တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ သတၱဳတူးေဖၚေရးကုမၸဏီဝန္းတစ္ခုအတြင္းမွ မူးယစ္ေဆးထုတ္သည့္စက္ႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ သတၱဳတူးေဖၚေရးကုမၸဏီဝန္းတစ္ခုအတြင္းမွ မူးယစ္ေဆးထုတ္သည့္စက္ႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းမိ
ဇွန် 24, 2019
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၊ လက္နက္ခဲယမ္းမ်ားဖမ္းမိသည့္ေနအိမ္ပိုင္ရွင္၏ သတၱဳတူးေဖၚေရးကုမၸဏီလုပ္ငန္းဝန္းအတြင္းမွ လက္နက္ခဲယမ္းမ်ားႏွင့္ မူးယစ္ေဆးထုတ္လုပ္သည့္စက္ပစၥည္းမ်ားကို ထပ္မံဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ိဳးစံုဖမ္းဆီးရမိထားသည့္ ေဆခမ္းရပ္ကြက္ရိွ ေနအိမ္ပိုင္ရွင္ ပီႏုိင္(ခ)ညီညီႏုိင္၏ ႏုိင္ရတနာေရႊႀတိဂံကုမၸဏီလီမိတက္ တည္ရိွရာ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းလင္း(အေရွ႕)ေက်းရြာအုပ္စု၊မိုင္းလင္းဘုန္းႀကီးေက်ာင္းသြားလမ္းေဘးရိွ ၿခံဝန္းအတြင္း ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔က မူးယစ္တပ္ဖြဲ႕စု(၃၀)ႏွင့္သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးရာ လူတစ္ဦးတစ္ေယာက္မွ မေတြ႔ရဘဲ အဆိုပါဝန္းအတြင္းရိွ (၁၀)ခန္းတြဲတုိက္တန္းလ်ားအတြင္းမွ စိတ္ၾကြေဆးျပားထုတ္လုပ္သည့္စက္ (၁)လံုး၊ စတီးကန္ေတာ့(၁)ခု၊ သတၱဳဗန္း (၃)ခု၊ တစ္ထပ္တုိက္တစ္လံုးအတြင္းမွ ဂ်ာမနီႏုိင္ငံလုပ္ ပိြဳင့္ ၂၂ ေသနတ္တစ္လက္၊ RPJ တစ္လက္၊ M 22 က်ည္ (၁၀၀)ေတာင့္၊ ပိြဳင့္ ၂၂ က်ည္ (၃၀)ေတာင့္၊ M 22 က်ည္ေဘာက္တစ္ခု၊ M 16 က်ည္ေဘာက္တစ္ခုတုိ႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ကုမၸဏီဝန္းအတြင္းရိွ ဘက္ဟိုးယာဥ္(၁)စီး၊ CIUGONG လုတ္တာယာဥ္ (၁)စီး၊ (၁၂)ဘီးယာဥ္ (၁)စီး၊ (၆)ဘီးယာဥ္ (၁)စီးႏွင့္ YAMAHA 250 R အမ်ိဳးအစား ခဲ/ျပာေရာင္ ဆုိင္ကယ္(၁)စီးတုိ႔ကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိထားသည့္ ေနအိမ္ႏွင့္ ကုမၸဏီပိုင္ရွင္ျဖစ္သူ ပီႏုိင္(ခ) ညီညီႏုိင္မွာ လြတ္ေျမာက္ေနဆဲျဖစ္ၿပီး ဖမ္းဆီးရမိမႈမ်ားမွ ဆက္လက္စစ္ေဆးေဖၚထုတ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်းရှိ သတ္တုတူးဖေါ်ရေးကုမ္ပဏီဝန်းတစ်ခုအတွင်းမှ မူးယစ်ဆေးထုတ်သည့်စက်များနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ
**************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေး၊ လက်နက်ခဲယမ်းများဖမ်းမိသည့်နေအိမ်ပိုင်ရှင်၏ သတ္တုတူးဖေါ်ရေးကုမ္ပဏီလုပ်ငန်းဝန်းအတွင်းမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးထုတ်လုပ်သည့်စက်ပစ္စည်းများကို ထပ်မံဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းမျိုးစုံဖမ်းဆီးရမိထားသည့် ဆေခမ်းရပ်ကွက်ရှိ နေအိမ်ပိုင်ရှင် ပီနိုင်(ခ)ညီညီနိုင်၏ နိုင်ရတနာရွှေတြိဂံကုမ္ပဏီလီမိတက် တည်ရှိရာ တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊မိုင်းလင်းဘုန်းကြီးကျောင်းသွားလမ်းဘေးရှိ ခြံဝန်းအတွင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၃၀)နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ လူတစ်ဦးတစ်ယောက်မှ မတွေ့ရဘဲ အဆိုပါဝန်းအတွင်းရှိ (၁၀)ခန်းတွဲတိုက်တန်းလျားအတွင်းမှ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စက် (၁)လုံး၊ စတီးကန်တော့(၁)ခု၊ သတ္တုဗန်း (၃)ခု၊ တစ်ထပ်တိုက်တစ်လုံးအတွင်းမှ ဂျာမနီနိုင်ငံလုပ် ပွိုင့် ၂၂ သေနတ်တစ်လက်၊ RPJ တစ်လက်၊ M 22 ကျည် (၁၀၀)တောင့်၊ ပွိုင့် ၂၂ ကျည် (၃၀)တောင့်၊ M 22 ကျည်ဘောက်တစ်ခု၊ M 16 ကျည်ဘောက်တစ်ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ကုမ္ပဏီဝန်းအတွင်းရှိ ဘက်ဟိုးယာဉ်(၁)စီး၊ CIUGONG လုတ်တာယာဉ် (၁)စီး၊ (၁၂)ဘီးယာဉ် (၁)စီး၊ (၆)ဘီးယာဉ် (၁)စီးနှင့် YAMAHA 250 R အမျိုးအစား ခဲ/ပြာရောင် ဆိုင်ကယ်(၁)စီးတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများဖမ်းဆီးရမိထားသည့် နေအိမ်နှင့် ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ပီနိုင်(ခ) ညီညီနိုင်မှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိမှုများမှ ဆက်လက်စစ်ဆေးဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net