မေလးရွားသို႔နယ္စပ္မွ ခိုးဝင္ရန္ ထုိင္းႏိုင္ငံေတာထဲပုန္းေနသည့္ ျမန္မာႏုိင္ငံသား (၁၈)ဦး ဖမ္းဆီးခံရ

မေလးရွားသို႔နယ္စပ္မွ ခိုးဝင္ရန္ ထုိင္းႏိုင္ငံေတာထဲပုန္းေနသည့္ ျမန္မာႏုိင္ငံသား (၁၈)ဦး ဖမ္းဆီးခံရ
ဇွန် 15, 2019
By 🌸
မေလးရွားႏုိင္ငံသို႔ နယ္စပ္မွခိုးဝင္ရန္အတြက္ ထိုင္းႏိုင္ငံ ေတာထဲပုန္းေအာင္းေနသည့္ ျမန္မာႏိုင္ငံသား (၁၈)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၄)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား (၁၆)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးပါဝင္သည့္အဖြဲ႕သည္ ဆုန္ခလေဒသရိွ သစ္ေတာအတြင္း ပုန္းေအာင္းကာ မေလးရွားသို႔ ပို႔ေဆာင္ေပးမည့္သူကို ေစာင့္ဆုိင္းေနစဥ္ ဖမ္းခံရျခင္းျဖစ္ေၾကာင္း သိရသည္။

လမ္းမႀကီးႏွင့္ (၂)ကီလိုမီတာအကြာရိွ ေတာထဲတြင္ (၄)ရက္ၾကာ ပုန္းေအာင္းေနစဥ္အတြင္း အဆိုပါ ျမန္မာႏုိင္ငံသားမ်ားမွာ စားစရာမရိွသျဖင့္ ငွက္ေပ်ာအူႏွင့္ ေခ်ာင္းေရကိုေသာက္ကာ ေနထုိင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

မေလးရွားသို႔ခိုးဝင္မည့္ ျမန္မာႏုိင္ငံသားမ်ားကို ထုိင္းနုိင္ငံဘက္ျခမ္းတြင္ တာဝန္ယူေပးေနသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးကိုလည္း ထပ္မံဖမ္းဆီးရမိထားၿပီး မေလးရွားေအးဂ်င့္က  ျမန္မာလုပ္သားမ်ားကို လာမေခၚမီေကၽြးထားရန္ စားစရိတ္မေပးသျဖင့္ ပုန္းေအာင္းရာသို႔ စားနပ္ရိကၡာပံ့ပိုးေပးျခင္းမျပဳဘဲ ထားခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

မေလးရွားေအးဂ်င့္ လာေရာက္ေခၚေဆာင္မည္ကို ေတာထဲမွ ေစာင့္ဆုိင္းေနခဲ့သည့္ ျမန္မာလုပ္သား (၁၈)ဦးသည္ ပုန္းေအာင္းေနစဥ္ကာလအတြင္း ေတာထဲတြင္ ရသမွ်ကိုရွာေဖြစားေသာက္ေနခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့နယ်စပ်မှ ခိုးဝင်ရန် ထိုင်းနိုင်ငံတောထဲပုန်းနေသည့် မြန်မာနိုင်ငံသား (၁၈)ဦး ဖမ်းဆီးခံရ
**************
မလေးရှားနိုင်ငံသို့ နယ်စပ်မှခိုးဝင်ရန်အတွက် ထိုင်းနိုင်ငံ တောထဲပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား (၁၈)ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး(၂)ဦးပါဝင်သည့်အဖွဲ့သည် ဆုန်ခလဒေသရှိ သစ်တောအတွင်း ပုန်းအောင်းကာ မလေးရှားသို့ ပို့ဆောင်ပေးမည့်သူကို စောင့်ဆိုင်းနေစဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

လမ်းမကြီးနှင့် (၂)ကီလိုမီတာအကွာရှိ တောထဲတွင် (၄)ရက်ကြာ ပုန်းအောင်းနေစဉ်အတွင်း အဆိုပါ မြန်မာနိုင်ငံသားများမှာ စားစရာမရှိသဖြင့် ငှက်ပျောအူနှင့် ချောင်းရေကိုသောက်ကာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားသို့ခိုးဝင်မည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် တာဝန်ယူပေးနေသည့် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိထားပြီး မလေးရှားအေးဂျင့်က  မြန်မာလုပ်သားများကို လာမခေါ်မီကျွေးထားရန် စားစရိတ်မပေးသဖြင့် ပုန်းအောင်းရာသို့ စားနပ်ရိက္ခာပံ့ပိုးပေးခြင်းမပြုဘဲ ထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

မလေးရှားအေးဂျင့် လာရောက်ခေါ်ဆောင်မည်ကို တောထဲမှ စောင့်ဆိုင်းနေခဲ့သည့် မြန်မာလုပ်သား (၁၈)ဦးသည် ပုန်းအောင်းနေစဉ်ကာလအတွင်း တောထဲတွင် ရသမျှကိုရှာဖွေစားသောက်နေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net