မွန်ပြည်နယ် ဘီးလင်းမြစ်ရေ အခြေအနေကြောင့် ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်လှစ်ထားပြီး ကျေးရွာ(၁၀)ခုတွင် ထောက်ပံ့ရေးရိက္ခာများ ကြိုတင်ပေးပို့ထား

မွန်ပြည်နယ် ဘီးလင်းမြစ်ရေ အခြေအနေကြောင့် ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်လှစ်ထားပြီး ကျေးရွာ(၁၀)ခုတွင် ထောက်ပံ့ရေးရိက္ခာများ ကြိုတင်ပေးပို့ထား
ဇူလိုငျ 10, 2019
By Tachileik News Agency
မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မြစ်ရေတိုးနေသဖြင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်ထားပြီး ရေကြီးနစ်မြုပ်ပါက အဆက်အသွယ်ပြတ်တောက်နိုင်သည့် ကျေးရွာအုပ်စု (၁၀)ခုကိုလည်း ရိက္ခာများ ကြိုတင်ပေးပို့ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က  ရေကြီးနစ်မြုပ်မှုခံရသည့်စာရင်းများကိုအခြေခံ၍ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့် ပစ္စည်း (၆)မျိုးကို (၇)ရက်စာကို ကျေးရွာအုပ်စု (၁၀)ခုသို့ပေးပို့ထားပြီး အဆိုပါကျေးရွာအုပ်စုတွင် ရေဘေးအန္တရာယ်ဖြစ်လာပါက ကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလှုံသူများကို ဖြန့်ဝေပေးနိုင်ရန် မွန်ပြည်နယ်အစိုးရက စီစဉ်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း ရင်းအုံ၊ အဟုံးဝ၊ ကတီပု၊ ဒညင်းကုန်း၊ နတ်ကြီး၊ ဘုရားဆိပ်ကျေးရွာ၊ မဲလံခေါင်း၊ ကျားကွင်း၊ နတ်ကြီး၊ ပီတိ၊ မဲပလီ၊ ဘုရားဆိပ် ကျေးရွာအုပ်စုများသို့ (၇)ရက်စာရိက္ခာများ ကြိုတင်ပေးပို့ထားပြီး  ဘီးလင်းမြို့တွင် ဓမ္မဝိဟာရ၊ မြို့နယ်တစညရုံး၊ မြို့ဦး၊ အောင်သိဒ္ဓိနှင့် ဘီးလင်း(အထက)တို့တွင်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့မှစ၍ဖွင့်လှစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

စိုးရိမ်ရေမှတ် (၁၀၂၂)စင်တီမီတာသတ်မှတ်ထားသည့် ဘီးလင်းမြို့တွင် ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေအခြေအနေမှာ (၉၆၃) စင်တီမီတာရှိနေကြောင်း သိရသည်။

မြစ်ရေအခြေအနေများ နေ့စဉ်အသိပေးကြေညာခြင်း အပါအဝင် ကြိုတင်ပြင်ဆင်မှုများအတွက် ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးဖြင့် လုပ်ငန်းဆောင်ရွက်နေပြီး ရန်ကုန် - မော်လမြိုင် လမ်းမကြီး ဘီးလင်းလမ်းပိုင်းမှာ ဇူလိုင်လ (၁၀)ရက်နေ့အထိ အဆင်ပြေစွာသွားလာနိုင်နေသေးကြောင်း သိရသည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မြစ်ရေတိုးနေသဖြင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်ထားပြီး ရကြေီးနစ်မြုပ်ပါက အဆက်အသွယ်ပြတ်တောက်နိုင်သည့် ကျေးရွာအုပ်စု (၁၀)ခုကိုလည်း ရိက္ခါများ ကြိုတင်ပေးပို့ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ရကြေီးနစ်မြုပ်မှုခံရသည့်စာရင်းများကိုအခြေခံ၍ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့် ပစ္စည်း (၆)မျိုးကို (၇)ရက်စာကို ကျေးရွာအုပ်စု (၁၀)ခုသို့ပေးပို့ထားပြီး အဆိုပါကျေးရွာအုပ်စုတွင် ရေဘေးအန္တရာယ်ဖြစ်လာပါက ကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလှုံသူများကို ဖြနေ့်ဝပေးနိုင်ရန် မွန်ပြည်နယ်အစိုးရက စီစဉ်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း ရင်းအုံ၊ အဟုံးဝ၊ ကတီပု၊ ဒညင်းကုန်း၊ နတ်ကြီး၊ ဘုရားဆိပ်ကျေးရွာ၊ မဲလံခေါင်း၊ ကျားကွင်း၊ နတ်ကြီး၊ ပီတိ၊ မဲပလီ၊ ဘုရားဆိပ် ကျေးရွာအုပ်စုများသို့ (၇)ရက်စာရိက္ခါများ ကြိုတင်ပေးပို့ထားပြီး ဘီးလင်းမြို့တွင် ဓမ္မဝိဟာရ၊ မြို့နယ်တစညရုံး၊ မြို့ဦး၊ အောင်သိဒိ္ဓနှင့် ဘီးလင်း(အထက)တို့တွင်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့မှစ၍ဖွင့်လှစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

စိုးရိမ်ရေမှတ် (၁၀၂၂)စင်တီမီတာသတ်မှတ်ထားသည့် ဘီးလင်းမြို့တွင် ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေအခြေအနေမှာ (၉၆၃) စင်တီမီတာရှိနေကြောငး် သိရသည်။

မြစ်ရေအခြေအနေများ နေ့စဉ်အသိပေးကြေညာခြင်း အပါအဝင် ကြိုတင်ပြင်ဆင်မှုများအတွက် ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးဖြင့် လုပ်ငန်းဆောင်ရွက်နပြေီး ရန်ကုန် - မော်လမြိုင် လမ်းမကြီး ဘီးလင်းလမ်းပိုင်းမှာ ဇူလိုင်လ (၁၀)ရက်နေ့အထိ အဆင်ပြေစွာသွားလာနိုင်နေသေးကြောင်း သိရသည်။

ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အမက)၊ ရွှေလှေ(အမက)၊ ပျဉ်းမပင်ဆိပ်(အထကခွဲ) ကျောင်း(၄)ကျောင်းကို ဇူလိုင်လ (၉)ရက်နေ့ကတည်းက စတင်ပိတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net