ကယားျပည္နယ္ ကႏၵာေဟဝန္ပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ သို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ အဖြဲ႔ ႏွင့္ လႊတ္ေတာ္ဥကၠဌတို႔လာေရာက္ ဂါရ၀ျပဳ

ကယားျပည္နယ္ ကႏၵာေဟဝန္ပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ သို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ အဖြဲ႔ ႏွင့္ လႊတ္ေတာ္ဥကၠဌတို႔လာေရာက္ ဂါရ၀ျပဳ
ဇူလိုင် 19, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လြိုင္ေကာ္ၿမိဳ႕၊ ​ေက်ာက္​တိုင္​ကြင္​းတြင္​ က်င္းပျပဳလုပ္သည့္ (၇၂) ႏွစ္​​ေျမာက္​ အာဇာနည္​​ေန႔ အခမ္းအနား အၿပီး ကႏၵာေဟဝန္ပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ သို႔ ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ ႏွင့္ ျပည္နယ္လႊတ္ေတာ္ ဥကၠဌတို႔ လာေရာက္ကာ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳေၾကာင္း သိရသည္။

ပုံမွန္​အားျဖင္​့ ကႏၵာ​ေဟဝန္​ပန္​းျခံအား ဖြင္​့လွစ္​ထားျခင္​းမ႐ွိဘဲ သံဆူးႀကိဳးအကာအရံမ်ားျဖင္​့ ပိတ္​ထားျခင္​းျဖစ္​ေသာ္လည္း (၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ၎ပန္းျခံ႐ွိ ဗိုလ္​ခ်ဳပ္​​ေၾကး႐ုပ္​အား ဇူလိုင္​လ (၁၉)ရက္​​ေန႔ ​ေန႔လည္​ပိုင္​းအထိ ဖြင္​့လွစ္​​ေပးထားၿပီး ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈ ႏွင့္ ျပည္နယ္၀န္ႀကီးမ်ား၊ ကယားျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးလွေထြး တို႔မွ လာေရာက္ကာ လြမ္​းသူ႔ပန္​း​ေခြခ်ကာ ​ဂါရဝ ျပဳခဲ့ၾကၿပီးေနာက္ တကၠသိုလ္​မွ ​ေက်ာင္​းသား​ေက်ာင္​းသူမ်ားပါ လာ​ေရာက္​ဂါဝရျပဳခဲ့ၾက​ေၾကာင္​း သိရသည္​။

(၇၂)ႏွစ္​​ေျမာက္​ အာဇာနည္​ ​ေန႔အခမ္​းအနားအား ​ေက်ာက္​တိုင္​ကြင္​းတြင္​လည္း ကယားျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ကာ ​ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း၊ က်ဆံုးသြားခဲ့​ေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား အေလး ျပဳျခင္း၊ အာဇာနည္​​ေခါင္​​ေဆာင္​မ်ား က်ဆုံးခဲ့​ေသာ နံနက္​ (၁၀)နာရီ (၃၇)မိနစ္​အခ်ိန္​တြင္​  ဥၾသ ဆြဲ၍ (၂)မိနစ္ ျငိမ္သက္ျခင္း ႏွင္​့ ျပည္​နယ္​အစိုးရအဖြဲ႔ႏွင္​့ သက္​ဆိုင္​ရာ တတ္​​ေရာက္​လာ​ေသာ အဖြဲ႔အစည္​းမ်ားမွ လြမ္းသူ႕ပန္းေခြခ် ဂါရဝျပဳျခင္းမ်ားျပဳလုပ္​ခဲ့​ေၾကာင္​း သိရသည္​။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ​ကျောက်​တိုင်​ကွင်​းတွင်​ ကျင်းပပြုလုပ်သည့် (၇၂) နှစ်​​မြောက်​ အာဇာနည်​​နေ့ အခမ်းအနား အပြီး ကန္ဒါဟေဝန်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် သို့ ကယားပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်လွှတ်တော် ဥက္ကဌတို့ လာရောက်ကာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြောင်း သိရသည်။

ပုံမှန်​အားဖြင်​့ ကန္ဒါ​ဟေဝန်​ပန်​းခြံအား ဖွင်​့လှစ်​ထားခြင်​းမရှိဘဲ သံဆူးကြိုးအကာအရံများဖြင်​့ ပိတ်​ထားခြင်​းဖြစ်​သော်လည်း (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်၎င်းပန်းခြံရှိ ဗိုလ်​ချုပ်​​ကြေးရုပ်​အား ဇူလိုင်​လ (၁၉)ရက်​​နေ့ ​နေ့လည်​ပိုင်​းအထိ ဖွင်​့လှစ်​​ပေးထားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး တို့မှ လာရောက်ကာ လွမ်​းသူ့ပန်​း​ခွေချကာ ​ဂါရဝ ပြုခဲ့ကြပြီးနောက် တက္ကသိုလ်​မှ ​ကျောင်​းသား​ကျောင်​းသူများပါ လာ​ရောက်​ဂါဝရပြုခဲ့ကြ​ကြောင်​း သိရသည်​။

(၇၂)နှစ်​​မြောက်​ အာဇာနည်​ ​နေ့အခမ်​းအနားအား ​ကျောက်​တိုင်​ကွင်​းတွင်​လည်း ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ ​နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးသွားခဲ့​သော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေး ပြုခြင်း၊ အာဇာနည်​​ခေါင်​​ဆောင်​များ ကျဆုံးခဲ့​သော နံနက်​ (၁၀)နာရီ (၃၇)မိနစ်​အချိန်​တွင်​ ဥသြ ဆွဲ၍ (၂)မိနစ် ငြိမ်သက်ခြင်း နှင်​့ ပြည်​နယ်​အစိုးရအဖွဲ့နှင်​့ သက်​ဆိုင်​ရာ တတ်​​ရောက်​လာ​သော အဖွဲ့အစည်​းများမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းများပြုလုပ်​ခဲ့​ကြောင်​း သိရသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net