တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ (၁၈၁)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲ နှင့် (၈)ကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ (၁၈၁)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲ နှင့် (၈)ကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
ဇူလိုငျ 16, 2019
By Tachileik News Agency



အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ ကျင်းပပြုလုပ်သည့် အဆိုပါ စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ နှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် မြို့သူ မြို့သားများမှ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ပင့်ဖိတ်သံဃာ(၉)ပါးမှ တရားတော်ချီးမြှင့်ရာ အလှူရှင်များက ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြသည်။

တာချီလိတ်အခြေပြု အလင်းရောင်ပရဟိတအသင်းသည် လစဉ် လပြည့် လကွယ်နေ့များတွင် ရှမ်းရိုးမကွင်းအတွင်း စုပေါင်းကာ ဆွမ်းနှင့်ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပလေ့ရှိပြီး၊ လူမှုရေးလုပ်ငန်းများဖြစ်သည့် သာရေး နှင့် နာရေးများအပြင် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့သူ မြို့သားများနှင့် အလင်းရောင်ပရဟိတအသင်းတို့ စုပေါင်းကျင်းပပြုလုပ်သည့် (၁၈၁)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ နှင့် အဋ္ဌမအကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တာချီလိတ်မြိုရှိ ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ရာ ရဟန်း၊သံဃာ၊ကိုရင်နှင့်သီလရှင် စုစုပေါင်း အပါး (၁၀၀၀)ဝန်းကျင် ကြွရောက် ကြောင်း သိရသည်။

"အကြိုပို့ကား ရောက်နိုင်တဲ့ ကျောင်းတွေကို ကားနဲ့ သွားပင့်တယ်၊ စာရင်းအရဆို (၅၄)ကျောင်းပါ၊ ဝမ်မိုင်က သီလရှင်ကျောင်း နဲ့ ပုန်းထွန်က သီလရှင်ကျောင်းလဲပါတယ်။ စုစုပေါင်းဆိုရင်တော့ အပါး (၁၀၀၀)ဝန်းကျင်လို့ ပြောရမှာပေါ့။"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ ကျင်းပပြုလုပ်သည့် အဆိုပါ စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် မြို့သူ မြို့သားများမှ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ပင့်ဖိတ်သံဃာ(၉)ပါးမှ တရားတော်ချီးမြှင့်ရာ အလှူရှင်များက ရေစက်သွန်းချအမျှအတန်းပေးေဝခဲ့ကြသည်။

တာချီလိတ်အခြပြေု အလင်းရောင်ပရဟိတအသင်းသည် လစဉ် လပြည့် လကွယ်နေ့များတွင် ရှမ်းရိုးမကွင်းအတွင်း စုပေါင်းကာ ဆွမ်းနှင့်ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပလေ့ရှိပြီး၊ လူမှုရေးလုပ်ငန်းများဖြစ်သည့် သာရေး နှင့် နာရေးများအပြင် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net