မေတာ္တဆ ဓာတ္လိုက္ခံခဲ့ရၿပီး ေျခတစ္ဖက္ႏွင့္ လက္တစ္ဖက္ ဆံုးရႈံးခဲ့ရသူအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဂရုဏာေၾကး က်ပ္သိန္း (၂၀)ေထာက္ပံ့

မေတာ္တဆ ဓာတ္လိုက္ခံခဲ့ရၿပီး ေျခတစ္ဖက္ႏွင့္ လက္တစ္ဖက္ ဆံုးရႈံးခဲ့ရသူအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဂရုဏာေၾကး က်ပ္သိန္း (၂၀)ေထာက္ပံ့
ဇူလိုင် 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အတြင္း အိမ္ခန္းငွားေနထိုင္သူတစ္ဦး မေတာ္တဆဓာတ္လိုက္ခံရၿပီး ေျခတစ္ဖက္ လက္တစ္ဖက္ ဆံုးရံႈးသြားသည့္အတြက္ တာခ်ီလိတ္ၿမို႕ မီးလင္းေရးေကာ္မတီမွ ဂရုဏာေၾကး က်ပ္သိန္း (၂၀) ေပးအပ္ပြဲကို ၂၀၁၉ ခုနွစ္ ဇူလိုင္လ (၁၂) ရက္ေန႔ ေန႔လည္ (၁) နာရီက မကာဟိုခမ္းရပ္ကြက္ရိွ ၿမိဳ႕မီးလင္းေရးရံုးတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ (၁) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္၊ အားေခရြာသြားလမ္းရိွ ေနအိမ္တိုက္ခန္းတြင္ ငွားရမ္းေနထိုင္သည့္ ကိုမင္းဘုန္းသြင္မွာ တိုက္ခန္းအေပၚထပ္သို႔တက္ေရာက္ခဲ့ရာတြင္ တာခ်ီလိတ္ၿမို႕ မီးလင္းေရးေကာ္မတီမွ သြယ္တန္းထားေသာ လွ်ပ္စစ္ဗို႔အား (၂၂၀၀၀) လိုင္းႀကိဳးႀကီး (၃) ေခ်ာင္းအနီးအေရာက္ လွ်ပ္စစ္ဆြဲအားေၾကာင့္ ဓာတ္လိုက္မႈျဖစ္ေပၚခဲ့ၿပီး ညာဘက္လက္ႏွင့္ ညာဘက္ေျခေထာက္ ျဖတ္ေတာက္ခဲ့ရသျဖင့္ မီးလင္းေရးေကာ္မတီမွ လူမႈေရးအရ ေထာက္ပံ့ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒါက ဂရုဏာေၾကးအေနနဲ႔ေပးတာ။ ပထမက (၅) သိန္းကေနၿပီးေတာ့ မွ (၁၀) သိန္းတိုးေပးတာေပါ့။ ဟိုေန႔က အစည္းအေ၀းထိုင္တဲ့အခါမွာ သူလည္းေဆးရံုမွာ ေျခတုလက္တု လုပ္ေနတဲ့အခါက်ေတာ့ ဂရုဏာေၾကး အေနနဲ႔ (၁၀) သိန္းေလာက္ထပ္တိုးေပးလိုက္မယ္ေပါ့။ မီးလင္းေရးက ေလွ်ာ္စရာမလိုဘူး။ သူ႕အပစ္ေၾကာင့္ သူျဖစ္တာ။ မီးလင္းေရးကေတာင္ျပန္ၿပီး တရားစြဲရမယ့္ အေျခအေနမွာ အမႈမဖြင့္ခဲ့ၾကဘူး။ သူကေျခလက္ဆံုးရံႈးသြားရတာျဖစ္တဲ့အတြက္ ႏိုင္ငံသားျခင္းဂရုဏာအေနနဲ႔ ေဆးဖိုးအတြက္ ေနာက္ (၁၀) သိန္းထပ္တိုးေပးလိုက္တာေပါ့။ မီးႀကိဳးကိုလည္း ေနာက္ျဖစ္မွာစိုးလို႔ ျဖဳတ္လိုက္ၿပီ။ မီးလင္းေရးက မီးႀကိဳးက အရင္ကတည္းက ရိွၿပီးသား။ အေဆာက္အဦးက တားေနတဲ့ၾကားထဲက ဆက္လုပ္တာ။ အေဆာက္အဦးမွာလည္း တာ၀န္ရိွတာေပါ့။ အႏၱရာယ္ကင္းေအာင္ မီးႀကိဳးေတြျဖဳတ္လိုက္တာေပါ့"ဟု တာခ်ီလိတ္ၿမို႕ မီးလင္းေရးေကာ္မတီဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕၊ ၀မ္ေကာင္းရပ္ကြက္၊ အားေခရြာသြားလမ္းရိွေနအိမ္မွာ ဓာတ္လိုက္မႈ (၃) ႀကိမ္ျဖစ္ပြားခဲ့ဘူးၿပီး ပထမဆံုးေနအိမ္ေဆာက္လုပ္ခ်ိန္တြင္ လုပ္သားတစ္ဦးဓာတ္လိုက္ခံရမႈ ျဖစ္ပြားခဲ့ၿပီး ေျခေထာက္တစ္ဖက္ ဆံုးရံႈးခဲ့ရေၾကာင္း၊ ဒုတိယအႀကိမ္တြင္ လင္မယား (၂) ဦး ဓာတ္လိုက္ခံရၿပီး ႀကီးမားသည့္ ဒဏ္ရာမျဖစ္ေပၚခဲ့ေၾကာင္း၊ ယင္းကဲ့သို႔ ဓာတ္လိုက္မႈမ်ားမျဖစ္ေပၚေစရန္အတြက္ ေနအိမ္ပိုင္ရွင္မွ သံဇကာမ်ားကာရံၿပီးေသာ့ခတ္ထားေသာ္လည္း တတိယအႀကိမ္ေျမာက္ ဓာတ္လိုက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဒါတတိယအႀကိမ္ေပါ့။ ပထမအႀကိမ္ညိႇႏိႈင္းတုန္းကလည္း အဆင္မေျပဘူး။ ဒုတိယအႀကိမ္ မကာဟိုခမ္းရပ္ကြက္မွာ ညိႇႏိုင္းတုန္းကလည္း ေလွ်ာ္ေၾကးမဟုတ္ဘူးေပါ့ေနာ္၊ ဂရုနာေၾကးေပါ့ သူ႕အတြက္အထိုက္အေလ်ာက္ရိွေအာင္ က်ပ္ (၁၀) သိန္းေပါ့ ေထာက္ပံ့တဲ့အေနအထားမွာ ေကာင္ေလးေတြဘက္က အခ်ိဳ႕လူေတြရဲ႕ ေျပာစကားေတြနားေယာင္ၿပီးေတာ့ ေျခလက္ေတြထိထားတာ ဒီပိုက္ဆံေလာက္နဲ႔ မရဘူး ဘာညာဆိုေတာ့ အဲဒီအခ်ိန္ကတည္းက ကၽြန္ေတာ္ရွင္းျပတယ္။ ဒါေလ်ာ္ေၾကးေပးတာမဟုတ္ဘူး။ ေလ်ာ္ေၾကးေပးရင္လည္း ဒီဟာေတြကတန္ဖိုးျဖတ္လို႔မရဘူး။ ဒါဂရုဏာေၾကးအျဖစ္ေပးတာဆိုၿပီးေတာ့ ေျပာလိုက္ပါတယ္။ ဒီအခုေနာက္ဆံုးတစ္ေခါက္က်မွ မီးလင္းေရးရံုးမွာေခၚၿပီးေတာ့ သူ႕အေဒၚကို ေသခ်ာနားလည္ေအာင္ေျပာျပ။ သူတို႔လည္းသေဘာေပါက္သြားပါတယ္။ ဒီလိုေပးတဲ့အတြက္ေက်းဇူးတင္တယ္ဆိုတဲ့အေၾကာင္း ေျပာသြားပါတယ္"ဟု ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဂရုဏာေၾကးေပးအပ္ပြဲသို႔ ဓာတ္လိုက္ခံရသူ၏မိသား၀င္ (၂) ဦး၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာ၀န္ရိွသူမ်ားတက္ေရာက္ခဲ့ၿပီး ႏွစ္ဦးႏွစ္ဖက္ ေျပလည္မႈရရိွကာ ဂရုနာေၾကး က်ပ္သိန္း (၂၀) ကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။ 

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း အိမ်ခန်းငှါးနေထိုင်သူတစ်ဦး မတော်တဆဓာတ်လိုက်ခံရပြီး ခြေတစ်ဖက် လက်တစ်ဖက် ဆုံးရှုံးသွားသည့်အတွက် တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ဂရုဏာကြေး ကျပ်သိန်း (၂၀) ပေးအပ်ပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် (၁) နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့မီးလင်းရေးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာသွားလမ်းရှိ နေအိမ်တိုက်ခန်းတွင် ငှါးရမ်းနေထိုင်သည့် ကိုမင်းဘုန်းသွင်မှာ တိုက်ခန်းအပေါ်ထပ်သို့တက်ရောက်ခဲ့ရာတွင် တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ သွယ်တန်းထားသော လျှပ်စစ်ဗို့အား (၂၂၀၀၀) လိုင်းကြိုးကြီး (၃) ချောင်းအနီးအရောက် လျှပ်စစ်ဆွဲအားကြောင့် ဓာတ်လိုက်မှုဖြစ်ပေါ်ခဲ့ပြီး ညာဘက်လက်နှင့် ညာဘက်ခြေထောက် ဖြတ်တောက်ခဲ့ရသဖြင့် မီးလင်းရေးကော်မတီမှ လူမှုရေးအရ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ဒါက ဂရုဏာကြေးအနေနဲ့ပေးတာ။ ပထမက (၅) သိန်းကနပြေီးတော့ မှ (၁၀) သိန်းတိုးပေးတာပေါ့။ ဟိုနေ့က အစည်းအေဝးထိုင်တဲ့အခါမှာ သူလည်းဆေးရုံမှာ ခြေတုလက်တု လုပ်နေတဲ့အခါကျတော့ ဂရုဏာကြေး အနေနဲ့ (၁၀) သိန်းလောက်ထပ်တိုးပေးလိုက်မယ်ပေါ့။ မီးလင်းရေးက လျှော်စရာမလိုဘူး။ သူ့အပစ်ကြောင့် သူဖြစ်တာ။ မီးလင်းရေးကတောင်ပြန်ပြီး တရားစွဲရမယ့် အခြေအနေမှာ အမှုမဖွင့်ခဲ့ကြဘူး။ သူကခြေလက်ဆုံးရှုံးသွားရတာဖြစ်တဲ့အတွက် နိုင်ငံသားခြင်းဂရုဏာအနေနဲ့ ဆေးဖိုးအတွက် နောက် (၁၀) သိန်းထပ်တိုးပေးလိုက်တာပေါ့။ မီးကြိုးကိုလည်း နောက်ဖြစ်မှာစိုးလို့ ဖြုတ်လိုက်ပြီ။ မီးလင်းရေးက မီးကြိုးက အရင်ကတည်းက ရှိပြီးသား။ အဆောက်အဦးက တားနေတဲ့ကြားထဲက ဆက်လုပ်တာ။ အဆောက်အဦးမှာလည်း တာဝန်ရှိတာပေါ့။ အန္တရာယ်ကင်းအောင် မီးကြိုးတွဖြေုတ်လိုက်တာပေါ့"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာသွားလမ်းရှိနေအိမ်မှာ ဓာတ်လိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ဘူးပြီး ပထမဆုံးနေအိမ်ဆောက်လုပ်ချိန်တွင် လုပ်သားတစ်ဦးဓာတ်လိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း၊ ဒုတိယအကြိမ်တွင် လင်မယား (၂) ဦး ဓာတ်လိုက်ခံရပြီး ကြီးမားသည့် ဒဏ်ရာမဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဓာတ်လိုက်မှုများမဖြစ်ပေါ်စေရန်အတွက် နေအိမ်ပိုင်ရှင်မှ သံဇကာများကာရံပြီးသော့ခတ်ထားသော်လည်း တတိယအကြိမ်မြောက် ဓာတ်လိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒါတတိယအကြိမ်ပေါ့။ ပထမအကြိမ်ညှိနှိုင်းတုန်းကလည်း အဆင်မပြေဘူး။ ဒုတိယအကြိမ် မကာဟိုခမ်းရပ်ကွက်မှာ ညှိနိုင်းတုန်းကလည်း လျှော်ကြေးမဟုတ်ဘူးပေါ့နော်၊ ဂရုနာကြေးပေါ့ သူ့အတွက်အထိုက်အလျောက်ရှိအောင် ကျပ် (၁၀) သိန်းပေါ့ ထောက်ပံ့တဲ့အနေအထားမှာ ကောင်လေးတွေဘက်က အချို့လူတွေရဲ့ ပြောစကားတွေနားယောင်ပြီးတော့ ခြေလက်တွေထိထားတာ ဒီပိုက်ဆံလောက်နဲ့ မရဘူး ဘာညာဆိုတော့ အဲဒီအချိန်ကတည်းက ကျွန်တော်ရှင်းပြတယ်။ ဒါလျော်ကြေးပေးတာမဟုတ်ဘူး။ လျော်ကြေးပေးရင်လည်း ဒီဟာတွေကတန်ဖိုးဖြတ်လို့မရဘူး။ ဒါဂရုဏာကြေးအဖြစ်ပေးတာဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒီအခုနောက်ဆုံးတစ်ခေါက်ကျမှ မီးလင်းရေးရုံးမှာခေါ်ပြီးတော့ သူ့အဒေါ်ကို သေချာနားလည်အောင်ပြောပြ။ သူတို့လည်းသဘောပေါက်သွားပါတယ်။ ဒီလိုပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂရုဏာကြေးပေးအပ်ပွဲသို့ ဓာတ်လိုက်ခံရသူ၏မိသားဝင် (၂) ဦး၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိကာ ဂရုနာကြေး ကျပ်သိန်း (၂၀) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net