တာခ်ီလိတ္တြင္ ေလာင္းကစားဂိမ္းခံုဆိုင္ခန္းမွ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးကို ထိန္းသိမ္းစစ္ေဆးေန

တာခ်ီလိတ္တြင္ ေလာင္းကစားဂိမ္းခံုဆိုင္ခန္းမွ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးကို ထိန္းသိမ္းစစ္ေဆးေန
ဇွန် 10, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္းကစားဂိမ္းခံုဖြင့္လွစ္ထားသည့္ဆုိင္ခန္းအား ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၉)ရက္ေန႔ ည(၁၀)နာရီေက်ာ္တြင္ ဝင္ေရာက္ဖမ္းဆီးၿပီး ငါးဂိမ္းခံုစုစုေပါင္း (၆)ခံုႏွင့္အတူ အမ်ိဳးသား(၃)ဦး၊ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ထိန္းသိမ္းလုိက္သည္။

ဝမ္ေကာင္းရပ္ကြက္၊ ဘုရင့္ေနာင္ေစ်းအနီးရွိ ဆိုင္ခန္းတြင္  ဖြင့္လွစ္ထားသည့္ ေလာင္းကစားဂိမ္းခံုကို တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕က သက္ေသမ်ားနွင့္အတူ ဝင္ေရာက္ဖမ္းဆီးရာ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးကုိေတြ႔ရၿပီး ဆုိင္ခန္းအတြင္း ငါးဂိမ္းခံုအႀကီး (၁)ခံု၊ အေသး (၅)ခံုကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္သည္။

ဂိမ္းခံုဆုိင္ခန္းအတြင္းမွ အေၾကြေစ့မ်ားအပါအဝင္ စုစုေပါင္း ထိုင္းဘတ္ေငြ (၄၃၇၃၀)ဘတ္ကိုလည္း သိမ္းဆည္းထားေၾကာင္း သိရသည္။

ေလာင္းကစားဂိမ္းခံုမ်ားအား ရဲတပ္ဖြဲ႕က သိမ္းဆည္းလုိက္ၿပီး ဂိမ္းခံုဆိုင္ခန္းတြင္ေတြ႔ရသည့္ အသက္(၃၂)ႏွစ္အရြယ္ ရွင္းရွ၊ အသက္ (၁၉)ႏွစ္အရြယ္ ေဘဝင္းသိန္း၊ အသက္(၂၂)ႏွစ္အရြယ္ သူရေအာင္ႏွင့္ အသက္(၂၁)ႏွစ္အရြယ္ သီရိဦးတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁၃/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၆(က)/၁၇(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံဖွင့်လှစ်ထားသည့်ဆိုင်ခန်းအား ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ ည(၁၀)နာရီကျော်တွင် ဝင်ရောက်ဖမ်းဆီးပြီး ငါးဂိမ်းခုံစုစုပေါင်း (၆)ခုံနှင့်အတူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦးတို့ကို ထိန်းသိမ်းလိုက်သည်။

ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးအနီးရှိ ဆိုင်ခန်းတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဂိမ်းခုံကို တာချီလိတ်မြို့မရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၁)ဦးကိုတွေ့ရပြီး ဆိုင်ခန်းအတွင်း ငါးဂိမ်းခုံအကြီး (၁)ခုံ၊ အသေး (၅)ခုံကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

ဂိမ်းခုံဆိုင်ခန်းအတွင်းမှ အကြွေစေ့များအပါအဝင် စုစုပေါင်း ထိုင်းဘတ်ငွေ (၄၃၇၃၀)ဘတ်ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

လောင်းကစားဂိမ်းခုံများအား ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး ဂိမ်းခုံဆိုင်ခန်းတွင်တွေ့ရသည့် အသက်(၃၂)နှစ်အရွယ် ရှင်းရှ၊ အသက် (၁၉)နှစ်အရွယ် ဘေဝင်းသိန်း၊ အသက်(၂၂)နှစ်အရွယ် သူရအောင်နှင့် အသက်(၂၁)နှစ်အရွယ် သီရိဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၁၃/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net