မေလးရွားသို႔ ခိုးဝင္မည့္ ျမန္မာေရႊ႕ေျပာငး္လုပ္သား (၃၅)ဦးႏွင့္ ဦးေဆာင္သူတစ္ဦးတုိ႔ကို ထုိ္င္းႏုိင္ငံတြင္ ဖမ္းမိ

မေလးရွားသို႔ ခိုးဝင္မည့္ ျမန္မာေရႊ႕ေျပာငး္လုပ္သား (၃၅)ဦးႏွင့္ ဦးေဆာင္သူတစ္ဦးတုိ႔ကို ထုိ္င္းႏုိင္ငံတြင္ ဖမ္းမိ
ဇွန် 20, 2019
By 🌸
ထိုင္းႏုိင္ငံ၊ ဆုန္ခလရိွ ဆီအုန္းစိုက္ခင္းတစ္ခုတြင္ မေလးရွားသြားရန္ေစာင့္ဆုိင္းေနသည့္ တရားမဝင္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၃၅)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၉)ရက္ေန႔ ညပိုင္းတြင္ ထုိင္းရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

အမ်ိဳးသား(၂၁)ဦးႏွင့္ အမ်ိဳးသမီး (၁၄)ဦးပါဝင္သည့္အဖြဲ႕က ဆီအုန္းၿခံတြင္ ပုန္းေအာင္းေစာင့္ဆုိင္းေနၾကသည္ကို ကင္းလွည့္သည့္ ရဲတပ္ဖြဲ႕က ည(၈)နာရီဝန္းက်င္၌ ဖမ္းမိျခင္းျဖစ္ၿပီး အဖြဲ႕ကိုဦးေဆာင္သည့္အမ်ိဳးသားကိုလည္း ထပ္မံဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား မေလးရွားႏုိင္ငံသို႔ ထုိင္းနယ္စပ္မွတစ္ဆင့္ ပို႔ေဆာင္ေပးရာတြင္ ထုိင္းႏုိင္ငံတြင္း ဘန္ခလန္၊ ဟတ္ယုိင္၊ ရက္တဖြမ္ႏွင့္ ဆဒိြဳင္ေဒသမ်ားမွတစ္ဆင့္ ပို႔ေဆာင္သည့္လမ္းေၾကာင္းကို အသံုးမ်ားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသားအမ်ားစုသည္ မေလးရွားႏုိင္ငံ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေလ့ရိွၾကေၾကာင္း  သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့ ခိုးဝင်မည့် မြန်မာရွှေ့ပြောငး်လုပ်သား (၃၅)ဦးနှင့် ဦးဆောင်သူတစ်ဦးတို့ကို ထို်င်းနိုင်ငံတွင် ဖမ်းမိ
**************
ထိုင်းနိုင်ငံ၊ ဆုန်ခလရှိ ဆီအုန်းစိုက်ခင်းတစ်ခုတွင် မလေးရှားသွားရန်စောင့်ဆိုင်းနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၃၅)ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အမျိုးသား(၂၁)ဦးနှင့် အမျိုးသမီး (၁၄)ဦးပါဝင်သည့်အဖွဲ့က ဆီအုန်းခြံတွင် ပုန်းအောင်းစောင့်ဆိုင်းနေကြသည်ကို ကင်းလှည့်သည့် ရဲတပ်ဖွဲ့က ည(၈)နာရီဝန်းကျင်၌ ဖမ်းမိခြင်းဖြစ်ပြီး အဖွဲ့ကိုဦးဆောင်သည့်အမျိုးသားကိုလည်း ထပ်မံဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအား မလေးရှားနိုင်ငံသို့ ထိုင်းနယ်စပ်မှတစ်ဆင့် ပို့ဆောင်ပေးရာတွင် ထိုင်းနိုင်ငံတွင်း ဘန်ခလန်၊ ဟတ်ယိုင်၊ ရက်တဖွမ်နှင့် ဆဒွိုင်ဒေသများမှတစ်ဆင့် ပို့ဆောင်သည့်လမ်းကြောင်းကို အသုံးများကြောင်း သိရသည်။

မြန်မာနိုင်ငံသားအများစုသည် မလေးရှားနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြကြောင်း  သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net