စည္ပင္ ႏွင့္ ကုမၸဏီတို႔ အက်ဳိးတူပူးေပါင္းမႈျဖင့္ ေအးသာယာကားႀကီးကြင္း အဆင့္ျမႇင့္တင္မႈ စတင္

စည္ပင္ ႏွင့္ ကုမၸဏီတို႔ အက်ဳိးတူပူးေပါင္းမႈျဖင့္ ေအးသာယာကားႀကီးကြင္း အဆင့္ျမႇင့္တင္မႈ စတင္
ဇူလိုင် 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီနွင့္ ေတာင္ႀကီးထိန္သာေဆာက္လုပ္ေရးကုမၸဏီတို႔ အက်ဳိးတူပူးေပါင္းၿပီး  ေအးသာယာကားႀကီးကြင္းအဆင္ျမႇင့္တင္မႈလုပ္ငန္းမ်ားကို စတင္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"အပိုင္း (၂) ပိုင္းေပါ့။ ပထမဂိတ္ခန္းေတြရယ္ အလယ္ကခရီးသည္နားေနထြက္ခြါတဲ့အေဆာင္ရယ္။ ေဘးပတ္ပတ္လည္က ဂိတ္ခန္းေတြေတာ့ ဒီႏွစ္ကုန္အၿပီးေဆာက္သြားမွာ။ ကား၀န္းရဲ႕ ပတ္ပတ္လည္ အျပည့္ေဆာက္မွာေပါ့။ ဂိတ္ခန္းေတြကလည္း (၂) ထပ္၊ ခရီးသည္နားေနေဆာင္ကလည္း (၂) ထပ္ေပါ့။ စည္ပင္ကေန ဂိတ္ခန္းေတြ စီစဥ္ေပးတာေပါ့။ ကားႀကီးေတြအတြက္ေရာ၊ ကားေလးေတြအတြက္ေရာပါ ပါတယ္။ ဂိတ္ခန္းက (၁၂၀) ေလာက္ရိွမယ္။ ေတာင္ႀကီးကေန အနယ္နယ္အရပ္ရပ္သြားတဲ့ ဂိတ္ေတြအတြက္ လံုေလာက္ပါတယ္။ ကား၀န္းတိုင္းမွာေတာ့ ကား၀င္တဲ့၀င္ေၾကးေကာက္တဲ့လုပ္ငန္းရိွတာေပါ့။ ကား၀န္းအသစ္ၿပီးသြားရင္ေတာ့ ကတ္စနစ္ေတြသံုးၿပီးေကာက္မွာ ဆိုေတာ့ ဒီထက္စနစ္က်သြားမွာေပါ့"ဟု ေတာင္ႀကီးၿမို႕နယ္စည္ပင္သာယာေရးေကာ္မတီမွ အတြင္းေရးမွဴး ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၁၄)ရက္ေန႔တြင္ ေျပာသည္။

ေအးသာယာကားႀကီးကြင္း အဆင့္ျမႇင့္တင္ေရးအတြက္ ကုမၸဏီမ်ားႏွင့္အက်ိဳးတူ ေဆာက္လုပ္ႏိုင္ရန္ ကုမၸဏီ (၄) ခုႏွင့္ ေဆြးေႏြးခဲ့ၿပီး ေတာင္ႀကီးထိန္သာေဆာက္လုပ္ေရးကုမၸဏီႏွင့္ အက်ိဳးတူပူးေပါင္းၿပီး ေဆာင္ရြက္ေနျခင္းျဖစ္ကာ ရင္းႏွီးျမႇပ္ႏွံမည့္ ပမာဏအား က်ပ္သိန္း (၅၀,၀၀၀) ခန္႔ရိွေၾကာင္း ႏွင့္ ေအးသာယာကားႀကီးကြင္းသို႔ ေနစဥ္ ခရီးသည္တင္ကားအစီးေရ (၉၀) ခန္႔၀င္ထြက္ေနသည့္အတြက္ ကားဂိတ္မ်ားတိုးခ်ဲ႕ရန္ႏွင့္ ခရီးသည္မ်ားနားေနႏိုင္ရန္အတြက္ အဆင့္ျမႇင့္တင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေတာင္ႀကီး စည္ပင္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တောင်ကြီးထိန်သာဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အေးသာယာကားကြီးကွင်းအဆင်မြှင့်တင်မှုလုပ်ငန်းများကို စတင် လုပ်ဆောင်နေကြောင်း သိရသည်။

"အပိုင်း (၂) ပိုင်းပေါ့။ ပထမဂိတ်ခန်းတွေရယ် အလယ်ကခရီးသည်နားနေထွက်ခွာတဲ့အဆောင်ရယ်။ ဘေးပတ်ပတ်လည်က ဂိတ်ခန်းတွေတော့ ဒီနှစ်ကုန်အပြီးဆောက်သွားမှာ။ ကားဝန်းရဲ့ ပတ်ပတ်လည် အပြည့်ဆောက်မှာပေါ့။ ဂိတ်ခန်းတွေကလည်း (၂) ထပ်၊ ခရီးသည်နားနေဆောင်ကလည်း (၂) ထပ်ပေါ့။ စည်ပင်ကနေ ဂိတ်ခန်းတွေ စီစဉ်ပေးတာပေါ့။ ကားကြီးတွေအတွက်ရော၊ ကားလေးတွေအတွက်ရောပါ ပါတယ်။ ဂိတ်ခန်းက (၁၂၀) လောက်ရှိမယ်။ တောင်ကြီးကနေ အနယ်နယ်အရပ်ရပ်သွားတဲ့ ဂိတ်တွေအတွက် လုံလောက်ပါတယ်။ ကားဝန်းတိုင်းမှာတော့ ကားဝင်တဲ့ဝင်ကြေးကောက်တဲ့လုပ်ငန်းရှိတာပေါ့။ ကားဝန်းအသစ်ပြီးသွားရင်တော့ ကတ်စနစ်တွေသုံးပြီးကောက်မှာ ဆိုတော့ ဒီထက်စနစ်ကျသွားမှာပေါ့"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြောသည်။

အေးသာယာကားကြီးကွင်း အဆင့်မြှင့်တင်ရေးအတွက် ကုမ္ပဏီများနှင့်အကျိုးတူ ဆောက်လုပ်နိုင်ရန် ကုမ္ပဏီ (၄) ခုနှင့် ဆွေးနွေးခဲ့ပြီး တောင်ကြီးထိန်သာဆောက်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နခြေင်းဖြစ်ကာ ရင်းနှီးမြှပ်နှံမည့် ပမာဏအား ကျပ်သိန်း (၅၀,ဝဝဝ) ခန့်ရှိကြောင်း နှင့် အေးသာယာကားကြီးကွင်းသို့ နေစဉ် ခရီးသည်တင်ကားအစီးရေ (၉၀) ခန့်ဝင်ထွက်နေသည့်အတွက် ကားဂိတ်များတိုးချဲ့ရန်နှင့် ခရီးသည်များနားနေနိုင်ရန်အတွက် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - တောင်ကြီး စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net