သီပေါမြို့နယ်တွင် မူးယစ်နှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးနေစဉ် မူးယစ်ဆေးသယ်လာသူနှစ်ဦးရောက်ရှိလာသဖြင့် ထပ်မံဖမ်းမိ

သီပေါမြို့နယ်တွင် မူးယစ်နှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးနေစဉ် မူးယစ်ဆေးသယ်လာသူနှစ်ဦးရောက်ရှိလာသဖြင့် ထပ်မံဖမ်းမိ
ဇှနျ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးနေစဉ် စိတ်ကြွဆေးပြားများနှင့်အတူရောက်ရှိလာသည့် အမျိုးသား(၂)ဦးကိုပါ အိမ်ရှင်နှင့်အတူဖမ်းမိပြီး စိတ်ကြွဆေးပြား၊ တူမီးသေနတ်၊ ခဲယမ်းများ ဖမ်းဆီးရမိထားကြောင်း သိရသည်။

သက်ဆိုင်ရာက ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျင်သီကျေးရွာရှိ စိုင်းတင်အေး၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ည (၈)နာရီဝန်းကျင်က ဝင်ရောက်ရှာဖွေရာ စိုင်းတင်အေး၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀)စီပါသည့်အထုပ်(၂)ထုပ်၊ အပြား (၂၀၀) စီပါသည့် အထုပ် (၁၇) ထုပ်၊ အပြား (၁၀၀) ပါသည့် အထုပ်(၁)ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၂၃,၅၀၀)ပြားနှင့်အတူ တူမီးသေနတ်တစ်လက်၊ ငါးမိုင်းခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာ (၃) ချောင်း၊ ယမ်းအုံ (၂) ခုတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။



သတင်း -  နေဖြိုးမြင့်
ဓါတ်ပုံ - စောမင်းကြူ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနေစဉ် စိတ်ကြွဆေးပြားများနှင့်အတူရောက်ရှိလာသည့် အမျိုးသား(၂)ဦးကိုပါ အိမ်ရှင်နှင့်အတူဖမ်းမိပြီး စိတ်ကြွဆေးပြား၊ တူမီးသေနတ်၊ ခဲယမ်းများ ဖမ်းဆီးရမိထားကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျင်သီကျေးရွာရှိ စိုင်းတင်အေး၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ည (၈)နာရီဝန်းကျင်က ဝင်ရောက်ရှာဖွေရာ စိုင်းတင်အေး၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀,ဝဝဝ)စီပါသည့်အထုပ်(၂)ထုပ်၊ အပြား (၂၀၀) စီပါသည့် အထုပ် (၁၇) ထုပ်၊ အပြား (၁၀၀) ပါသည့် အထုပ်(၁)ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၂၃,၅၀၀)ပြားနှင့်အတူ တူမီးသေနတ်တစ်လက်၊ ငါးမိုင်းခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာ (၃) ချောင်း၊ ယမ်းအုံ (၂) ခုတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်အား ရှာဖွေဖမ်းဆီးနေစဉ် မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာသည့် စိုင်းကျော်မိန်း နှင့်စိုင်းအိုက်လင်းတို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား (၂၀၀) ပြားပါ တစ်ထုပ်ကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းတင်အေး၊ စိုင်းကျော်မိန်းနှင့် စိုင်းအိုက်လင်းတို့ကို သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net