အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းအား အဂတိလိုက္စားမႈျဖင့္ ထပ္မံ အမႈဖြင့္

အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းအား အဂတိလိုက္စားမႈျဖင့္ ထပ္မံ အမႈဖြင့္
ဇူလိုင် 11, 2019
By Tachileik News Agency

အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ကာ တရားဆြဲဆိုခံထားရသည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းအား ရာထူးတာ၀န္ကို အလြဲသံုးစားျပဳလုပ္ကာ ၀န္ေဆာင္ခ ႏွင့္ တရားမ၀င္ေသာ အျခားအက်ဳိးခံစားခြင့္မ်ားရယူမႈေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တြံေတးၿမိဳ႕မရဲစခန္းတြင္ ထပ္မံ၍ အမႈဖြင့္ လိုက္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၁)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားရွိသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တိုင္ၾကားစာရရွိထားသည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းသည္ D1A အရက္လိုင္စင္ ေလွ်ာက္ထားရန္ ကိစၥႏွင့္ စပ္လ်ဥ္း၍ ယစ္မ်ဳိးလိုင္စင္ ရရွိသူမ်ားထံက က်ပ္(၅)သိန္း၊ ေခါင္ရည္လိုင္စင္ CFL-2 လိုင္စင္ ကိစၥကူညီရန္အတြက္ က်ပ္(၁)သိန္းခြဲ၊ သႀကၤန္အတြက္ဟု အေၾကာင္းျပကာ ယစ္မ်ဳိးလိုင္စင္ ရရွိသူထံက က်ပ္(၂)သိန္းတို႔ကို လက္ခံရယူခဲ့ျခင္းသည္ ရာထူးတာ၀န္ကို အလြဲသံုးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္ကို စစ္ေဆးေပၚေပါက္ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္သည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းအား တြံေတးၿမိဳ႕မရဲစခန္းတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ အမႈဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ိဳက္ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၁၅၂)၊ ဦးပိုင္အမွတ္ (၈/က)ရွိ လယ္ေျမ ဧရိယာ(၂၀.၈၂)ဧက ေျမယာပိုင္ဆိုင္မႈ အျငင္းပြားသည့္ ကိစၥတြင္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းက နစ္နာသူဘက္မွ တိုင္ၾကားစာေရးသားေပးရန္အတြက္ဟုဆိုက ၂၀၁၈ခုႏွစ္ ေမလ (၁၅)ရက္ေန႔က က်ပ္(၅)သိန္းေတာင္းခံေၾကာင္းႏွင့္ သက္ေသထြက္ဆိုခ်က္မ်ားကို စစ္ေဆးအေရး အစီရင္ခံစာတြင္ ထပ္မံထည့္သြင္းေပးရန္အတြက္ဟု ဆိုကာ ၂၀၁၈ခုႏွစ္ ဇြန္လ(၂၅)ရက္ေန႔ကလည္း က်ပ္သိန္း (၁၂၀)ေတာင္းခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည့္အတြက္ ၂၀၁၉ခုႏွစ္ ဇြန္လ(၂၉)ရက္ေန႔က တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းအား တြံေတးၿမိဳ႕မရဲစခန္းတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ အမႈဖြင့္လွစ္ကာ တရားဆြဲဆိုရာမွ အမႈထပ္မံ၍ စစ္ေဆးေပၚေပါက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ကာ တရားဆွဲဆိုခံထားရသည့် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအား ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ကာ ဝန်ဆောင်ခ နှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များရယူမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒဖြေင့် တွံတေးမြို့မရဲစခန်းတွင် ထပ်မံ၍ အမှုဖွင့် လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားစာရရှိထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ရာတွင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် D1A အရက်လိုင်စင် လျှောက်ထားရန် ကိစ္စနှင့် စပ်လျဉ်း၍ ယစ်မျိုးလိုင်စင် ရရှိသူများထံက ကျပ်(၅)သိန်း၊ ခေါင်ရည်လိုင်စင် CFL-2 လိုင်စင် ကိစ္စကူညီရန်အတွက် ကျပ်(၁)သိန်းခွဲ၊ သင်္ကြန်အတွက်ဟု အကြောင်းပြကာ ယစ်မျိုးလိုင်စင် ရရှိသူထံက ကျပ်(၂)သိန်းတို့ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်သည့် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအား တွံတေးမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၂)၊ ဦးပိုင်အမှတ် (၈/က)ရှိ လယ်မြေ ဧရိယာ(၂၀.၈၂)ဧက မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စတွင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းက နစ်နာသူဘက်မှ တိုင်ကြားစာရေးသားပေးရန်အတွက်ဟုဆိုက ၂၀၁၈ခုနှစ် မေလ (၁၅)ရက်နေ့က ကျပ်(၅)သိန်းတောင်းခံကြောင်းနှင့် သက်သေထွက်ဆိုချက်များကို စစ်ဆေးအရေး အစီရင်ခံစာတွင် ထပ်မံထည့်သွင်းပေးရန်အတွက်ဟု ဆိုကာ ၂၀၁၈ခုနှစ် ဇွန်လ(၂၅)ရက်နေ့ကလည်း ကျပ်သိန်း (၁၂၀)တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ၂၀၁၉ခုနှစ် ဇွန်လ(၂၉)ရက်နေ့က တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းအား တွံတေးမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်လှစ်ကာ တရားဆွဲဆိုရာမှ အမှုထပ်မံ၍ စစ်ဆေးပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net