တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှုနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းမှုတို့ဖြင့် အရေးယူခံရသည့် ထိုင်းနိုင်ငံသားအား ပြစ်ဒဏ်စေ့သွား၍ ပြည်နှင်ဒဏ်ပေး

တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှုနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းမှုတို့ဖြင့် အရေးယူခံရသည့် ထိုင်းနိုင်ငံသားအား ပြစ်ဒဏ်စေ့သွား၍ ပြည်နှင်ဒဏ်ပေး
ဇူလိုင် 9, 2019
By Tachileik News Agency


 
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် တရားမဝင် ဝင်ရောက်လာမှုနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ်အမှုတို့ဖြင့် ထောင်ဒဏ် နှင့်အတူ ငွေဒဏ်ကျခံစပြေီးနောက် ပြစ်ဒဏ်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသားအား Black List စာရင်းသွင်းပြီး ထိုင်းနိုင်ငံသို့ ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ညနေ(၃)နာရီကျော်က ပည်နှင်ဒဏ်ပေးကာ ထိုင်းနိုင်ငံ မယ်ဆိုင် တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် မတ်လ(၂)ရက်နေ့ ည(၁၀)နာရီကျော်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ကားလေးကွင်းရှေ့တွင် ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်စဉ်က အသက်(၂၄)နှစ်ရှိ ထိုင်းနိုင်ငံသား ချိုင်းနလုံအား တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှုနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းလာမှုတို့်ဖြင့် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား လဝကအက် ဥပဒေပုဒ်မ-၁၃(၁)ကျူး/၁၃(၁)အရ ပြစ်မှု ထင်ရှားသည့်အတွက် ဒဏ်ငွေ ကျပ်(၅)သိန်းပေးဆောင်စေ၊ ဒဏ်ငွေမဆောင်နိုင်ပါက ထောင်ဒဏ်(၆)လကျခံရန် အမိန့်ချရာ၎င်းမှ ဒဏ်ငွေ ကျပ်(၅)သိန်း ဆောင်စေခဲ့ပြီးနောက် ဆက်လက်၍ လိုင်စင်မဲ့မော်တော်ယာဉ်အမှုဖြစ်သည့် ပို့သွင်းပုဒ်မ-၈အရ ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် (၂)လနှင့်ငွေဒဏ်(၅)သိန်းကျခံရန် အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါမှာ ထောင်ဒဏ်(၂)လ ကျခံစေခဲ့ပြီး ဒဏ်ငွေနှစ်ရပ်အား ဆောင်စေခဲ့သည့်အတွက် ပြစ်ဒဏ်မှ လွတ်မြောက်စေခဲ့ပြီးနောက် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(၆)မှ တာဝန်ရှိသူများနှင့် တာချီလိတ်ခရိုင်လဝကမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ မယ်ဆိုင် လဝက နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းကာ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ တရားခံပြေးများ နှင့် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများအား ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများတွင် မကြာခဏ ဖမ်းဆီးရရှိမှုများရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net