါဝါအိတ်ဇောတပ်ထားတာ၊ တစ်စီးက ပုံစံပြောင်းပြီး အိတ်ဇောဖြုတ်ထားလို့ ဖမ်းလိုက်တာ"အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ တပ်ဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် မြို့မစခန်းမှူးဒုရဲမှူးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ကာ မြို့တွင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိရာတွင် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် ဦးစီးသည့်အဖွဲ့၊ ခရိုင်(မှု/နှိမ်)မှ တပ်ကြပ်ကြီးလှမြင့် နှင့်အဖွဲ့၊ ပြည်နယ်(မှု/ကူ)မှ ရဲတပ်ကြပ် ထွန်းဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၊ ပါဆတ်ကားလေးကွင်းအနီး တဝိုက်တွင် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်စဉ် စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် နေ့ပိုင်း နှင့် ညပိုင်းတို့၌ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်သည့် အချိန်များတွင် မူးယစ်ဆေးဝါး၊ လက်နက်၊ ထိုင်းနိုင်ငံသားတရားခံပြေးများ နှင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာတတ်သည့် ထိုင်း နှင့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရရှိမှုများရှိသည့် နည်းတူ ယခုလို ယာဉ်စည်းကမ်းနှင့် မညီညွှတ်သည့် မော်တော်ဆိုင်ကယ်များကိုလည်း စစ်ဆေးတွေ့ရှိရသည့် အခါများတွင် အရေးယူမှုများလေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net