တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႕က အလိုရိွေနသူအား ဝင္ေရာက္ဖမ္းဆီးရာမွ စိတ္ၾကြေဆးျပား (၅၀၀)ေက်ာ္ႏွင့္ လူငယ္ (၄)ဦးကိုပါ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႕က အလိုရိွေနသူအား ဝင္ေရာက္ဖမ္းဆီးရာမွ စိတ္ၾကြေဆးျပား (၅၀၀)ေက်ာ္ႏွင့္ လူငယ္ (၄)ဦးကိုပါ ဖမ္းဆီးရမိ
ဇွန် 21, 2019
By 🌸
ျမန္မာ-ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဓါးခုတ္မႈျဖင့္ ရဲတပ္ဖြဲ႕ကအလိုရိွေနသူ တိမ္းေရွာင္ေနသည့္ေနရာအား ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁)ရက္ေန႔တြင္ ဝင္ေရာက္ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ကအလိုရိွေနသူအျပင္ ေနာက္ထပ္လူငယ္ (၄)ဦးကို စိတ္ၾကြရူးသြပ္ေဆးျပား (၅၁၀)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

"စခန္းက (ပ) နံပတ္တစ္ခုနဲ႔အလိုရိွတဲ့တရားခံ ၀င္ရွာတာပါ။ ၀င္ရွာေတာ့ ေနာက္ထပ္လူ (၄) ေယာက္နဲ႔ မူးယစ္ေဆးျပားေတြေတြ႕တာေပါ့။ (ပ)၁၈၈/၂၀၁၉ နဲ႔အလိုရိွေနတဲ့သူေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ရဲအရာခံေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃) ရက္ေန႔ ညပိုင္းတြင္ ဓားခုတ္မႈျဖစ္ပြားၿပီး လူငယ္တစ္ဦး လက္ေကာက္ဝတ္ျပတ္ရွဒဏ္ရာရသြားမႈႏွင့္ပတ္သက္၍ ့္ ဓားျဖင့္ခုတ္သူ သန္းထိုက္ဦး(ခ)အငယ္ေကာင္ကို ဧၿပီလ (၅) ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၁၈၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ (၃၂၄) မွ ၃၂၆ သို႔ေျပာင္းလဲဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သန္းထိုက္ဦး(ခ)အငယ္ေကာင္ ပုန္းေအာင္းေနသည္ဟု သတင္းရရိွသည့္ ဆန္ဆိုင္း(ခ) ရပ္ကြက္၊ သရဖီလမ္းရိွ (၂) ထပ္ေနအိမ္အခန္းငွားအေဆာင္ရိွ အခန္းအမွတ္ (၂) ကို၀င္ေရာက္ရွာေဖြရာ သန္းထိုက္ဦး(ခ)အငယ္ေကာင္ႏွင့္အတူ စိုင္းဆိုင္လိန္း၊ ထက္ဝင္း၊ ခ်စ္ေအာင္ႏွင့္ ေသာ္ဇင္ထြန္း (ခ) အိုက္ေရႊတို႔ကို ေတြ႕ရိွခဲ့ရၿပီး ေနအိမ္ခန္း အိမ္သာခြက္အတြင္းမွ WY စာတမ္းပါ အစိမ္းေဖ်ာ့ေရာင္ စိတ္ၾကြေဆးျပား (၂၉၀) ျပား၊ ေနအိမ္အိပ္ခန္းအတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား (၂၁၀) ျပားႏွင့္ WY စာတမ္းပါ နီညိဳေရာင္စိတ္ၾကြေဆးျပား (၁၀) ျပား၊ စုစုေပါင္း စိတ္ၾကြေဆးျပား (၅၁၀) ျပားတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္းသိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ဖမ္းဆီးရမိသည့္ သန္းထိုက္ဦး(ခ)အငယ္ေကာင္၊ စိုင္းဆိုင္လိန္း၊ ထက္၀င္း၊ ခ်စ္ေအာင္ႏွင့္ ေသာ္ဇင္ထြန္း(ခ)အိုက္ေရႊတို႔ကို တာခ်ီလိတ္ၿမို႕မရဲစခန္းမွ မယ(ယ)၈၅/၂၀၁၉၊မူး/စိတ္ပုဒ္မ ၁၉(က)/၂၁(က)တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ရဲတပ်ဖွဲ့က အလိုရှိနေသူအား ဝင်ရောက်ဖမ်းဆီးရာမှ စိတ်ကြွဆေးပြား (၅၀၀)ကျော်နှင့် လူငယ် (၄)ဦးကိုပါ ဖမ်းဆီးရမိ
*****************
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဓါးခုတ်မှုဖြင့် ရဲတပ်ဖွဲ့ကအလိုရှိနေသူ တိမ်းရှောင်နေသည့်နေရာအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ကအလိုရှိနေသူအပြင် နောက်ထပ်လူငယ် (၄)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၅၁၀)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

"စခန်းက (ပ) နံပတ်တစ်ခုနဲ့အလိုရှိတဲ့တရားခံ ၀င်ရှာတာပါ။ ၀င်ရှာတော့ နောက်ထပ်လူ (၄) ယောက်နဲ့ မူးယစ်ဆေးပြားတွေတွေ့တာပေါ့။ (ပ)၁၈၈/၂၀၁၉ နဲ့အလိုရှိနေတဲ့သူပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအရာခံကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ ညပိုင်းတွင် ဓားခုတ်မှုဖြစ်ပွားပြီး လူငယ်တစ်ဦး လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာရသွားမှုနှင့်ပတ်သက်၍ ့် ဓားဖြင့်ခုတ်သူ သန်းထိုက်ဦး(ခ)အငယ်ကောင်ကို ဧပြီလ (၅) ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်း၌ (ပ)၁၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ (၃၂၄) မှ ၃၂၆ သို့ပြောင်းလဲဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သန်းထိုက်ဦး(ခ)အငယ်ကောင် ပုန်းအောင်းနေသည်ဟု သတင်းရရှိသည့် ဆန်ဆိုင်း(ခ) ရပ်ကွက်၊ သရဖီလမ်းရှိ (၂) ထပ်နေအိမ်အခန်းငှားအဆောင်ရှိ အခန်းအမှတ် (၂) ကိုဝင်ရောက်ရှာဖွေရာ သန်းထိုက်ဦး(ခ)အငယ်ကောင်နှင့်အတူ စိုင်းဆိုင်လိန်း၊ ထက်ဝင်း၊ ချစ်အောင်နှင့် သော်ဇင်ထွန်း (ခ) အိုက်ရွှေတို့ကို တွေ့ရှိခဲ့ရပြီး နေအိမ်ခန်း အိမ်သာခွက်အတွင်းမှ WY စာတမ်းပါ အစိမ်းဖျော့ရောင် စိတ်ကြွဆေးပြား (၂၉၀) ပြား၊ နေအိမ်အိပ်ခန်းအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၂၁၀) ပြားနှင့် WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၁၀) ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား (၅၁၀) ပြားတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိသည့် သန်းထိုက်ဦး(ခ)အငယ်ကောင်၊ စိုင်းဆိုင်လိန်း၊ ထက်ဝင်း၊ ချစ်အောင်နှင့် သော်ဇင်ထွန်း(ခ)အိုက်ရွှေတို့ကို တာချီလိတ်မြို့မရဲစခန်းမှ မယ(ယ)၈၅/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၉(က)/၂၁(က)တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net