ေတာင္ႀကီး - က်ဳိင္းတံုသြားလမ္းေပၚ မိုင္းပ်ဥ္းၿမိဳ႕အထြက္တြင္ ယာဥ္တစ္စီးအရွိန္လြန္ တိမ္းေမွာက္ရာမွ ယာဥ္ေမာင္းဒဏ္ရာရ

ေတာင္ႀကီး - က်ဳိင္းတံုသြားလမ္းေပၚ မိုင္းပ်ဥ္းၿမိဳ႕အထြက္တြင္ ယာဥ္တစ္စီးအရွိန္လြန္ တိမ္းေမွာက္ရာမွ ယာဥ္ေမာင္းဒဏ္ရာရ
ဇွန် 9, 2019
By Tachileik News Agency

ေတာင္ႀကီး - က်ဳိင္းတံုသြားလမ္းေပၚ မိုင္းပ်ဥ္းၿမိဳ႕အထြက္ (၃)မိုင္၀န္းက်င္အကြာ မိုင္တိုင္ (၅၃၃) ႏွင့္ မိုင္တိုင္ (၅၃၄)အၾကားတြင္ ယာဥ္တစ္စီးအရွိန္မထိန္းႏုိင္ဘဲ ေခ်ာင္းအတြင္းသို႔ တိမ္းေမွာက္သြားမႈ ၂၀၁၉ခုႏွစ္ ဇြန္လ(၉)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္က ျဖစ္ပြား၍ ယာဥ္ေမာင္းမွာ ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားရာေနရာသို႔ မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးျမင့္ေသာင္းႏွင့္ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးရာတြင္ ေတာင္ႀကီး မွ က်ဳိင္းတံုသို႔ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ မင္းရန္ေအာင္ ေမာင္းလာေသာ Suzuki Carry အမ်ဳိးအစား ေမာ္ေတာ္ယာဥ္သည္ မိုင္းပ်ဥ္းၿမိဳ႕အထြက္ (၃)မိုင္၀န္းက်င္အကြာ မိုင္တိုင္ (၅၃၃) ႏွင့္ မိုင္တိုင္ (၅၃၄)အၾကားလမ္း၏ ယာဘက္ေပ(၃၀)ခန္႔နက္သည့္ ေခ်ာင္းအတြင္းသို႔ တိမ္းေမွာက္ခဲ့ရာမွ ယာဥ္ေမာင္းျဖစ္သူမွာ ၀ဲပါးရိုးဖူးေရာင္ဒဏ္ရာ(၁)ခ်က္၊ ၀ဲဦးေခါင္းဂ်ဳိေစာင္းဖူးေရာင္ဒဏ္ရာ၊ ၀ဲနားထင္ေအာက္ပြန္းျခစ္ဒဏ္ရာ၊ ယာလက္ပြန္းျခစ္ဒဏ္ရာ(၁)ခ်က္တို႔ရရွိထားေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ေရွ႕ေလကာမွန္ကြဲကာ ေရွ႕ယာဘက္ဦးေခါင္းပိန္ခ်ဳိင့္မႈသာျဖစ္ေပၚခဲ့ေၾကာင္းႏွင့္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းအား မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ျဖင့္ အမႈဖြင့္ထားရွိေၾကာင္းႏွင့္ ဒဏ္ရာရ ယာဥ္ေမာင္းအား မိုင္းပ်ဥ္းေဆးရံုမွ တဆင့္ က်ဳိင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တောင်ကြီး - ကျိုင်းတုံသွားလမ်းပေါ် မိုင်းပျဉ်းမြို့အထွက် (၃)မိုင်ဝန်းကျင်အကွာ မိုင်တိုင် (၅၃၃) နှင့် မိုင်တိုင် (၅၃၄)အကြားတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းသို့ တိမ်းမှောက်သွားမှု ၂၀၁၉ခုနှစ် ဇွန်လ(၉)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က ဖြစ်ပွား၍ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ မိုင်းပျဉ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်သောင်းနှင့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာတွင် တောင်ကြီး မှ ကျိုင်းတုံသို့ အသက်(၃၅)နှစ်ဝန်းကျင်ရှိ မင်းရန်အောင် မောင်းလာသော Suzuki Carry အမျိုးအစား မော်တော်ယာဉ်သည် မိုင်းပျဉ်းမြို့အထွက် (၃)မိုင်ဝန်းကျင်အကွာ မိုင်တိုင် (၅၃၃) နှင့် မိုင်တိုင် (၅၃၄)အကြားလမ်း၏ ယာဘက်ပေ(၃၀)ခန့်နက်သည့် ချောင်းအတွင်းသို့ တိမ်းမှောက်ခဲ့ရာမှ ယာဉ်မောင်းဖြစ်သူမှာ ဝဲပါးရိုးဖူးရောင်ဒဏ်ရာ(၁)ချက်၊ ဝဲဦးခေါင်းဂျိုစောင်းဖူးရောင်ဒဏ်ရာ၊ ဝဲနားထင်အောက်ပွန်းခြစ်ဒဏ်ရာ၊ ယာလက်ပွန်းခြစ်ဒဏ်ရာ(၁)ချက်တို့ရရှိထားသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲကာ ရှေ့ယာဘက်ဦးခေါင်းပိန်ချိုင့်မှုသာဖြစ်ပေါ်ခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား မိုင်းပျဉ်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ဖြင့် အမှုဖွင့်ထားရှိကြောင်းနှင့် ဒဏ်ရာရ ယာဉ်မောင်းအား မိုင်းပျဉ်းဆေးရုံမှ တဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net