လမ်းမီး အချောင်း(၂၀၀)ကို တာချီလိတ်မြို့တွင်း မြို့ပြင်များ၌ တပ်ဆင်ရန် စီစဉ်ထား

လမ်းမီး အချောင်း(၂၀၀)ကို တာချီလိတ်မြို့တွင်း မြို့ပြင်များ၌ တပ်ဆင်ရန် စီစဉ်ထား
ဇူလိုငျ 5, 2019
By Tachileik News Agency



လက်ရှိတွင် တာချီလိတ်မြို့တွင်း လမ်းမီးများအတွက် မီတာခများကို စည်ပင်သာယာရေးဌာနက တစ်ယူနစ်လျှင် ကျပ် (၁၀၀)နှုန်းဖြင့် မီးလင်းရေးကော်မတီသို့ ပေးဆောင်နေရပြီး တာချီလိတ်မြို့မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဝယ်ယူပြီး တာချီလိတ်မြို့တွင်း ပြန်လည် ဖြန့်ဖြူးနေရာ လျှပ်စစ်မီတာခအား ထိုင်းဘတ်ငွေဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်း  ဖြန့်ဖြူးနေသည့် မီတာခများလျှော့ချနိုင်ရေးအတွက် မီးလင်းရေးကော်မတီက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ပြည်တွင်းကုမ္ပဏီ (၁) ခုနှင့်ဆွေးနွေးရန်ရှိနေပြီး ဇူလိုင်လ (၉) ရက်နေ့တွက်လည်း ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူခြင်းအား တစ်ယူနစ်လျှင် တစ်ဘတ်နှုန်းဖြင့် အကျိုးဆောင်ပေးထားသည့် ထိုင်းနိုင်ငံ Allular ကုမ္ပဏီနှင့်လည်း တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် လျှပ်စစ်မီးလင်းရေးအတွက် မီးလင်းရေးကော်မတီက မီးချောင်း (၂၀၀)တပ်ဆင်ပြီး မီတာခကို မီးလင်းရေးကော်မတီက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

"ဟောင်လိတ်လမ်းဆုံကနေ မိုင်းဖုန်းဘက်သွားတဲ့လမ်းတစ်လျောက်ကို မီးလင်းရေး(၂) ကမီးချောင်း (၁၀၀)၊ ဟောင်လိတ်လမ်းဆုံကနေ မြို့ထဲပိုင်းကို မီးလင်းရေး(၁) က မီးချောင်း (၁၀၀) တပ်မှာပေါ့။ ပစ္စည်းတွေက မှာပြီးပြီ"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့တွင်း လမ်းမီးများအတွက် မီတာခများကို စည်ပင်သာယာရေးဌာနက တစ်ယူနစ်လျှင် ကျပ် (၁၀၀)နှုန်းဖြင့် မီးလင်းရေးကော်မတီသို့ ပေးဆောင်နေရပြီး တာချီလိတ်မြို့မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူပြီး တာချီလိတ်မြို့တွင်း ပြန်လည် ဖြန့်ဖြူးနေရာ လျှပ်စစ်မီတာခအား ထိုင်းဘတ်ငွဖြေင့် ကောက်ခံနခြေင်းဖြစ်သည်။

တာချီလိတ်မြို့တွင်း ဖြန့်ဖြူးနေသည့် မီတာခများလျှော့ချနိုင်ရေးအတွက် မီးလင်းရေးကော်မတီက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ပြည်တွင်းကုမ္ပဏီ (၁) ခုနှင့်ဆွေးနွေးရန်ရှိနပြေီး ဇူလိုင်လ (၉) ရက်နေ့တွက်လည်း ထို်င်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူခြင်းအား တစ်ယူနစ်လျှင် တစ်ဘတ်နှုန်းဖြင့် အကျိုးဆောင်ပေးထားသည့် ထိုင်းနိုင်ငံ Allular ကုမ္ပဏီနှင့်လည်း တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net