ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းပေးမည့် တာချီလိတ်မြို့မှ ပြည်သူ့အငှားအိမ်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့အထိ လျှောက်ထားသူ (၈၀)ကျော်ရှိကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းပေးမည့် တာချီလိတ်မြို့မှ ပြည်သူ့အငှားအိမ်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့အထိ လျှောက်ထားသူ (၈၀)ကျော်ရှိ

ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းပေးမည့် တာချီလိတ်မြို့မှ ပြည်သူ့အငှားအိမ်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့အထိ လျှောက်ထားသူ (၈၀)ကျော်ရှိကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းပေးမည့် တာချီလိတ်မြို့မှ ပြည်သူ့အငှားအိမ်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့အထိ လျှောက်ထားသူ (၈၀)ကျော်ရှိ
ဇူလိုင် 23, 2019
By Tachileik News Agency



အဆိုပါ ပြည်သူ့အငှားအိမ်ရာမှာ ဝင်ငွေနည်းသူများအား သက်သာသည့်နှုန်းထားဖြင့် ငှားရမ်းပေးနိုင်ရန်  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေဖြင့် အခန်း (၃၆)ခန်း ပါဝင်သည့် (၈) ခန်းတွဲ (၅) ထပ်အဆောက်အဦးကို တည်ဆောက်ထားခြင်းဖြစ်သည်။


ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် အိမ်ငှားရမ်းနေထိုင်သူ မည်သူမဆို ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းနေထိုင်နိုင်မည့် အငှားအိမ်ရာများအတွက် သြဂုတ်လ(၁၂)ရက်နေ့အထိ လျှောက်ထားနိုင်

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် နေအိမ်ငှါးရမ်းနေထိုင်သူများအတွက် တစ်လလျှင် ကျပ်(၂၅,ဝဝဝ)ဖြင့် ငှါးရမ်းပေးမည့် အငှါးအိမ်ရာလျှောက်ထားမှုမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့အထိ လျှောက်လွှာ (၈၂) စောင် လက်ခံရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အငှါးအိမ်ရာအား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဝမ်မိုင်ရွာ၌ တည်ဆောက်ထားခြင်း ဖြစ်ပြီး မယ်ခေါင်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာတွင် လျှောက်လွှာများကို (၁) စောင်လျှင် ကျပ် (၁၀၀၀) နှုန်းဖြင့် သြဂုတ်လ (၁၂) ရက်နေ့အထိလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"လျှောက်လွှာပိတ်ရက်က သြဂုတ်လ (၁၂) ရက်နေ့ဆိုတော့ ရတဲ့လျှောက်လွှာတွေကို တောင်ကြီးပို့ရမှာပေါ့။ စိစစ်မယ့်အချိန်က (၁) လနီးပါးကြာမလား မပြောတတ်ဘူး။ ပြည်နယ်အစိုးရက စိစစ်မှာဆိုတော့ နည်းနည်းတော့ ကြာမှာပါ"ဟု တာချီလိတ်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတွီဟိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြည်သူ့အငှါးအိမ်ရာမှာ ဝင်ငွေနည်းသူများအား သက်သာသည့်နှုန်းထားဖြင့် ငှါးရမ်းပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွဖြေင့် အခန်း (၃၆)ခန်း ပါဝင်သည့် (၈) ခန်းတွဲ (၅) ထပ်အဆောက်အဦးကို တည်ဆောက်ထားခြင်းဖြစ်သည်။

ပြည်သူ့အငှါးအိမ်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အကြီးတန်းစာရေး ဦးတွီဟိန်း ဖုန်း-ဝ၉ ၄၂၈၂၂၁၇၄၄ နှင့် အငယ်တန်းအင်ဂျင်နီယာ ဦးခွန်ဟိန်းထက် ဖုန်း-ဝ၉ ၄၅၆၃၃၇၉၀၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အိမ်ငှားရမ်းနေထိုင်သူ မည်သူမဆို ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းနေထိုင်နိုင်မည့် အငှားအိမ်ရာများအတွက် သြဂုတ်လ(၁၂)ရက်နေ့အထိ လျှောက်ထားနိုင်

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net