တာခ်ီလိတ္ၿမိဳ႕တြင္ ကြင္းဆင္းေဆာင္ရြက္ေပးထားသည့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ေပးအပ္

တာခ်ီလိတ္ၿမိဳ႕တြင္ ကြင္းဆင္းေဆာင္ရြက္ေပးထားသည့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ေပးအပ္
ဇူလိုင် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနက ဆိုင္ကယ္ေမာင္းလိုင္းစင္ ကြင္းဆင္းေဆာင္ရြက္ေပးခဲ့စဥ္  လာေရာက္ေလွ်ာက္ထားသူ(၁၉၁) ဦး၏ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားအား   ဇူလိုင္လ (၂) ရက္ေန႔ နံနက္တြင္ ယာဥ္/လမ္းစည္းကမ္းအသိပညာေပးၿပီး ထုတ္ေပးလိုက္ေၾကာင္း သိရသည္။

ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာနက ၂၀၁၉ ခုႏွစ္ ဇြန္လ(၂၀)ရက္ေန႔ႏွင့္ (၂၁) ရက္ေန႔မ်ားတြင္ ကြင္းဆင္းေဆာင္ရြက္ေပးခဲ့သည့္ ဆိုင္ကယ္ေမာင္းလုိင္စင္မ်ားကို ေပးအပ္ရန္အတြက္ တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ တာ၀န္ရိွသူမ်ားႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)မွ တာ၀န္ရိွသူမ်ားက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးခဲ့ၾကသည္။

"ရံုးမွာလာလုပ္ရင္ေတာ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းသင္တန္းတက္ရတယ္။ လက္ေတြ႕စစ္ေဆးၿပီးမွ ထုတ္ေပးတာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမွဳဦးစီးဌာနမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္းသူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ကြင္းဆင္းေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကယ်မောင်းလိုင်းစင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့စဉ် လာရောက်လျှောက်ထားသူ(၁၉၁) ဦး၏ ဆိုင်ကယ်မောင်းလိုင်စင်များအား ဇူလိုင်လ (၂) ရက်နေ့ နံနက်တွင် ယာဉ်/လမ်းစည်းကမ်းအသိပညာပေးပြီး ထုတ်ပေးလိုက်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် ဇွန်လ(၂၀)ရက်နေ့နှင့် (၂၁) ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ဆိုင်ကယ်မောင်းလိုင်စင်များကို ပေးအပ်ရန်အတွက် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခဲ့ကြသည်။

"ရုံးမှာလာလုပ်ရင်တော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်းတက်ရတယ်။ လက်တွေ့စစ်ဆေးပြီးမှ ထုတ်ပေးတာပေါ့"ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်းသူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net