မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သတ်မှတ်ခံရ

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သတ်မှတ်ခံရ
ဇူလိုငျ 6, 2019
By Tachileik News Agency

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီက အသိအမှတ်ပြုကာ ရွေးချယ်လိုက်ကြောင်းကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေး၌ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးသို့ ယူနက်စကိုဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ဇေယျ ဦးဆောင်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ အပါအ၀င် ပုဂံကိုချစ်မြတ်နိုးသောအဖွဲ့များ၊ ပုဂ္ဂိုလ်များ၊ နှလုံးသားထဲကပုဂံ အဖွဲ့သားများနှင့် အနုပညာရှင်အချို့လည်း ၎င်းတို့စရိတ်ဖြင့်သွားရောက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည်။


Tachileik News Agency
ဓါတ်ပုံ - MORAC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမာ္ဘ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ယူနက်စကိုကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီက အသိအမှတ်ပြုကာ ရွေးချယ်လိုက်ကြောင်းကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေး၌ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ၂၀၁၉ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်နေလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေး၏ (၇)ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင်လ(၆)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါ အစည်းအေဝးသို့ ယူနက်စကိုဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ဇေယျ ဦးဆောင်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ အပါအဝင် ပုဂံကိုချစ်မြတ်နိုးသောအဖွဲ့များ၊ ပုဂ္ဂိုလ်များ၊ နှလုံးသားထဲကပုဂံ အဖွဲ့သားများနှင့် အနုပညာရှင်အချို့လည်း၎င်းတို့စရိတ်ဖြင့်သွားရောက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၄ခုနှစ် ဇူလွန်(၂၂)ရက်နေ့က ပျူမြို့ဟောင်း(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာမြို့ဟောင်းများကို သတ်မှတ်ခံရပြီး ယခုအခါ မြန်မာနိုင်ငံ၏ ဒုတိယမြောက် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - MORAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net