အျမန္လမ္းမႀကီးကို ျဖတ္ကူးစဥ္ ယာဥ္တုိက္ခံရၿပီး ေသဆံုးသြားသည့္ ဒုရဲအုပ္အား အျမန္လမ္းမႀကီးဥပေဒျဖင့္ အမႈဖြင့္

အျမန္လမ္းမႀကီးကို ျဖတ္ကူးစဥ္ ယာဥ္တုိက္ခံရၿပီး ေသဆံုးသြားသည့္ ဒုရဲအုပ္အား အျမန္လမ္းမႀကီးဥပေဒျဖင့္ အမႈဖြင့္
ဇွန် 10, 2019
By 🌸
ေနျပည္ေတာ္ - ရန္ကုန္အျမန္လမ္း မုိင္တုိင္ (၁၅၈)အနီးရိွ စမိုးရဲကင္းမွ ဒုရဲအုပ္တစ္ဦး ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၉)ရက္ေန႔ ည(၁၀)နာရီခြဲဝန္းက်င္က လမ္းျဖတ္ကူးစဥ္ ယာဥ္တုိက္မိ၍ ေနရာတြင္ေသဆံုးသြားသျဖင့္ အျမန္လမ္းမႀကီးဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း မိုင္တိုင္ (၁၅၈) အနီးရိွ စမိုးရဲကင္းမွ ဒုရဲအုပ္ထြန္းဝင္းသည္ လမ္းတစ္ဖက္ရိွ ထမင္းဆုိင္မွ ထမင္းစားၿပီး အျပန္လမ္း ျဖတ္ကူးလာစဥ္ ေနျပည္ေတာ္ဘက္မွ ရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း ခ်စ္ကိုကိုလြင္ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္က ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွဴးရံုးက သတင္းထုတ္ျပန္သည္။

 အဆိုပါယာဥ္တုိက္မႈအား အျမန္လမ္းမႀကီးရဲတပ္ဖြဲ ့ ဇီးပင္သာစခန္းမွတပ္ဖြဲ ့ဝင္မ်ားနွင့္ အေထာက္အကူျပဳ အဖြဲ ့မ်ားက ကူညီေဆာင္ရြက္ေပးထားၿပီး တာဝန္အပ အျမန္လမ္းမေပၚ ျဖတ္သန္းသြားလာသည့္ ဒုရဲအုပ္အား အျမန္လမ္းမႀကီးဥပေဒျဖင့္ အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အျမန္လမ္းမႀကီးဥပေဒအရ အျမန္လမ္းမႀကီးေပၚတြင္ ေမာင္းႏွင္ခြင့္မျပဳသည့္ ေမာ္ေတာ္ယာဥ္၊ လွည္းႏွင့္ ျဖတ္သန္းသြားလာခြင့္မျပဳသည့္ လူ၊ တိရစၦာန္မ်ား ျဖတ္သန္းသြားလာျခင္း သို႔မဟုတ္ ရပ္နားျခင္းေၾကာင့္ လူႏွင့္ပစၥည္း ထိခိုက္မႈ သို႔မဟုတ္ ေသဆံုးမႈျဖစ္ေပၚပါက စည္းကမ္းလုိက္နာၿပီး ေမာင္းႏွင္သည့္ေမာ္ေတာ္ယာဥ္၏ ယာဥ္ေမာင္းတြင္ တာဝန္မရိွေစရဟု ျပဌာန္းထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွဴးရံုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အမြန်လမ်းမကြီးကို ဖြတ်ကူးစဉ် ယာဉ်တိုက်ခံရပြီး သေဆုံးသွားသည့် ဒုရဲအုပ်အား အမြန်လမ်းမကြီးဥပဒေဖြင့် အမှုဖွင့်
***************
နေပြည်တော် - ရန်ကုန်အမြန်လမ်း မိုင်တိုင် (၁၅၈)အနီးရှိ စမိုးရဲကင်းမှ ဒုရဲအုပ်တစ်ဦး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်က လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်မိ၍ နေရာတွင်သေဆုံးသွားသဖြင့် အမြန်လမ်းမကြီးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် (၁၅၈) အနီးရှိ စမိုးရဲကင်းမှ ဒုရဲအုပ်ထွန်းဝင်းသည် လမ်းတစ်ဖက်ရှိ ထမင်းဆိုင်မှ ထမင်းစားပြီး အပြန်လမ်း ဖြတ်ကူးလာစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ချစ်ကိုကိုလွင် မောင်းနှင်လာသည့် မော်တော်ယာဉ်က ဝင်တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

 အဆိုပါယာဉ်တိုက်မှုအား အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ ဇီးပင်သာစခန်းမှတပ်ဖွဲ ့ဝင်များနှင့် အထောက်အကူပြု အဖွဲ ့များက ကူညီဆောင်ရွက်ပေးထားပြီး တာဝန်အပ အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာသည့် ဒုရဲအုပ်အား အမြန်လမ်းမကြီးဥပဒေဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အမြန်လမ်းမကြီးဥပဒေအရ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့်မပြုသည့် လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်း သို့မဟုတ် ရပ်နားခြင်းကြောင့် လူနှင့်ပစ္စည်း ထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက စည်းကမ်းလိုက်နာပြီး မောင်းနှင်သည့်မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပြဌာန်းထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net