ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာရာတြင္ ဇူလိုင္လ ပထမ(၈)ရက္အတြင္း (၉၈)ဦးရွိ

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာရာတြင္ ဇူလိုင္လ ပထမ(၈)ရက္အတြင္း (၉၈)ဦးရွိ
ဇူလိုင် 8, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔မွ (၈)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာတြင္ စုစုေပါင္း (၉၈)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းဘက္က လာေရာက္လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔က (၁၁)ဦး၊ ဇူလိုင္လ(၂)ရက္ေန႔က (၁၃)ဦးႏွင့္ ဇူလိုင္လ(၃)ရက္ေန႔တြင္ (၂၅)ဦး၊ ဇူလိုင္လ (၅) ရက္ေန႔တြင္ (၃) ဦး ႏွင့္  ဇူလိုင္လ (၈) ရက္ေန႔တြင္ (၄၆)ဦး စုစုေပါင္း (၉၈) ဦးရိွေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ တာခ်ီလိတ္သို႔ ဇူလိုင္လ (၈)ရက္ေန႔ ညေနက လႊဲေျပာင္းလာသည့္ ျမန္မာႏိုင္ငံသား (၄၆)ဦးတြင္ အမ်ိဳးသား (၃၀)ဦးႏွင့္ အမ်ိဳးသမီး (၁၆)ဦးသည္ ကယားျပည္နယ္မွ (၁)ဦး၊ ကရင္ျပည္နယ္မွ (၁)ဦး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ (၆)ဦး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ (၂၁)ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ (၁၆)ဦးႏွင့္ ပဲခူးတိုင္းေဒသႀကီးမွ (၁)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ (၄၆)ဦးတြင္ ထိုင္းႏိုင္ငံသို႔ တရားမ၀င္သြားေရာက္မႈျဖင့္ (၁၅)ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ (၁၅)ဦး၊ ရက္ေက်ာ္ေနထိုင္ျခင္းျဖင့္ (၁၆)ဦးတို႔ ဖမ္းဆီးခံရၿပီး ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ 

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

ထိုင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရြ႕ေျပာင္းလုပ္သားအား ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇူလိုင္လ(၈)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာ အမ်ိဳးသား (၇၅၈) ဦး ႏွင့္ အမ်ိဳးသမီး (၃၈၇) ဦး အျပင္ကေလး (၃၉) ဦး စုစုေပါင္း (၁,၁၈၄) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများအား အရေးယူပြီးနောက် တာချီလိတ်သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၈)ရက်နေ့အထိ လွှဲပြောင်းပေးလာရာတွင် စုစုပေါင်း (၉၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာရာတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က (၁၁)ဦး၊ ဇူလိုင်လ(၂)ရက်နေ့က (၁၃)ဦးနှင့် ဇူလိုင်လ(၃)ရက်နေ့တွင် (၂၅)ဦး၊ ဇူလိုင်လ (၅) ရက်နေ့တွင် (၃) ဦး နှင့် ဇူလိုင်လ (၈) ရက်နေ့တွင် (၄၆)ဦး စုစုပေါင်း (၉၈) ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ ဇူလိုင်လ (၈)ရက်နေ့ ညနေက လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၄၆)ဦးတွင် အမျိုးသား (၃၀)ဦးနှင့် အမျိုးသမီး (၁၆)ဦးသည် ကယားပြည်နယ်မှ (၁)ဦး၊ ကရင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၂၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁၆)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၄၆)ဦးတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုဖြင့် (၁၅)ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် (၁၅)ဦး၊ ရက်ကျော်နေထိုင်ခြင်းဖြင့် (၁၆)ဦးတို့ ဖမ်းဆီးခံရပြီး ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိူးမျိူးကြောင့် ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားအား ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၈)ရက်နေ့အထိ လွှဲပြောင်းပေးလာရာ အမျိုးသား (၇၅၈) ဦး နှင့် အမျိုးသမီး (၃၈၇) ဦး အပြင်ကလေး (၃၉) ဦး စုစုပေါင်း (၁,၁၈၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net