တာချီလိတ်မြို့နယ်တွင်းရှိ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် သစ်ပင်အမျိုးအစား (၄)မျိုး ပါဝင်သည့် အပင်ပေါင်း (၆၀၀)ကို စုပေါင်းစိုက်ပျိုး

တာချီလိတ်မြို့နယ်တွင်းရှိ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် သစ်ပင်အမျိုးအစား (၄)မျိုး ပါဝင်သည့် အပင်ပေါင်း (၆၀၀)ကို စုပေါင်းစိုက်ပျိုး
ဇူလိုငျ 6, 2019
By Tachileik News Agency


ယခင်က ဌာနဆိုင်ရာများက တစ်နှစ်တစ်ကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း လုပ်ဆောင်နေရာမှ ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ် (၂)ကြိမ် လူထုပါဝင်ပြီး သစ်ပင်စိုက်ပျိုးခြင်းကို အကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် အပင်ပေါင်း (၇၀,၀၀၀)ကို နှစ်ကြိမ်ခွဲ၍ စိုက်ပျိုးနေခြင်းဖြစ်သည်။

အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်နယ်မြေအတွင်း သစ်ပင်စိုက်ပျိုးခြင်းအား တာချီလိတ် အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် နယ်ခြားစောင့်တပ် (၁၀၀၉) မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးပေါ်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာနေပြည်သူများ၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အစိုးရက သစ်တောပြုန်းတီးမှုများအတွက် အစားထိုးစိုက်ပျိုးမှုအဖြစ် လူထုပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ၂၀၁၉ ခုနှစ် မိုးရာသီမှစ၍ အကောင်အထည်ဖော်နေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်နယ်မြေတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်နေ နံနက်က သစ်ပင်အမျိုးအစား (၄)မျိုး ပါဝင်သည့် အပင်ပေါင်း (၆၀၀)ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ယခင်က ဌာနဆိုင်ရာများက တစ်နှစ်တစ်ကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း လုပ်ဆောင်နေရာမှ ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ် (၂)ကြိမ် လူထုပါဝင်ပြီး သစ်ပင်စိုက်ပျိုးခြင်းကို အကောင်အထည်ဖော်နခြေင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် အပင်ပေါင်း (၇၀,ဝဝဝ)ကို နှစ်ကြိမ်ခွဲ၍ စိုက်ပျိုးနခြေင်းဖြစ်သည်။

အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်နယ်မြေအတွင်း သစ်ပင်စိုက်ပျိုးခြင်းအား တာချီလိတ် အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် နယ်ခြားစောင့်တပ် (၁၀၀၉) မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးပေါ်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာနပြေည်သူများ၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုရေးအသင်းအဖွဲ့များသို့ ပျိုးပင်များပေးအပ်ခြင်း၊ တာချီလိတ်အခြေချစစ်ဗျူဟာမှူးက အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများသို့ ပျိုးပင်များပေးအပ်ခြင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များပေးအပ်ခြင်းနှင့် တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက နိုင်ငံရေးပါတီများသို့ ပျိုးပင်များပေးအပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း နှင့် ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်မြို့နယ်အတွင်း နေရာပေါင်း (၄)နေရာတွင် အပင်ပေါင်း (၄၄၅၀)ကို တစ်ပြိုင်နက်တည်း စိုက်ပျိုးကြကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net