ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို ဇူလိုင္လ (၁၀)ရက္အတြင္း တာခ်ီလိတ္သို႔ (၁၃၈)ဦး လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို ဇူလိုင္လ (၁၀)ရက္အတြင္း တာခ်ီလိတ္သို႔ (၁၃၈)ဦး လႊဲေျပာင္းလာ
ဇူလိုင် 10, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔မွ (၁၀)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာတြင္ စုစုေပါင္း (၁၃၈)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းဘက္က လာေရာက္လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔က (၁၁)ဦး၊ ဇူလိုင္လ(၂)ရက္ေန႔က (၁၃)ဦးႏွင့္ ဇူလိုင္လ(၃)ရက္ေန႔တြင္ (၂၅)ဦး၊ ဇူလိုင္လ (၅) ရက္ေန႔တြင္ (၃) ဦး ႏွင့္  ဇူလိုင္လ (၈) ရက္ေန႔တြင္ (၄၆)ဦး  ႏွင့္ ယေန႔ ဇူလိုင္လ(၁၀)ရက္ေန႔တြင္ (၄၀)ဦး အပါအ၀င္ျဖစ္ရာ စုစုေပါင္း (၁၃၈) ဦးရိွေၾကာင္း သိရသည္။

ယေန႔ ဇူလိုင္လ(၁၀)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားတြင္ ကယားျပည္နယ္မွ (၂)ဦး၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)မွ (၃)ဦး၊ ရွမ္းျပည္နယ္ (ေတာင္ပို္င္း)မွ (၂၀)ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)မွ (၁၂)ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ (၂)ဦး ႏွင့္ တနသာၤရီတိုင္းေဒသႀကီးမွ (၁)ဦး တြင္ အမ်ဳိးသား(၂၇)ဦး ႏွင့္ အမ်ုိးသမီး(၁၃)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ (၄၀)ဦးတြင္ တာခ်ီလိတ္မွ တဆင့္ ထိုင္းႏုိင္ငံအတြင္းသို႔ တရားမ၀င္သြားေရာက္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူ (၁၁)ဦး၊ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင္း ဖမ္းဆီးခံရသူ (၁၅)ဦး ႏွင့္ ရက္ေက်ာ္ေနထိုင္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူ (၁၄)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

"အခုလို လူလႊဲလာတဲ့အခ်ိန္တိုင္း ကြ်န္ေတာ္တို႔အေနနဲ႔ကေတာ့ အဓိက ထားၿပီး စစ္တာက သူတို႔ေတြထဲမွာ ျမန္မာႏိုင္ငံသား မဟုတ္တဲ့သူေတြ မပါလာေရးအတြက္ အဓိက စစ္ပါတယ္၊ တကယ္လို႔ အဲ့လို စိစစ္လက္ခံတဲ့အခါမွာ ျမန္မာႏုိင္ငံသား မဟုတ္သူေတြ ပါလာရင္ ခ်က္ျခင္းပဲ ထိုင္းဘက္ကို ျပန္လႊဲေပးေလ့ရွိပါတယ္ခင္ဗ်"ဟု လူလႊဲေျပာင္းလက္ခံေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများအား အရေးယူပြီးနောက် တာချီလိတ်သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၁၀)ရက်နေ့အထိ လွှဲပြောင်းပေးလာရာတွင် စုစုပေါင်း (၁၃၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာရာတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က (၁၁)ဦး၊ ဇူလိုင်လ(၂)ရက်နေ့က (၁၃)ဦးနှင့် ဇူလိုင်လ(၃)ရက်နေ့တွင် (၂၅)ဦး၊ ဇူလိုင်လ (၅) ရက်နေ့တွင် (၃) ဦး နှင့် ဇူလိုင်လ (၈) ရက်နေ့တွင် (၄၆)ဦး နှင့် ယနေ့ ဇူလိုင်လ(၁၀)ရက်နေ့တွင် (၄၀)ဦး အပါအဝင်ဖြစ်ရာ စုစုပေါင်း (၁၃၈) ဦးရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၀)ရက်နေ့တွင် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများတွင် ကယားပြည်နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ (၃)ဦး၊ ရှမ်းပြည်နယ် (တောင်ပို်င်း)မှ (၂၀)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ (၁၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး နှင့် တနသာငြီ်တိုင်းဒေသကြီးမှ (၁)ဦး တွင် အမျိုးသား(၂၇)ဦး နှင့် အမျိုးသမီး(၁၃)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၄၀)ဦးတွင် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၁၁)ဦး၊ နယ်မြေကျော်သွားရောက်ခြင်းကြောင်း ဖမ်းဆီးခံရသူ (၁၅)ဦး နှင့် ရက်ကျော်နေထိုင်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦးတို့ ပါဝင်ကြောင်း သိရသည်။

"အခုလို လူလွှဲလာတဲ့အချိန်တိုင်း ကျွန်တော်တို့အနေနဲ့ကတော့ အဓိက ထားပြီး စစ်တာက သူတို့တွေထဲမှာ မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေ မပါလာရေးအတွက် အဓိက စစ်ပါတယ်၊ တကယ်လို့ အဲ့လို စိစစ်လက်ခံတဲ့အခါမှာ မြန်မာနိုင်ငံသား မဟုတ်သူတွေ ပါလာရင် ချက်ခြင်းပဲ ထိုင်းဘက်ကို ပြန်လွှဲပေးလေ့ရှိပါတယ်ခင်ဗျ"ဟု လူလွှဲပြောင်းလက်ခံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net