တာခ်ီလိတ္တြင္ အာဇာနည္ေန႔ အခမ္းအနားအား ရွမ္းရိုးကြင္းတြင္ က်င္းပျပီး ၿမိဳ႕တြင္း(၆)ေနရာ၌ မီးသတ္ယာဥ္မ်ားျဖင့္ ဥၾသဆြဲမည္

တာခ်ီလိတ္တြင္ အာဇာနည္ေန႔ အခမ္းအနားအား ရွမ္းရိုးကြင္းတြင္ က်င္းပျပီး ၿမိဳ႕တြင္း(၆)ေနရာ၌ မီးသတ္ယာဥ္မ်ားျဖင့္ ဥၾသဆြဲမည္
ဇူလိုင် 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ (၇၂)ေျမာက္အာဇာနည္ေန႔ အခမ္းအနားအား ယခင္ႏွစ္အတိုင္း ရွမ္းရိုးမကြင္းတြင္ က်င္းပၿပီး ၿမိဳ႕တြင္း  ေနရာ (၆) ေနရာ၌  ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၉) ရက္ေန႔ နံနက္ (၁၀) နာရီ (၃၇)  မိနစ္တြင္ အထိမ္းအမွတ္ မီးသတ္ယာဥ္မ်ားမွ ဥဩဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ (၁၀)နာရီ (၃၇)မိနစ္မွာ တစ္ၿပိဳင္တည္း ဥဩစြဲမွာေပါ့။ ကားေတြဆိုင္ကယ္ေတြ ရပ္ၿပီးအေလးျပဳၾကဖို႔ စီစဥ္ထားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတား ထိပ္၊ ရွမ္း႐ိုးမကြင္းအတြင္း၊  ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၂)တံတား ထိပ္၊ ပါလွ်ံမီးပြိဳင့္၊ အာခါေဈးေရွ႕မီးပိြဳင့္ႏွင့္ ေဟာင္လိတ္မီးပြိဳင့္လမ္းဆံုမ်ားတြင္ မီးသတ္ယာဥ္မ်ားျဖင့္ ဥဩဆြဲရန္ စီစဥ္ထားရွိေၾကာင္း သိရသည္။

(၇၂) ေျမာက္ အာဇာနည္ေန႔အခမ္းအနားကို ယခင္ ႏွစ္အတိုင္း တာခ်ီလိတ္ၿမိဳ႕ ရွမ္း႐ိုးမကြင္းအတြင္း က်င္းပမည္ျဖစ္ၿပီး နံနက္ (၇) နာရီမွ နံနက္ (၉) နာရီခြဲအထိ အမ်ားျပည္သူမ်ား လြမ္းသူပန္းေခြမ်ားလာေရာက္ခ်ထားႏိုင္ရန္ စီစဥ္ထားမည္ျဖစ္ၿပီး နံနက္ (၉) ခြဲမွစတင္ကာ ဌာနဆိုင္ရာမ်ားမွ လြမ္းသူပန္းေခြခ်ျခင္းအခမ္းအနားက်င္းပမည္ျဖစ္ၿပီး (၁၀) နာရီ (၃၇) မိနစ္တြင္ တစ္ၿမိဳ႕လံုး ေနရာ(၆)ေနရာတြင္ မီးသတ္ယာဥ္ျဖင့္ ဥၾသဆြဲကာ (၁) မိနစ္ၿငိမ္သက္အေလးျပဳမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၇၂)မြောက်အာဇာနည်နေ့ အခမ်းအနားအား ယခင်နှစ်အတိုင်း ရှမ်းရိုးမကွင်းတွင် ကျင်းပပြီး မြို့တွင်း နေရာ (၆) နေရာ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် အထိမ်းအမှတ် မီးသတ်ယာဉ်များမှ ဥဩဆွဲမည်ဖြစ်ကြောင်း သိရသည်
"မနက် (၁၀)နာရီ (၃၇)မိနစ်မှာ တစ်ပြိုင်တည်း ဥဩစွဲမှာပေါ့။ ကားတွေဆိုင်ကယ်တွေ ရပ်ပြီးအလေးပြုကြဖို့ စီစဉ်ထားတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား ထိပ်၊ ရှမ်းရိုးမကွင်းအတွင်း၊ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား ထိပ်၊ ပါလျှံမီးပွိုင့်၊ အာခါဈေးရှေ့မီးပွိုင့်နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံများတွင် မီးသတ်ယာဉ်များဖြင့် ဥဩဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။

(၇၂) မြောက် အာဇာနည်နေ့အခမ်းအနားကို ယခင် နှစ်အတိုင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည်ဖြစ်ပြီး နံနက် (၇) နာရီမှ နံနက် (၉) နာရီခွဲအထိ အများပြည်သူများ လွမ်းသူပန်းခွေများလာရောက်ချထားနိုင်ရန် စီစဉ်ထားမည်ဖြစ်ပြီး နံနက် (၉) ခွဲမှစတင်ကာ ဌာနဆိုင်ရာများမှ လွမ်းသူပန်းခွေချခြင်းအခမ်းအနားကျင်းပမည်ဖြစ်ပြီး (၁၀) နာရီ (၃၇) မိနစ်တွင် တစ်မြို့လုံး နေရာ(၆)နေရာတွင် မီးသတ်ယာဉ်ဖြင့် ဥသြဆွဲကာ (၁) မိနစ်ငြိမ်သက်အလေးပြုမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net